တနေ့က စီးတီးမတ်ကို ဈေးဝယ်ထွက်ရင် အပြန်မှာ စီးတီးမတ် မှာ ငှားဖွင့်တဲ့ ဆိုင်တဆိုင်က မုန့် ကို ၀ယ်စားတယ်.. ဖြစ်ချင်တော့.. ဆိုင်က တူညီ ၀တ်စုံနဲ့ ၀န်ထမ်း နှစ်ယောက် ၀ယ်သူတွေ ဘက်ကို ကျောပေးပြီး ကွန်ပြူတာ ကို နှစ်ယောက်သား အလုအယက် ကြည့်နေကြတယ်။ ဒါနဲ့.. မုန့်ဝယ်မယ်လို့ ကျောပေးနေတဲ့ လူနှစ်ယောက် ကို အသံပေးလိုက်တယ်။ မုန့်ဝယ်မယ်လို့ အသံကြားတော့ လှည့်ကြည့်တော့.. မုန့်ကို လက်ညိုးထိုးပြလိုက်တယ်.. မုန့် ၃ခုလို့ ပြောလိုက်တော့ မုန့်ကို ဘူး တခုထဲ ထည့်ဖို့ ကြိုးစားတယ် စိတ်ကတော့ ကွန်ပြူတာ ဆီကို ရောက်နေတယ်.. စိတ်နဲ့ လူနဲ့ တခြားစီ ဖြစ်နေတယ်.. မုန့် ၂ခုဘဲ ဆန့်တဲ့ ဘူးထဲကို မုန့် ၃ခု ထပ်ထည့်ပြီး အပေါ်ကနေ မုန့်ထည့်တဲ့ ညှပ်ကြီးနဲ့ ဖိလိုက်တယ်.. ဒါနဲ့ လှမ်းပြီး.. သတိပေးလိုက်တယ်.. မုန့်တွေပြားကုန်မယ်…
မုန့်ထည့်ပေးတဲ့ ၀န်ထမ်းက.. ဘာလဲလို့ ဘိုလို မေးလိုက်တယ်..
မုန့်က မဆန့်ဘူး.. အဲဒီလို လက်ညိုးထိုးပြီး ပြောလိုက်တယ်..
မျက်နှာ အနေအထား.. အိုး…… ဆော်ရီးးးးးးးးးးးး…..
နောက်ထပ် ဘူး တခု ယူပြီး ထည့်လိုက်သည်။
ထို့နောက် ရေခဲမုန့် စားချင်တာနဲ့.. ရေခဲမုန့် ဘက်ကိုကြည့်လိုက်သည်.. ဒါလေးက ဘာလဲ ဗမာလိုမေးတော့.. စတော်ဘယ်ရီ.. ဘလူးဘယ်ရီ.. ဆိုပြီး ဖြေတယ်..
ဘယ်ဟာ ကောင်းမလဲ မသိဘူး ဆိုတော့.. ထရိုင်းကြည့်ပါလား.. တေ့စ် လုပ်ပြီး ကြိုက်တာ ၀ယ်ပါ.. 1 scoop 2000 ဆိုပြီး ဆိုင်းဘုတ် ထောင်ထားတော့.. 1 scoop ပေးလို့ သူ ပြောသလို ဘိုလို နဲနဲ မှုတ်ပြောလိုက်တယ်..
အိုကေ………… 1 scoop ဆိုပြီး ခပ်ပြီး ပေးသတဲ့.. ဘယ်လောက်ကျလဲ ဆိုတော့ ၃၈၀၀ ကျပါတယ်တဲ့.. ပေးပြီး ပြန်လာသတဲ့..
ရီချင်လိုက်တာ အလွန်ဘဲ.. ဗမာ ဗမာ အချင်းချင်း.. ဘိုလို မှုတ်ချင်နေတာ.. မျက်နှာအနေအထားက အစ.. စလုံးပြန်တွေ လုပ်တဲ့ ပုံစံမျိုးနဲ့.. တဆိုင်လုံးလည်း အင်္ဂလိပ်စာတွေ ကြီးဘဲ.. မြန်မာမြေမှာ မြန်မာတွေက ၀ယ်သာ မစားကြရင် ဒီဆိုင်တွေ ပိတ် လိုက်ရမှာပေါ့. အဓိက ၀ယ်နေတဲ့ မြန်မာတွေ ကို ရောင်းတဲ့ ဆိုင် တွေက မြန်မာတွေ ကို မရောင်းချင်တာလား.. မြန်မာလူတွေက အင်္ဂလိပ်စာ တဖက်ကမ်းခပ် နေတယ်လို့ မြင်နေတာလား.. သို့တည်းမဟုတ်.. အမေကျော် ဒွေးတော် လွမ်းနေတာများလား.. ထိုင်း တရုတ် ဂျပန် ကိုရီးယား စတဲ့ နိုင်ငံတွေမှာ ဆို ဆိုင်တွေ အကုန်လုံး သူ့ လူမျိုးစာတွေကြီးဘဲ.. မဖတ်တတ်တော့ နဲနဲတော့ ကသိကအောက် နိုင်တယ်.. ဒီနိုင်ငံက အဲဒီလို နိုင်ငံကြီးတွေလောက် နိုင်ငံခြားသား အ၀င် မရှိပါဘူး နိင်ငံတကာ စံချိန်မှီ ဆိုတဲ့ အသုံးတွေနဲ့.. နိုင်ငံခြားစာတွေ ရေးနေတာ မကောင်းဘူး ထင်တာဘဲ.. နိင်ငံတနိုင်ငံရဲ့ စာကို လေးစားသဖြင့်.. ရှိသင့်တယ် ထင်တယ်.. တရုတ်ဆိုင်တွေမှာ ဆို တရုတ် စာတွေ ရှိတတ်တယ်.. ဘယ်နိုင်ငံ ရောက်ရောက်.. တရုတ် ဆိုင်ဆိုတာ သိသာတယ်.. ဒီက ဘိုရူး ငပိတွေ.. နိုင်ငံခြားသားက ဖွင့်ထား သလား ထင်ရအောင် ပြင်ဆင်ထားကြတယ်.. ရန်ကုန်မြို့ အင်းယားလမ်းမှာ ဆို ပြင်သစ်နဲ့ တူတယ်.. ပိုင်ရှင်က မြန်မာ ထမင်းဆိုင်ဖွင့်ထားတယ်. ဆိုင်အပြင်အဆင်ကတော့.. ရှေးဆန်တဲ့ ပုံစံမျိုး.. အတွေးနဲ့ လူတွေ ရဲ့ စိတ်ကလည်း တမျိုးပါလားလို့ မြင်မိပါတယ်

About ဆူး

has written 398 post in this Website..