ဒီနေ့ ဈေးသွားတော့ ဈေးထဲမှာ မုန်လာဥရောင်စုံတွေ့တာနဲ့ ပြချင်လို့ ၄ မျိုးလုံးဝယ်လာလိုက်ပါတယ် … မုန်လာဥအဖြူတစ်လုံးကတော့ မြင်တဲ့အတိုင်းပဲ အလွန်ကြီးပါတယ် … အရသာကတော့ ခပ်ပေါ့ပေါ့ပါပဲ … တရုတ်တွေက မုန်လာဥကို တော်တော်စားကြတယ် … ၀က်နံရိုးနဲ့မုန်လာဥစွပ်ပြုတ် .. မုန်လာဥ အတုံးလေးတွေနဲ့ ကြက်သား အချိုချက် .. မုန်လာဥကို အချောင်းအရှည်လေးတွေခြစ်ပြီး အသားနဲ့ကြော် … ရှာလကာရည်နဲ့အချဉ်သုတ် .. မုန်လာဥအခြောက် … မုန်လာဥချဉ်ဖတ် စသဖြင့် အမျိုးမျိုး လုပ်စားကြပါတယ် …

အနီရောင်အခွံနဲ့မုန်လာဥကတော့ ဆောင်းတွင်းမှပဲ ရှိပါတယ် … သူ့ကိုတော့ အခွံမခွာပဲ လှီးပြီး သုတ်စားကြတယ် … အရသာက အဖြူနဲ့အတူတူပဲ .. ဒါပေမယ့် ပန်းကန်ထဲမှာ လှနေပါတယ် … မုန်လာဥအစိမ်းလဲ အတူတူပါပဲ … အဖြူနဲ့အရသာတူပေမယ့် အခွံမနွှာပဲ ပန်းကန်ထဲမှာလှအောင်ပြင်ဆင်ချက်ပြုတ်ကြပါတယ် …

ကျွန်မတို့ စားနေကျ မုန်လာဥနီကိုတော့ သီးသန့်မချက်စားပေမယ့် တခြားဟင်းရွက်တွေကြားထဲမှာ အလှထည့်ချက်တယ် … ဒီအတိုင်းကိုက်စားလို့လဲ ကောင်းပါတယ် … ဖျော်ရည်လဲ လုပ်သောက်ကြတယ် …

အခုတော့ ၄ မျိုးလုံးဝယ်လာမိလို့ အဖြူတစ်လုံးကို ချဉ်ဖတ် (ကင်ချီ) လုပ်ထားလိုက်မယ် … ကျန်တာတွေကို ဘယ်လိုလုပ်စားရမှန်းတောင် မသိတော့ပါဘူး …

ကိုခိုင်ရဲ့ အကင်စား ကင်ဆာပို့စ်ကို ဖတ်မိပြီးတော့ မထူးပါဘူးဆိုပြီး ကြက်ရိုးပြုတ်ထဲ ထည့်ပြုတ်ပြီး စွတ်ပြုတ်လုပ်သောက်လိုက်ပါတယ် … အလွန်ချိုပြီး အရသာရှိပါတယ် .. ဓါတ်ပုံလေးပါ ထပ်ဖြည့်ပေးလိုက်တယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....