အပျင်းပြေ ရွာပုံပြင်

ဆူးNovember 28, 20101min20117

တနေ့သော အခါမှာ.. ရွာထဲက ရွာသား တယောက် လက်တည့်စမ်းမှုနဲ့ ညှိနိုင်းနေရချိန်မှာ.. ထိုရွာသားက.. သူထက် ဆိုးတာ ရှိပါတယ်လို့.. ပုံနှင့်တကွ သက်သေပြသွားပါတယ်။
ပုံကို ကြည့်ရှုပြီးသာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြပါတော့.. တရားခံ ဘယ်သူလဲ..

17 comments

  • ဆူး

    November 28, 2010 at 9:13 am

    ပထမဆုံး တရားခံထဲမှာ အပေါက်သေးသေးကနေ လိုက်ချောင်းတဲ့ လေးပေါက်က ကြံရာပါ။
    ပုံထဲမှာ ပါတဲ့ ပါးစပ်ပြဲပြီး မျက်နှာ ရှုံ့တွနေတာ ဦးကြောင်ကြီးဘဲ ဖြစ်ရမယ်။
    ဘာလို့လဲ ဆိုတော့ ကြွက်ဖမ်းပြီး စမ်းနေလို့.. ကြောင် သဘာဝက ကြွက်မိရင် ဆော့ပြီးမှ စားတာလေ.. အရင်ဆုံး ကြွက်ကို ထည့်ပြီး.. စားချင်လို့ ကြွက်ပြန် နိုက်တော့.. အဲလို ဖြစ်တာ ဖြစ်မယ်။

  • ဆူး

    November 28, 2010 at 9:26 am

    လက်ဝါးကတော့ ဦးခိုင် သို့မဟုတ်.. အဘနီ သို့မဟုတ်.. ဘယ်သူ ဖြစ်မလဲ

  • weiwei

    November 28, 2010 at 9:32 am

    သူတို့ပျင်းတာကလဲ ကြွက်ကလေးတရားခံဖြစ်ရရှာပါလား …

  • kai

    November 28, 2010 at 9:43 am

    ကြွက်စွတ်ပြုတ်ကြည့်ပြိး …အံချင်သလိုလိုဖြစ်သွားတယ်..။ 🙁

    • ဆူး

      November 29, 2010 at 1:42 am

      စမ်းတုန်းက စမ်းပြီးတော့.. အထုမှ အံချင်ရတာလဲ.. ဦးလေး.. တိရိစာ္ဆန် ဥပဒေအရ အရေးယူလိုက်မှာနော်.. 😛

  • mG

    November 28, 2010 at 11:31 am

    အင်း…ဆူးရေ…အဲ့အပင်တွေက မြန်မာမှာပေါက်နေတာလား။သူတို့တွေက နိုင်ငံခြားမှာပဲရှိတာပဲလေ……။ဒါပေမဲ့လေ…
    Leaches လို့ခေါ်ကျသလားပဲ။ကျွန်တော်လည်း စာထဲမှာတွေ့ဖူးလို့ဗျ။အဲ့ရေခရားပုံသစ်ပင်ရဲ့အတွင်းထဲမှာ အရမ်းမွှေးတဲ့
    ပန်းအဆီတွေရှိတယ်တဲ့။ပုံပါအရွယ်လောင် အဲ့ရေခရားပုံသစ်ပင်တွေဟာ 1 Litter လောက်သော ပန်းအဆီမွှေးတွေကို
    အဲ့ခရားထဲမှာရှိနေစေပြီး အခြားသောအင်းဆက်တွေကို ဖမ်းစားနိုင်တယ်တဲ့။အဲ့အင်းဆက်တွေကလည်း ဝင်ပြီးသွားရင်ပြန်မထွက်နိုင်တော့ဘူးတဲ့လေ…………အဟီး ဟီး..ပုံတွေတင်ပေးထားတာ လှတယ်ဗျ။ကျေးဇူးပါနော်။

    • ဆူး

      November 29, 2010 at 1:46 am

      မြန်မာပြည်မှာ ရှိတဲ့ အပင်တွေ မဟုတ်ပါဘူး။ ထိုပုံများကို မေးထဲကနေ တဆင့်ရတာပါ.. မေးထဲက ရတဲ့ အတိုင်းသာ တင်ရင် သူများတွေ ကော်ပီ ပြန်ကူး ခိုးချ အော်မှာ စိုးလို့.. နီးစပ်ရာ ရွာသားနာမည်တွေ ကောက်တပ်ပြီး အမှုဆင်ပြီး ပိုစ်တင်လိုက်တာ။ ပုံတွေ ကြိုက်လို့ တင်ရကျိုးနပ်ပါတယ်။ နောက်မှ.. သေချာ စူးစမ်းပြီး ရှာဖွေ တင်ပေးမယ်။

  • kopauk mandalay

    November 28, 2010 at 11:33 am

    ငယ်ငယ်တုန်းက ရုက္ခဗေဒမှာ စာထဲမှာသာ ကြားဘူးတဲ့
    အသားစားပင်တွေ အခုမှ မြင်ရတယ်။
    ကျနော်က သွေးသံရဲရဲတွေ မကြည့်ရဲတော့ ဒီပုံတွေကိုလက်ကြားထဲကဘဲ ချောင်းကြည့်လိုက်ပါတယ်။

    • ဆူး

      November 29, 2010 at 2:02 am

      ဘာသွေးမှလည်း မထွက်ဘူး.. လေးပေါက်ကြီးကလည်း..
      လေးပေါက်ကြီး ချောင်းကြည့်တာ အကျင့်ပါနေလို ဖြစ်မယ်.. (ကင်မရာ)

  • gwato

    November 28, 2010 at 3:12 pm

    ပင်လယ်မှာ သင်္ဘောတွေပျောက်ကုန်တာလဲ ဒီလိုအပင်မျိုးနွယ်တွေကြောင့်ဖြစ်နိုင်တယ်နော်

  • bigcat

    November 29, 2010 at 1:55 am

    ကြောက်စရာကြီးဗျို့၊ သူတို့လိုမျိုး အနီးအနားလာတဲ့ သက်ရှိတွေကို ဖမ်းနိုင်တဲ့ နွယ်ပင်တွေလည်း ရှိသေးတယ်။ သူတို့က လူကိုတောင် စားတယ်ပြောတယ်။

    • char too lan

      November 29, 2010 at 10:54 am

      မကြောက်လေနဲ့ ဆြာကြောင် လူကိုသာစားခြင်းမို့
      ကိုကိုကြောင်စိတ်ပူရန်မလိုပါ 😀
      အဲဒီအပင်တွေက အင်းဆက်စားအပင်တွေဆိုလို့ သေးသေးလေးတွေထင်နေတာ
      ခုလိုကျတော့လဲ တော်တော်ကြီးတယ်နော် 🙁

  • MaMa

    November 29, 2010 at 3:19 am

    ကြောက်စရာ့ဆူးပါလား။ (စောင်းပြောတာမဟုတ်ဘူးနော်)

    • ဆူး

      November 29, 2010 at 3:28 am

      ဒါဆို တည့်တည့် ပြောတာလား.. 😉

  • moethidasoe

    November 29, 2010 at 6:25 am

    ရုက္ခဗေဒ သင်ခဲ့တုန်းက တစ်ကြောင်းမျဉ်းပဲ ဆွဲပြထားတာ ဖတ်ခဲ့ရတယ် ..
    အင်တာနက် ပေါ်လာတော့လဲ .. ဒီလို ဟာတွေ ရှာကြည့်ဖို့ မေ့နေတယ် ..
    ရှာဖွေပေးခဲ့ ဆူး .. အများအကျိုး ဆက်လက် ထမ်းဆောင်နိုင်ပါစေ လို့ ..

  • kai

    November 29, 2010 at 9:27 am

    ဟင်း..
    ဒီအပင်တွေတော့လား…
    ပါဏာတိပါတာ အမှုနဲ့တရားစွဲပြစ်မယ်..။ သေရင်ငရဲရောက်မဲ့..အကောင်..အဲ..အဲ..အပင်တွေ..။

Leave a Reply