တနေ့မှာ ရွာထဲက သဂျီး ထမင်းစားဖိတ်ခံရတာနဲ့.. ထမင်းစားသွားတယ်ပေါ့ကွယ်.. ထမင်းစား ဘယ်သူဖိတ်သလဲ ဆိုရင် သဂျီးရဲ့ မိန်းမ ရွာထဲမှာတော့ first lady ပေါ့လေ.. သူမရဲ့ ညီမ မဝေ က ရွာထဲက ဆူး ရှာဖွေ တွေ့ရှိတဲ့ ငါးမွှေ နဲ့ ငါးခေါင်းဟင်းချိုကို စမ်းချက်ပြီး ကြက်ဥအလွယ်ကြော် တပွဲလည်း ပါတယ်။ စားပြီးရင် သုံးဆောင်ဖို့ စတော်ဘယ်ရီ ကြက်ဥ ပူတင်းလေးလည်း လုပ်ထားတယ်။ သဂျီး ကတော် ပါ ခေါ်ပြီး လာခဲ့ပါလို့ ဖိတ်တော့ သဂျီးကတော်က မီးလေးအိမ်မှာ ညဘက် တယောက်ထဲ အဖော်မရှိတာနဲ့ ညအိပ်သွားစောင့်နေတာနဲ့ တပည့်ကျော် အောင်ပုနဲ့ အတူတူ ထမင်းစား သွားတီးမယ်လို့ ကြံပြီး ကားတစီး နဲ့ မောင်းထွက်ခဲ့ပါတယ်။

ကားကိုတော့ အောင်ပုက မောင်းရင်းနဲ့ သွားကြရင်း လမ်းတနေရာမှာ ငိုက်မိတာနဲ့ အနောက်ကားက ၀င်စောင့်သွားတယ်။
အရှိန် ပြင်းထန်စွာ တိုက်မိတဲ့ ပြင်းအား တခုကြောင့် အရှေ့က ကားတစီးကို ၀င်စောင့်မိသွားပြန်တယ်။
ကားတိုက်မိလို့ ပြသနာ ဆင်းရှာမယ်ကြံတော့ နောက်က ၀င်စောင့်တဲ့ကား မောင်းပြေးသွားတယ်။

မောင်းပြေးတဲ့ကား လက်ရ မဖမ်းနိုင်ပေမဲ့ ကင်မရာနဲ့ အမိအရ ဖမ်းမယ်လို့ ကြံတော့.. ကင်မရာကို ပါဝါ ဖွင့်တုန်း ကားက မျက်စိရှေ့က ပျောက်ကွယ်သွားပါလေရော.. ကား နံပါတ်ပြား သေချာ မရှင်းမရှင်းနဲ့ ကြည့်လိုက်မိတာ ကြယ်လေး ကို မြင်မိတယ်။
ဒီလိုနဲ့ အရှေ့ကားနဲ့ သွားညှိတော့ ကားပေါ်ကိုပေါက် မန်းက ဆင်းလာပြီး တိုင်ချက်ဖွင့်မယ် မလျော်လို့ကတော့ ဘာညာကွိကွ ဖြစ်သွားမယ် ဘာမှတ်နေလဲ..

ဒီလိုနဲ့ ဆရာတပည့် နှစ်ယောက် မျက်နှာငယ်နဲ့ တောင်းပန်ကြတဲ့ အခါမှာ.. အသပြာ ထောင် ၁ ထုတ် နဲ့ တည့်သွားလေရဲ့.. ရဲတိုင်ပြီး တိုင်ချက်ဖွင့်တော့လည်း ကားနံပါတ် ကို သေချာ မပြနိုင် မြင်လိုက်တာ ကြယ်လေး သက်သေမရှိတော့ လွတ်သွားတာပေါ့။ ဒီကိစ္စနဲ့ စိတ်ညစ်ညစ်နဲ့ ထမင်းစား မသွားတော့ဘဲ.. အိမ်လှည့်ပြန်ကြပြီး
တပည့်နဲ့ တိုင်ပင်တယ် သဂျီးလို့သာပြောတာ လက်ထဲမှာ ထောင်ထုတ်ကလည်း မရှိ စားစရာ မရှိပေမဲ့ လျောစရာကတော့ ရှိတယ်လို့ လူကြီးတွေ ပြောတဲ့ စကားမှန်နေပြီကွာ.. တပည့်ကျော် အောင်ပု စဉ်းစားပါအုန်း တရားတဘောင်နဲ့ ဆိုရင် သက်သေရှိမှ သက်သေမရှိတော့ ခံနေရပြီ တခြားနည်းနဲ့ အကြံထုတ်ကြလေရဲ့.. ပြောသာ ပြောတာ.. တိုင်ပင်နေကြတာကို
တုံး၊ … ကွီး၊ … လန်
ဆိုတဲ့ သားနဲ့ သမီး နှစ်ယောက် ကြားသွားကြတယ်။ သူတို့ကလည်း စိတ်မကောင်း ဖြစ်ပြီး ခမည်းတော်ကြီး စိတ်ညစ်နေရှာမှာဘဲ။
ဒီလက သုံးတာ များလို့ အကြွေးတွေ ၀ိုင်းနေလို့.. စိုက်ပေးဖို့ကလည်း မဖြစ်နိုင်.. စဉ်းစားရင်းနဲ့ ကားပိုင်ရှင် ကိုသွားတောင်းပန်ပြီး အချိန်နဲနဲ ပိုပေးအောင် ညှိကြမယ်လို့ အကြံထုတ်ပြီး သူတို့ ကြားတာ ပေါက်ဆိုတော့.. ပေါက်ဖော် ဆီကိုသွားပြီး ၃ယောက်သား အငိုမျက်နှာနဲ့ ၀ိုင်းတောင်းပန်ကြတယ် ပေါက်ဖော်က ကာယကံရှင်မဟုတ်တော့ သူမဟုတ်ဘူး ဆိုတော့ ရှက်ရှက်နဲ့ ပြန်လှည့်လာကြတယ်။
ဒီလိုနဲ့ သားသမီးတွေ ကြိုးစားနေချိန်မှာ သဂျီးက ဇနီးကိုလည်း မပြောရဲ စိတ်ထဲမှာ ကြိတ်မှိတ်နေရတာ တကြောင်း ကားတိုက်မိတဲ့ ဒဏ်ကြောင့် အရူးမီးဝိုင်း.. အဲ.. သဂျီးမီးဝိုင်း သလိုဖြစ်ပြီး စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး ယောင်တောင်တောင် ဖြစ်နေတော့ တပည့်ကျော် အောင်ပု ကြည့်မနေနိုင်တော့ဘူး ကြယ်လေးကို ရှာတွေ့အောင် ရွာမှာ နာမည်ကြီးနေတဲ့ ဘိုးတော်ဖက်နဲ့ သွားတိုင်ပင်ဖို့ ထွက်လာခဲ့တယ်။ ဘိုးတော်ဖက် အိမ်ပေါက်ဝ ရောက်တော့ ဘိုးတော်ဖက်ရဲ့ တပည့်ကျော် ကြောင်ကြီး က အပေါက်ဝကနေရပ်ပြီး လှမ်းတားတယ်။ ဒီအချိန် ဘိုးတော်ဖက်က အထက်ဘ၀က် အောက်ဘ၀က်မှာ ရှိကြတဲ့ ယမမင်းနဲ့ သိကြားမင်း တို့နဲ့ ညီလာခံဝင်နေလို့ အခု မအားသေးဘူးလို့ ဘုတော ပြောပြီး ဟောက်လွတ်လိုက်တယ်။ အမှန်တော့ ကြောင်ကြီးကလည်း ကြောင် ဆိုပြီး ခေသူ မဟုတ် ညက ဘိုးတော်ဖက် မင်းတုန်းမင်း ဇတ်လမ်းကနေလို့ အိပ်ဆောင်ကို တော်တော် နဲ့ ပြန်မလာဘဲ မနက်လင်းမှ ပြန်လာတော့ သဘောပေါက်တယ်လေ.. ဒါကြောင့် အောင်ပု လာတဲ့ အချိန် သတင်းမပျံ့ရအောင် ထက်မြတ်တဲ့ ကြောင်ကြီး ဘုတော မလိမ့်တပတ်လုပ် လိုက်ရတာပါ။ ဒီလိုနဲ့ ဆရာ စိတ်နှောက်နေတာ မမြင်ရက်တာနဲ့.. နောက်တခါ အကြံထုတ်တော့ မှော်ဆရာ တယောက်ကို ပြေးမြင်မိတယ်။ ဒီလိုနဲ့ မှော်ဆရာဆီ တခါပြေးရပြန်ကော.. မှော်ဆရာကတော့ မှော်အတတ်အစွမ်းနဲ့ ကြယ်လေးရှာတွေ့အောင် လုပ်ပေးမယ်လို့ ပြောပြီး.. မျက်လုံးကို မှိတ်.. ဖန်လုံးကို လက်တဖက်နဲ့ ပွတ် ဒုတ်ကလေးကို မွေ့ပြီး ဥုံ ဘာနီဘာနီဘု ဘုနီ ဘာနီ ဘာဘာ.. ဆိုပြီး ရွတ်လိုက်ပါသတဲ့.. နောက်ပြီး မျက်လုံးပြန်ဖွင့်ပြီး ကြယ်လေးကို တွေ့ရမယ် အခုလာမဲ့ ခရစ်စမတ်နေ့.. သစ်ပင်ထိပ်မှာ တက်နေလိမ့်မယ်။ ရွာလယ်က ရွာတော်ခမ်းမ အရှေ့မှာ သစ်ပင် တပင်စိုက် ဆိုပြီး မျိုးစေ့ တစေ့ ပေးလိုက်တယ်။ ထိုသစ်ပင် မှော်အစွမ်းနဲ့ နေချင်းညချင်း ကြီး ပြီး သစ်ပင်ထိပ်မှာ ကြယ်လေး ညိပြီး တင်နေလိမ့်မယ်။ သူကြီး လိုတဲ့ အသပြာ ထောင်၁ထုတ် အနီရောင်ဝတ်နဲ့ မုတ်ဆိတ်ဖြူဖြူနဲ့ ၀၀တုတ်တုတ် အဖိုးကြီး လာပေးလိမ့်မယ်။ ရရချင်းသာ ပြေးပြီး သွားပေးပေတော့လို့.. ပြောလိုက်တာနဲ့.. ၀မ်းသာ အားရ ပြန်သွားတယ်။ ရွာလယ်ခေါင် ရွာလယ်ခန်းမ မှာ မှော်ဆရာ ပေးတဲ့ မှော်အတတ် မျိုးစေ့ ကို စိုက်ကြတယ်။ ခိုးနားထောင်ရင် သိလိုက်ကြတဲ့ သားသမီး တွေက စဉ်းစားကြတယ်။ အင်း.. ဒီအစေ့က စိုက်လို့ နေ့ချင်းညချင်း အပင်ကြီး ဖြစ်ဖို့ မဖြစ်နိုင်ဘူး ခမည်းတော် စိတ်ဝေဒနာ သက်သာအောင် ဆိုပြီး အကြံထုတ်ကြပြန်တယ်။
ထို့နောက် အသက်အားဖြင့် ကြီးမားလှတဲ့.. အဲဒီလိုတော့ မဟုတ်ပါဘူး အတွေ့အကြုံ ရင့်ကျက်တဲ့ အဘနီနဲ့ သွားတိုင်ပင်ပြီး အကြံအစီ အတိုင်း ရွာသား အာဂ နဲ့ နေဘုန်းလျှံကို အကူအညီ တောင်းပြီး ရွာပြင်က သစ်ပင်ကြီး တပင်ကို ခုတ်ပြီး ၂၄ရက်နေ့ ညမှာ သွားချထားပြီး သစ်ပင်ထိပ်မှာ ကြယ်လေး ကို ဖမ်းချုပ်ပြီး ဆွဲချည်ထားခဲ့တယ်။
နောက်ထပ် အနီရောင် အ၀တ်နဲ့ မုတ်ဆိတ်ဖြူဖြူ ၀၀ တုတ်တုတ် အဖိုးကြီး အဖြစ် သမီးတော် နှစ်ယောက် သားတော်ကို ထမ်းပြီး အနီရောင်ကိုဝတ် မျက်နှာ မမှတ်မိအောင် မုတ်ဆိတ်ဖြူကြီး တပ်ပြီး ရွာထိပ်က ကောက်လာတဲ့ ဂဲထုတ်ကို ခပ်တည်တည်နဲ့ ပေးပြီး အမြန် ထွက်ပြေးကြတယ်။ မနက်လင်းတော့ သဂျီး အပင်ကြီးကိုလည်း မြင် အထုတ်ကြီး လက်ဝယ်ရတဲ့ သဂျီး သြလွန်းလို့.. ၀မ်းသာ တုန်လှုပ်ပြီး မျက်ရည်များ လည်တဲ့ အထိ ဖြစ်ခဲ့ရတယ်။

About ဆူး

has written 398 post in this Website..