အိပ်စက်ခြင်းတွေနဲ့

ငြိမ်းချမ်းနေတဲ့  …….. ပန်းတစ်ပွင့်ကို

နေခြည်ဖြန်းပက် …… နှိုးရက်ခဲ့သူ………..

ရက်စက်ခြင်း၊ သနားကြင်နာခြင်း၊

လိမ်ညာလှည့်ဖြားခြင်း၊ ညှာတာခြင်း၊

ချစ်ခြင်းမုန်းခြင်းတွေ၊ သံသယစိတ် နဲ့

ချစ်ခင်လေးစားမှု

အားလုံးကို လက်ခံဖို့အတွက်

အသက်သွင်း ……. ဖန်ဆင်းခဲ့လေသလား……………

အို………. အသင် ပန်န်ဒိုရာ

ကျေးဇူးပြုပြီး

ကျွန်မအတွက်ပဲဖြစ်ဖြစ်

အားလုံးအတွက်ပဲဖြစ်ဖြစ်

မှော်ဝင်အိုးလေးကို

ပြန်ပိတ်ပေးဖို့

သင့်မှာ ……….

တာဝန်ရှိမနေဘူးလားဟင်……………………

About la won nge

la won nge has written 4 post in this Website..