ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ နိုးကြားဖို့အချိန်တန်နေဘီ။ အားလုံးသိတဲ့အတိုင်း အရှေ့အလယ် ဂယက် ဟာတော်တော်ကိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့ဘီ။ တူနီးရှား ကနေစလိုက်တာဟာ အီဂျစ်၊ လစ်ဗျား၊ အီရန်တို့ကို ပါကူးစက်ကုန်တယ်။ ဒါပေမယ့် အခုနောက်ဆုံးအောင်မြင်မှုရခဲ့တဲ့ အီဂျစ်နဲ့ တူနီးရှားတို့ရဲ့အခြေအနေကို ကြည့်မယ်ဆိုရင် သူတို့နိုင်ငံကပြည်သူတွေအားလုံးနီးပါးပါဝင်ဆင်နွှဲခဲ့ကျတယ်။
ကျွန်တော်တို့နိုင်ငံမှာ ၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်ခဲ့တုန်းက အရေးခင်းဖြစ်တဲ့နေရာမှာတော့ အကြီးအကျယ်ဖြစ်ခဲ့ပြီး မဖြစ်တဲ့နေရာတွေမှာက ကိုရီးယားကား တရုတ်ကား နဲ့ ဘောလုံးပွဲတွေ အကြည့်မပျက်ကျဘူး။ အခုတစ်ခေါက် က တော့ အခုလတ်တလောဖြစ်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ပုံစံကို နမူနာယူသင့်တယ်လို့ မြင်ပါတယ်။
တစ်နိုင်ငံလုံး အိမ်တိုင်းအိမ်တိုင်း တစ်ယောက်မကျန် ပါဝင်ဆင်နွှဲခဲ့မယ် ဆိုရင် ဘယ်အစိုးရမှခံနိုင်မှာမဟုတ်ဘူးလို့မြင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ မမြင်ရတဲ့ အရပ်ဝတ် အစိုးရလူတွေ ခေါ် စွမ်းအားရှင်လိုမျိုးရှိပေမယ့် ပြည်သူတွေသာလက်တွဲညီညီ လုပ်နိုင်မယ်ဆိုရင်အောင်မြင်မှုကိုချွင်းချက်မရှိရမယ်လို့အသေအချာတပ်အပ်ပြောနိုင်ပါတယ်။
အီဂျစ်မှာ ဆန္ဒပြခဲ့တုန်း ကညပိုင်း ပါ ကမ့် တွေထိုး ဆန္ဒပြခဲ့ကျတယ်။
အခု Globalization အရ ဆန္ဒပြတာတွေဟာ ပြည်သူတွေအကြား ပြိုင်ပွဲလိုဖြစ်နေဘီ။
ကျွန်တော်တို့မြန်မာပြည်က ပြည်သူတွေ လုပ်နိုင်တယ်ဆိုတာကို ပြဖို့ အချိန်တန်ဘီလို့မြင်မိပါတယ်ဗျာ။

About politicalview

Zaw Zaw has written 35 post in this Website..