မမေ ့နိုင်တဲ့..X2 O အတွေ ့အကြုံ

mickylayApril 23, 20101min653
ကံဆိုးစွာနဲ့ပဲ…အကြတ်နေ ့မှာ X 2 O ကိုသွားဖို့အကြောင်းဖြစ်လာတယ်…
ဘယ်မှမသွားဘူးနေရာကနေ… မောင်နှမတွေ…လာခေါ်လို့လိုက်သွားမိပါတယ်..

မနက်ပိုင်း ရေပိတ်တဲ့အချိန် 12 နာရီထိ အေးအေးဆေးဆေးပါပဲ..
ရေပိတ်လိုက်တော့ .. မဏ္ဍပ်က ကဒ်နဲ့ပေးတဲ့ ဒန်ပေါက်ဗူးကိုယူြူပိး ကန်တော်ကြီးထဲ မှာ အေးအေးလူလူသွားစားသောက်နေသေးတာပါ
မနက်ပိုင်းတပိုင်းလုံးလဲ…ကန်တော်ကြီးထဲ ပြေးပြေးပြီး ဖလားဝါးနေသေးးး..တွေးတွေးပြီးကျောက ချမ်းသေး…

ကံကောင်းတာက…အတူပါသူတွေက ရေပြန်ပေးတဲ့.. နေ ့လည်၃နာရီမှ မဏ္ဍပ်ပေါ်ပြန်တက်မယ်တဲ့
ပြန်တက်ရင် မဏ္ဍပ်ညာဘက်ခြမ်းကနေတက်ရမှာပါ… ဖြစ်တာကလဲ ညာဘက်ခြမ်းမှာပါ..
အဲ့ဒါနဲ့ စားသောက်ပြီး….1 း45 လောက်မှာ မဏ္ဍပ်ကရေပြန်ပေးနေတာနဲ့ သွားချင်စိတ်က ပေါက်လာပါတယ်..3နာရီထိမစောင့်လိုက်တာ
ကံကောင်းတာပါ…၃နာရီမှ တက်မယ်ဆိုလဲ ကန်တော်ကြီးကနေမဏ္ဍပ်ပေါ်ကိုအဲ့နားကနေဖြတ်တက်ရမှာပါ….
ဘယ်ချိန်တွေးတွေး ကြက်သီးထပါတယ်

မဏ္ဍပ်ပေါ်ကို နေ ့လည် 2နာရီပြန်ရောက်တာပါ
ဖြစ်မယ့်အချိန် 3နာရီလောက်မှာ…အောက်ဆင်းဖို့ကြံရွယ်နေသေးတာပါ..
အောက်မှာ..သွားဝယ်ဖို့လေ…
သူဝယ်ငါဝယ်နဲ့… အလုပ်ရှုပ်နေလို့သာပေါ့……
နောက်ထပ်ငါးမိနစ်လောက်သာဆို (…) ဝယ်ဖို ့ခြမ်းဖို ့မဏ္ဍပ်အောက်ကဆိုင်တွေနား( ဖြစ်တဲ့နား) ရောက်နေမှာပါ..

ခု အောက်ဆင်းဖို့ အငြင်းအခုန်ဖြစ်နေတုန်းပဲ ..အသံကြီးကြားလိုက်ရတာပါ
ဖြစ်ဖြစ်ချင်း ဘာဖြစ်မှန်းလဲမသိပါဘူး…အစက ထရန်စဖော်မာပေါက်တယ်ပဲထင်တာပါ…
အဲ ့လိုဗုံးပေါက်တယ်လို ့…ထင်ကိုမထင်တာပါ..(တွေးကိုမတွေးမိတဲ့ကိစ္စပါ…)
ပထမတလုံးမှာ လူသိပ်မသိသေးပါဘူး…ဟိုလိုလိုဒီလိုလိုပါပဲ

မဏ္ဍပ်ဘယ်ဘက်နားကျကျမှာမို့လိုပါ..ညာဘက်ခြမ်းက ကောင်မလေးတွေ တချို ့လန်ကျပါတယ်…
ငြင်းရင်းခုန်ရင်း…ကရင်း..ရေပက်ရင်း ရေပက်ခံကားတွေလာတဲ့ဘက် ကြည့်နေတာပါ…
နောက်ထပ်အသံတွေကြားရတော့ ညာဘက်ကို ချာကနဲ လှည့်ကြည့်မိတဲ့အချိန်မှာ မဏ္ဍပ်ညာဘက်ခြမ်းမှာ ဂျစ်ကားတစ်စီး
ရေပက်ခံရင်း ရပ်ထားတာပါ..

ကားပေါ်မှာ အင်္ကျီ အသားရောင် နဲ့ကောင်လေးတယောက် မတ်တပ်ရပ်ရင်းက နေရာကနေ လဲကျသွားတာ လူတွေ ဝေါကနဲ ပြိုကျ
သွားတာတွေမြင်ပြီး ..နားထဲမှာ ဗုံးပေါက်တယ်..ဗုံးပေါက်တယ်ဆိုတဲ့အသံတွေ ညံသွားပြီး လူတွေ အားလုံး ဝပ် ဝပ်ဆိုတဲ့အသံတွေ
ကြားရပါတယ်….
အားလုံးလဲလဲကျကုန်ကြတာပေါ့
မဏ္ဍပ်က ၂ ဆင့်ပါ လူတွေအားလုံး မဏ္ဍပ်ရဲ ့နောက်ဘက်နံရံမှာအားလုံးကြောက်လန့်တကြားနဲ့ကပ်နေကြတာပါ
လှေကားပေါ်ပြေးဆင်းတဲ့သူတွေကဆင်း
အော်တဲ့သူတွေကအော်………..ဆူညံ ပွက်လောရိုက်နေကြတာပါ..
နားတွေထဲလဲ အော်သံတွေ တဝေါဝေါနဲ့
မဏ္ဍပ်ပေါ်ကပြေးဆင်းနေတဲ့သူတွေ… အများကြိးပါပဲ..
ငရဲပွက်တယ် ဆိုတာ အဲ့ဒါမျိုးပဲနေမှာ..

ကြောက်လန့်တကြားနဲ့..ရင်ထဲမှာဘယ်လိုကြီးမှန်းကိုမသိပါဘူး
မဏ္ဍပ်တိုင်လုံးကိုဖက်ပြီးတော့ကို အော်ငိုတာပါ..
နောက်မှသိရတာက အဲ့လိုဖြစ်ရင် တိုင်တွေနားမကပ်ရဘူးတဲ့
တိုင်နားမှာ ဗုံးတွေရှိတတ်တယ်တဲ့လေ..
တွေးတိုင်း ခြောက်ခြားပါတယ်…

ပြီးတော့မှ အားလုံးပြေးဆင်းနေကြတော့
ပြေး ..ပြေး..ပြေးဆိုတဲ့အသံတွေနဲ့အတူ..လှေကားကနေပြေးဆင်းလာပြီး….မျက်စိရှေ ့တည် ့တည် ့ကတွေးတဲ့လမ်းထဲပြေးဝင်လာတာပါ
တလမ်းလုံးလဲ စိတ်နဲ့လူနဲ့မကပ်သလိုပါပဲ….အရာအားလုံးကထွေပြားနေတာပါ..
မျက်စိတွေလဲ ပြာနေတာပဲ…

ပြီးမှသိရတာက အဲ့လမ်းက 125 လမ်းပါ…
အဲ့လမ်းထဲက လက်ဖက်ရည်ဆိုင်တခုမှ ထိုင် ပြီးငိုနေသေးတာပါ..
လမ်းထဲက နေ လူတွေ လူတွေ ဆိုတာ..မဏ္ဍပ်ဆီက ို ဗုံးပေါက်တယ် ..ဗုံ့းပေါက်တယ်ဆိုပြီး…ပြေးထွက်သွားကြည့်နေကြတာပါ..
လူကြီးတယောက်က..ငိုနေတာကိုသနားလို့လားမသိဘူး..
လာပြောနေပါတယ်..
မကြောက်နဲ့ တဲ့..တရန်စဖော်မာပေါက်တာတဲ့..
တချို ့တွေပြောနေတာက…သေနတ်နဲ့ မဏ္ဍပ်ပေါ်ကနေ ပစ်တာတဲ့..
ဘာတွေမှန်းမသိပါဘူး..
စုံနေတာပါပဲ
လူကတော့ ကြောက်လန် ့လိုက်ရတာ အစွမ်းကုန်ဆိုတာပဲသိပါတယ်..
နောက်ရက်ကျတော့ ညာဘက်လက်တောင် အပေါ်သိပ်မမြှောက်နိုင်…မလှန်နိုင်တော့ပါဘူး…
အမေက မိုးကုတ် ဝိပသနာကိုခေါ်သွားတယ်လေ
အကြတ်နေ ့ညနေကတင် အမေ တော်တော် လန့်သွားတယ်
တရားစခန်းကနေ တရားဖြုတ်တော့ ဗုံးပေါက်တယ် ကန်တော်ကြီးပတ်လမ်းမှာဆိုတည်းက အဖေနဲ့အဒေါ်နဲ ့အမေနဲ့လိုက်လာတာ
နောက်နေ ့အတက်နေ ့ကျတော့တရားစခန်းကို ခေါ်သွားပါလေရော
နေ ့လည်ဘက်ကျတော့ မသွားပါဘူး ကတိပေးပြီး ပြန်လာရတယ်
မဏ္ဍပ် အခြေအနေလေးစုုံစမ်းတော့ 12 နာရီမှာပြန်ဖွင့်တယ်တဲ့
မသွားရဲတော့ဘူးလေ……..
ကန်တော်ကြီးထဲက ဆိုင်လေးတဆိုင်မှာ အေးရာအေးကြောင်းပဲထိုင်နေတော့တယ်…( အေးရာအေးကြောင်း…ရင်ငြိမ်းချမ်းစရာလေး
ကလဲ အနားမှာကိုး………..း))))….. သူကတော့ဆူတာပေါ့လေ….ဒါပေမယ့်..စိတ်ကတော့ငြိမ်းချမ်းနေပါတယ်)

Tags:

3 comments

  • kopauk mandalay

    April 23, 2010 at 12:45 pm

    ဘယ်သူဘဲလုပ်လုပ် ယုတ်မာသူ
    သူရဲဘောကြောင်သူ လို.သတ်မှတ်ပါတယ်။
    အားလုံးအတွက် ဝမ်းနည်းပါတယ်

  • intro

    April 23, 2010 at 3:35 pm

    ဒါဆို အစ်ကို အများကြီးကံကောင်းတာပေါ့နော်…. သင်္ကြန်ပွဲတော်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် သိတ်ကို အဓိပ္ပါယ်ရှိတဲ့ပွဲပါ… ဘာကြောင့်ပဲ ဖြစ်ဖြစ် ဒီလို မလုပ်သင့်ပါဘူး…. နောင်ဘဝ ငရဲလားမယ့် သူတွေ….

  • sorcerer

    April 25, 2010 at 5:13 am

    တော်တော်ကံကောင်းတာပဲ အစ်ကိုရေဘာပဲဖြစ်ဖြစ် ဘယ်ကိုမှမသွားရဲသလောက်ဖြစ်နေတာတော့အမှန်ပဲ

Leave a Reply