မြန်မာတိုင်းမ်က Sudoku ဖြေပြီး ထမင်းကျွေးတဲ့ အစီစဉ်

etoneMarch 3, 20111min22823

ငေးတိငေးတိုင်ထိုင်ရင်း ကွန်ပျူတာကိုသာ မမှိတ်မသုန်ကြည့်ကာ တောင်စဉ်ရေမရ တွေးတောနေစဉ် ထမြည်လာသော ဖုန်းသံကြောင့် ကျမ အသိစိတ်ပြန်ဝင်လာခဲ့ရသည် ။

 

” မြန်မာတိုင်းမ်ကပါ … မနက်ဖြန်  ထရိတ်ဒါးမှာ နေ့လည်စာ စားဖို့ရှိပါတယ် …  ဆယ့်နှစ်နာရီ အရောက်လာပေးပါ ။ ”

 

အမ် … လူှ မှားပြောနေခြင်းထင်ပါသည် … ။ ကျမလည်း စိတ်မရှည်သည့် လေသံဖြင့် ..။

 

” အစ်မ ဘယ်သူနဲ့ ပြောမှာလဲ ”

 

”  xxx နဲ့ပါ ”

 

” ဟုတ်ကဲ့ xxx ပြောနေပါတယ်.. ။ ”

 

” မြန်မာတိုင်းမ်ကပါ အစ်မ sudoku ဖြေထားတာ အမှတ်စဉ် xxx တုန်းက ကံထူးရှင်ဖြစ်ထားလို့ နေ့လည်စာနဲ့ ဧည့်ခံမှာပါ ။ မနက်ဖြန် စနေနေ့ ထရိတ်ဒါးကို နေ့လည် ၁၂နာရီလောက် အရောက်လာပေးပါ ။ ”

 

” ဟုတ်ကဲ့… ။ ဒါပေမဲ့ မနက်ဖြန်စနေနေ့က ကျမရုံးတက်ရသေးတယ် ။ ဆယ့်နှစ်နာရီမှ ဆင်းမှာဆိုတော့ နောက်ကျလို့ ရလားမသိဘူး ။ ”

 

”  နေ့လည်စာဆိုတော့လေ ဆယ့်နှစ်နာရီထက်နောက်ကျလို့ သိပ်မကောင်းဘူး ဆိုတော့ … ”

 

” ကောင်းပါပြီ ကျမဖုန်းပြန်ဆက်ပြီး လာနိုင်မလာနိုင် confirm ပြန်လုပ်ပေးပါ့မယ် ၊ အစ်မနာမည် ဘယ်သူလဲမသိဘူးနော် ၊ ဖုန်းနံပါတ်လေး သေချာအောင်ပေးပါဦး ”

 

” မxxxပါ ၊ မြန်မာတိုင်းမ်းကပါ ။ ”

 

~~~~~~~~~~~~~~~~~~~~~

 

နှစ်ထောင့် တစ်ဆယ် နိုဝင်ဘာလလောက်က စပြီး မြန်မာတိုင်းမ်မှာ အပတ်စဉ် ပါနေတဲ့ အစီစဉ်လေးတစ်ခုကို ကျမဝင်ပြိုင်ခဲ့ပါသည် ။ အစီစဉ် ခေါင်းစဉ်ကတော့ Teabrake လို့ ပေးထားပါသည် ။ Sudoku ကစားနည်းလေးဖြစ်ပြီး တွေးတော စဉ်းစားရတာ ဖြစ်တဲ့ အတွက် အဲ့ဒီအချိန်ကစပြီး အခေါက်တိုင်း ကျမဝင်ပြိုင်ဖြစ်ခဲ့သည် … ။ ပြိုင်ပွဲ ဖြေဆိုပုံလေးကတော့ … မြန်မာတိုင်းမ်က ချပေးလိုက်တဲ့ Sudoku နေရာမှာ လိုအပ်တဲ့ ကိန်းတွေ ဖြည့်ပြီး ဂျာနယ်တိုက်ကို အီးမေးလ် စနစ်နဲ့ ဖြစ်စေ ၊ ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေ သွားရောက်ပေးပို့ရတာပါ… ။ ၎င်းတို့ သတ်မှတ်ထားတဲ့ အချိန်တွင်းမှာ ပေးပို့ရမှာ ဖြစ်ပါသည် ။ ကျမကတော့ ရုံးတက်နေရတဲ့သူမို့ ကိုယ်တိုင် သွားမပေးနိုင်ခဲ့ပါ ။ အီးမေးလ်က တဆင့် ဆက်သွယ် ပေးပို့ခဲ့ပါသည် ။  အဖြေမှန်သူ များ ထဲမှ ကံထူးရှင် တစ်ဦး ကို မဲနှိုက်ကာ နောက်တစ်ပတ်ထုတ် ဂျာနယ်မှာ ဖော်ပြပေးတာပါ … ။ ထိုကံထူးရှင်ကိုတော့ နေ့လည်စာနှင့် တည်ခင်း ဧည့်ခံပေးမှာ ဖြစ်ပါတယ်လို့လည် း ဖော်ပြထားပါသည် ။  ကပ်သီးကပ်သတ် စဉ်းစားတွေးခေါ်ရသည်မို့ အလုပ်အားတိုင်း Sudoku ဖြေဆိုခြင်းကိုသာ အားသန်နေတော့သည် .. ။ စဖြေစဉ်ကတည်းက အခေါက်တိုင်း အဖြေမှန်ရခဲ့သော်လည်း အဖြေမှန်သူ မဲပြန်နှိုက်သော စာရင်းတွင် ကံထူးရှင် မဖြစ်ခဲ့ပေ ။ သို့သော် ပျော်စရာလည်းကောင်း တဲ့ ကစားနည်း ဖြစ်သဖြင့် ဆက်လက် ဖြေဆိုခဲ့ရမှ … ဒီဇင်ဘာလထဲ xxx အမှတ်စဉ် အတွက် ရွေးချယ်ခဲ့သော အဖြေမှန်သူများ စာရင်းတွင် ကျမကံထူးရှင်ဖြစ်ခဲ့သည် … ။ ယခင်အပတ်များကတည်းက အဖြေမှန်သော်လည်း ကံမကောင်းတဲ့အတွက် တစ်ဦးတည်းသာရွေးချယ်ခဲ့သော ကံထူးရှင်စာရင်းတွင် ကျမပါခဲ့ပါ … ။  ကံထူးရှင်ဟုသာ ၎င်းတို့ ကံထူးရှင်ဟုသာ ၎င်းတို့ပိုင် ဂျာနယ်တွင် ဖော်ပြထားသော်လည်း တစ်စုံတစ်ရာ ဆက်သွယ်မှူများ မရှိခဲ့ပါ ။ တစ်လ ကြာသည့်တိုင်အောင် အကြောင်းကြာစာပို့ခြင်း ၊ ဖုန်းဖြင့် ဆက်သွယ်ဖြင်း မပြုခဲ့သဖြင့် မေ့မေ့ပျောက်ပျောက်နေခဲ့ရာ ….. နှစ်လကျော် ကြာသွားသည့် အချိန်မှ ဖုန်းဆက်အကြောင်းကြားလာခြင်းဖြစ်သည် … ။ ဂျာနယ်တိုက်မှ ဖုန်းဆက်သူ ဧ။် ပြောပြချက်အရ ကံထူးရှင်များကို အပတ်စဉ် ရွေးချယ်ခဲ့ပါသော်လည်း တစ်ဦးချင်းအနေဖြင့် နေ့လည်စာ ကျွေးရန်စီစဉ်သည့် အခါ အဆင်မပြေသောကြောင့် သုံးလေးလ တစ်ခါ ခန့်တွင်မှ စုပေါင်းကာ နေ့လည်စာ ကျွေးခြင်းဖြစ်သည်ဟု သိရသည် ။ တစ်ခေါက်လျှင် အဖြေမှန်သူ ကံထူးရှင် ဆယ့်ငါးဦးခန့် တစ်စုစည်းထဲ ကျွေးကြောင်းလည်း သိရသည် ။ ရုံးချိန်ဖြင့် တိုက်နေသည့်တိုင်အောင် အမည်မသိသူများ နှင့်ဆုံရမည့်ဖြစ်သဖြင့် အတွေ့ကြုံ အပေါင်းသင်းလည်း ရမည် ဖြစ်သဖြင့် ရောက်အောင်တော့ သွားစားမည်ဟုတွေးထားသည် ။ ထရိတ်ဒါးသို့ ဖုန်းဆက်ကာ အင်ကွာရီလုပ်ကြည့်ပါသည် … ။ တစ်ယောက်လျှင် ၁၆ ဒေါ်လာမျှ ကုန်ကျမည်ဟု သိရသည် ။  မြန်မာ့တိုင်းမ်မှ ခုံနေရာချထားရ့န် မည်သို့ စီစဉ်ထားမှူ နှင့် နေ့လည်စာ တွင်ပါဝင်မည့် အထူးဟင်းလျာများ ရှိမရှိ အင်ကွာရီလုပ်ခဲ့ပြီး တစ်ယောက်စာ အပို နေရာ ပြင်ထားပေးပါရန် ဘိုကင်လုပ်ပါသည် ။  မြန်မာတိုင်းမ် သို့လည်း ဖုန်းဆက်ပြီး ပလပ်စ်ဝမ်း လုပ်ပေးပါရန် ၊ ထို ပလပ်စ်ဝမ်း အတွက်ကတော့ ကိုယ့် account ထဲမှကိုယ် ကျခံပါမည်ဟု တောင်းဆိုခဲ့ရာ တာဝန်ခံ အစ်မက confirm ပေးပါသည် ။ တစ်ယောက်ထဲသွားစား လို့ကလည်း မဖြစ်ပါဘူး ၊ စနေနေ့ နေ့တဝက်ရုံးဆင်းတိုင်း အမြဲ အတူ ထမင်းလက်စုံ ဂျစ်တူနဲ့ စားနေကြပါ … ။ မေ့ထားခဲ့လို့ မဖြစ်တာပဲကိုး ။ ဝါးတီးဆွဲရမည် ဖြစ်သဖြင့် .. ရုံးဆင်းချိန်ထက် တစ်နာရီစောပြီး ပြန်ခဲ့ပါသည် … ။  ထရိတ်ဒါးကို ဆယ့်နှစ်ရာရီမထိုးခင် ရောက်သွားသော်လည်း လူအားလုံးနီးပါး စုံနေပေပြီ … ။ ကျမတို့ အပြင် တခြား နှစ်ယောက်သာ လွတ်နေသည် ။ ခဏကြာတော့ မြန်မာတိုင်မ်းမှ ဖြူဖြူချောချော တာဝန်ခံ အစ်မက ကိုယ့်ကိုယ်ကို မိတ်ဆတ်ပါသည် ။ သူရဲ့ နိမ်းကဒ်တွေလည်း ပေးပါသည် ။ တဖန် သူနှင့် အတူ ပါလာသူ ၊ လုပ်ဖော်ကိုင်ဘက် မိန်းကလေးတစ်ဦးကိုလည်း မိတ်ဆက်ပေးပါသည် … ။ ထိုနောက် ကျမတို့ကလည်း အပြန်လှန် နိမ်းကဒ်တွေပေးရင်း မလာသေးသူ နှစ်ယောက်ကို တအောင့် စောင့်လိုက်ပါသည် ။ ခဏကြာတဲ့အထိ ပေါ်မလာသဖြင့် ကျမတို့ အရင်စားနှင့်လိုက်သည် … ။ အဓိက ဟင်းလျာ ၂၁ မျိုး ပြင်ပေးထားသော်လည်း နေ့လည်စာ ဘူဖေးသည် မနက်စာ ဘူဖေးလောက် မစုံလင်ဟု ထင်မိသည် ။ ကျမတို့ စားသောက်နေတုန်း နောက်ကျသည့် နှစ်ယောက် တပြိုင်တည်း ရောက်လာသည် … ။ ဘူဖေးဖြစ်သဖြင့် ကိုယ်ကြိုက်တာ ကိုယ် ထည့်ပြီး နေရာ ပြန်ထိုင် ကြကာ အချင်းချင်း ရင်းရင်းနှီးနှီး မိတ်ဆက် စကားပြောဖြစ်ခဲ့ပါသည် .. ။ ယောကျာ်း ၊ မိန်းမ ၊ အသက်ရွယ်စုံ ပါဝင်သည်ကိုလည်း သတိထားမိသေးသည် ။ ကျမရှေ့တွင်ထိုင်သော အန်ကယ်ကြီးမှာ အသက်ကြီးနေသော်လည်း အလွန်ပင် စိတ်အားထက်သန်ကာ ၊သွက်လက်သူအဖြစ်လည်း ဆုံခဲ့ရပြန်သည် ။ စကားစမြည် ပြောချိန်တွင် ထို အန်ကယ်ကြီးမှာ အငြိမ်းစာယူထားသော ရေကြောင်းဆိုင်ရာ ဘာသာတစ်ခုမှ ဆရာကြီးဖြစ်ကြောင်းလည်း သိရသည် … ။ အလုပ်မလုပ်သူများ ၊ ကိုယ်ပိုင် အလုပ်လုပ်နေသူများ ၊ ရုံးဝန်ထမ်းများ နှင့် အိမ်ရှင်မများလည်း ပါဝင်ကြောင်း စပ်စုခဲ့ပြန်သည် ။  တစ်ချို့ လူများမှာ စကားနည်းတာလား ၊ သိပ်မရင်းနှီးသူများနှင့် စကားလက်စုံကျခြင်းမရှိတာလား ၊ မတန်ဘူးထင်ပြီး စကားမပြောတာလား ၊ အစားသောက်ဖက်ပဲ စိတ်ရောက်နေခြင်းလား မဝေခွဲတတ်ပဲ အတင်းကာရော ခေါင်းကြီးငုံကာ စားသောက်နေသူများလည်း ရှိသည် ။ ထမင်းစား စားပွဲကို လေးထောင့် ခုံအရှည် စတုရန်းပုံဖြစ်အောင် စားပွဲခုံ လေးခုံနှင့်ဆက်ထားပြီး အခင်းရှည်ကြီးခင်းထားသည် ။ ကျမတို့ ထိုင်ရာ ဘက်သည် ဘေးစွန်ဘက်ကျပြီး အနီးနား လူများမှာ ဝါသနာတူ စကားပြောချင်သူများဖြစ်သဖြင့် တခဏအတွင်း ရင်းနှီးသွားတော့သည် … ။ အလုပ်အကိုင် အတွေ့ကြုံတို့ကို ထမင်းစားရင်း တစ်နာရီ ကျော်ခန့် စကားပြောကြသည် … ။ မြန်မာတိုင်မ်း နှင့်ပတ်သတ်သော တစ်ချို့ လိုအပ်ချက်ဟု ထင်သည်များကိုလည်း ပြောပြခဲ့ကြသည်။  ထို့နောက် အသီးသီး ထပြန်ကြလေရာ စားပွဲတွင် နောက်ဆုံး ကျမတို့ နှစ်ယောက်နှင့် မြန်မာ့တိုင်းမ်မှ နှစ်ယောက်သာ ကျန်တော့သည် .. ။  ကျမတို့ စားသောက်ပြီးတဲ့ အထိ မြန်မာတိုင်းမ်မှ အစ်မနှစ်ယောက်စောင့်ပေးပါသည် … ။ ပြီးနောက် ကျသင့်ငွေသွားရှင်းကြသည် ။ ကျမလည်း ပလပ်စ်ဝမ်းအတွက် သွားရှင်းပေးတော့ ထရိတ်ဒါးမှ ပြန်မေးသည် ။ မြန်မာငွေနဲ့ လား အစိမ်းနဲ့လား တဲ့ … ။ မြန်မာငွေနှင့် ဆိုတစ်ဒေါ်လာ ဘယ်လောက်ယူသလဲ မေးရာ … အပြင်ပေါက်ဈေး ကိုးရာနီးပါးရှိသည့်နေ့တွင် သူတို့ တွက်ဈေး ကိုးရာ့အစိတ်ယူပါသည်တဲ့ … ။  အက်ဖ်အီးစီ နှင့် ရှင်းလျှင်ရော rate ဘယ်လောက်ဖြတ်လဲ မေးရာ … FEC နဲ့ USD ဈေး အတူတူ လို့ ညှိထားပါသည်ဟု သိရသဖြင့် FEC နှင့်သာ ရှင်းပေးခဲ့ရသည် … ။  ထို့နောက် တာဝန်ခံနှစ်ယောက်ကို နှုတ်ဆက်ကာ ပြန်လာခဲ့ပါသည် ။ တစ်ချို့ အမှတ်စဉ် ကံစမ်းမဲပေါက်သူများသည် တစ်အိမ်ထဲတွင်ပင် မောင်နှမ ၊ သားအဖ ၊ တူရီး စသည်ဖြင့် ကံထူးရှင်အဖြစ် ရွှေးချယ်ခံရပြီး အတူတူ နေလည်စာစားခွင့်ရခဲ့ကြောင်းလည်း မြန်မာတိုင်းမ်မှ တာဝန်ခံအစ်မများက ပြောပြပါသည် ။  Sudoku ကစားခြင်းကို နှစ်သက်တဲ့ လူများလည်း ဝင်ပြိုင် နိုင်အောင် သတင်းပေးလိုက်ပါသည် … ။ ပျော်စရာလည်းကောင်း ၊ ဝါးတီးလည်း ဆွဲရသော အစီစဉ်ဖြစ်သဖြင့် လက်တို့လိုက်ခြင်းပင်ဖြစ်ပေတော့သည် ။

23 comments

  • ဆူး

    March 3, 2011 at 7:54 am

    အီးတုံး ကံဇာတာတွေ စမ်းထနေပြီ.. ကံစမ်းမဲတွေ ပေါက်နေပြီ.. ဟီးဟီး..
    တန်တန် မတန်တန် အသိအမှတ်ပြုမှု တခု အနေနဲ့ ရရင်ကို ပျော်စရာ ဖြစ်နေပြီ။
    မြန်မာတိုင်းက အရင်လို သတင်းမစုံတော့လို့ မယူတာ ကြာသွားပြီ။
    အဲဒါတော့ တခါတလေ ဖြေတယ် ဖြေပြီး မပို့ဘူး အလုပ်ရှုပ်လို့ မှန်တဲ့ လူတွေကလည်း အများကြီးဘဲ တွေ့တွေ့နေတာဆိုတော့ ကံစမ်းမဲဆို.. နောက်ကရေရင် နံပါတ်တစ် ရနေကျလေ.. ဟီးဟီး.. ကိုယ်ဟာကို ယုံတယ်။

    • etone

      March 3, 2011 at 8:19 am

      အစ်မရေ … အဲ့ဒါပေါက်တာက စိန်ဂေဟာ ကံမစမ်းခင်က အဟဲ 😀
      အီးတုံးလည်း ဂျာနယ်ဝယ်ဖတ်တာ မဟုတ်ဘူး … ။ မိုးလင်းလည်း ဂျာနယ်ရောင်းသမား မနိုးခင် အလုပ်ခွင်ဝင်ဖို့ ပြင်ရတယ် … မိုးချုပ် အိမ်ပြန်တော့လည်း ဂျာနယ်ရောင်းသမားတွေ အိပ်ချိန်တောင်ဖြစ်ရော.. ဒီတော့ ဘယ်မှာသွားဝယ်မလဲ … ။ အွန်လိုင်းက ပဲဖတ်ရတာပေါ့ … ။ အဖြေကိုလဲ အွန်လိုင်းကနေပဲ ဖြေပို့ပေးတာ .. 😀 သူတို့ တင်ထားတဲ့ ဝက်ဖ်ဆိုက်ရှိတယ် … google search နဲ့ ရှာ ဖတ်လို့ရတယ် ။

    • char too lan

      March 9, 2011 at 6:23 am

      မယူတာ နာတာပဲ ဆြာဆူးရေ……………… 😉

  • unclegyi1974

    March 3, 2011 at 3:58 pm

    နောက်ဆုံးအဖြေက
    ဈေးကွက်ဖောက်သည်ဆွဲဆောင်နည်းတခုပါပဲ

  • ယောလေး

    March 3, 2011 at 4:21 pm

    အဖြေမှန်ရရင် ဒီမှာကြေငြာလိုက်လေ..အတူတူပို့ပြီး အတူူတူသွာားစားကြတာပေ့ါ..ဟဲဟဲ
    မဖြေတတ်လို့..

  • လင်းငယ်

    March 3, 2011 at 5:06 pm

    ကျွန်တော့်အထင် ပြောရရင် ခု မေးနေတဲ့ Sudoku တွေက လွယ်လွန်းနေတယ်။ ကျွန်တော် ဖြစ်စေချင်တာက အခက်ခဲဆုံး Sudoku ကို မေးပြီး ဖြေလာတဲ့ အဖြေမှန် လူအားလုံးကို ဆုပေးသင့်တယ်လို့ ထင်တယ်။ ခုဟာက ကိုယ်က မှန်ပြီး ဆုမရတာက နည်းနည်းလေး ကသိကအောင့် နိုင်လွန်းတယ်လို့ ထင်ပါတယ်။

    • etone

      March 4, 2011 at 9:49 am

      အဖြေမှန်သူအားလုံး ပေးလို့ကတော့ မွဲမှာပေါ့ … ။ တစ်ခါတစ်ခါ အဖြေမှန်သူက နည်းတာမှမဟုတ်ပဲ … တစ်ယောက် ဆယ့်ခြောက်ဒေါ်လာဆိုရင်ပဲ ဆယ်ယောက် တစ်ရာ့ခြောက်ဆယ် ဖြစ်နေပြီ ။ .. အဖြေမှန်သူ ရာဂဏန်းလောက်တောင် ရှိတယ် ဆိုပဲ ။

  • MaMa

    March 7, 2011 at 1:02 pm

    မြန်မာတိုင်းမ်မှာ ကံထူးရှင်တွေ အားလုံးရဲ့ပုံတွေ ပါတယ် နော်။ အီတုံးပုံကို ခန့်မှန်းရမလား။ မှန်ရင် မြန်မာတိုင်းမ်လို ညစာလိုက်ကျွေးမလား။ ကျန်တဲ့ရွာသူရွာသားတွေကိုပါ ကြေငြာလိုက်ပြီး မှန်သူများနေရင်လည်း ကံစမ်းမဲနှိုက်ပေါ့လေ။

    • etone

      March 8, 2011 at 4:26 am

      MaMa ရေ.. ရှူး … တိုးတိုး … လုပ်ပါနဲ့ … မှန်းရလွယ်နေလွန်းလို့ပါ အဟဲ ..။ 😛 ညစာကျွေးဆိုလည်း လိုက်ကျွေးပါတယ် အဲ့လိုချည်းတော့ မမှန်းပါနဲ့နော် ဟဲဟဲ 😀 😀 😀

    • bigcat

      March 8, 2011 at 4:58 am

      ဘယ်နေ့ထုတ်မှာပါလည်း ပြောအုံးလေဗျာ။ ဓာတ်ပုံလေးတင်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။

  • ဆူး

    March 7, 2011 at 1:52 pm

    မမ ဖွမနေနဲ့ အိမ်လည်သွားမယ် အီးတုံးတို့ အိမ်ကို.. ဒေါ်ပဒုမ္မာပါ ခေါ်ခဲ့။

  • padonmar

    March 7, 2011 at 2:54 pm

    ဆူးခေါ်ရင် တကယ်လာမှာနော်၊၁၆ ဒေါ်လာတန်ကျွေးမှာလား၊
    မြန်မာ့မီးရထားရေ တခါထဲ အပျိုကြီးပါတီမြန်မာပြည်ပါ ထောင်ကြရအောင်၊

    • ဆူး

      March 7, 2011 at 3:49 pm

      အိမ်လည် သွားမှာလေ.. သူကျွှေးတာ စားရမှာပေါ့။ တော်ကြာ ကြောင်ကျွေးတဲ့ ဘီစကစ်တွေ ချကျွှေးမှ ဖြင့်.. 🙁
      အီးတုံးက ကြောင် အရမ်းချစ်တတ်တာ.. ပြောလို့ မရဘူး။ ဟီးဟီး

      • etone

        March 8, 2011 at 7:32 am

        ဘီစကွတ်တော့မရှိဘူး ကြောင်စာပဲရှိတယ် စားချင်ရင်တော့လာလေ ရက်ရောပါတယ်နော့ ။ 😀

    • etone

      March 8, 2011 at 4:53 am

      ပဒုမ္မာ .. သွယ်ဝိုက်သော နည်းနဲ့ ကြေညာနေပါပြီ ဟဲဟဲ 😀

  • Gong Zhu

    March 7, 2011 at 3:25 pm

    sudoku ဆိုတာဘယ်လိုမျိုးဆော့ရတာလဲ … နားမလည်ဘူးဖြစ်နေတယ် ..

    • bigcat

      March 8, 2011 at 1:42 am

      ကြက်ဖတညင် ခွပ်တန်းကစား သလိုပေါ့ကွယ်။

      • etone

        March 8, 2011 at 5:25 am

        ကိုကြောင်ကြီး ကစားဖူးမှန်းအရမ်း သိသာတာပဲ 😀

  • MaMa

    March 8, 2011 at 2:50 pm

    Wei Wei သင်ထားတာ မေ့သွားကြတာလား။ မေ့ချင်ယောင်ဆောင်နေကြတာလား မသိဘူး။ သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ယူသွားရတယ် ဆိုတာလေ။

  • MaMa

    March 8, 2011 at 3:07 pm

    Wei Wei သင်ထားတာ မေ့သွားကြတာလား။ မေ့ချင်ယောင်ဆောင်နေကြတာလား မသိဘူး။ သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ယူသွားရတယ် ဆိုတာလေ။ ပြောရင်းနဲ့ ဝေဝေတစ်ယောက်တောင် ပျောက်နေပါကောလား။
    Sudoku ဆိုတာ မြန်မာတိုင်းမ်မှာပါတဲ့။ ကိန်းဂဏန်းတွေကို အစီအစဉ်ချတဲ့ ကစားနည်းလေ။ ဆူးလိုပဲ ကံစမ်းမဲက ပေါက်တတ်လွန်းလို့ စိတ်နာနာနဲ့ မကစားဘူး။

  • ဆူး

    March 8, 2011 at 3:30 pm

    လက်ချောင် ကြွက် ၃ကောင် ဖမ်းသွားမယ်။ အီးတုံး အချစ်တော် အတွက် ရရင် အီးတုံးပျော်လိမ့်မယ်။

  • MaMa

    March 8, 2011 at 3:50 pm

    သဂျီးရဲ့ ကြွက်တွေလည်း မှားဖမ်းမိလို့ ပြေးပေါက်မှားနေအုံးမယ်။

  • ဆူး

    March 8, 2011 at 5:10 pm

    အဲဒီ ကိစ္စ ဦးကြောင်ကြီး တာဝန်ထားလိုက် မပူနဲ့.. သူက သတ်သတ်လွတ် မစားတော့ဘူး။ ကြွက်ဖမ်းပေးလိမ့်မယ်။

Leave a Reply