မုန်.ဟင်းခါးအလွယ်ချက်နည်း….

hmeeMarch 17, 20111min1705

မြန်မာပြည်သူ၊ပြည်သားတိုင်း ဘယ်နေရာပဲ ရောက်ရောက် တမ်းတမ်းတတ စားချင်တာကတော့ မုန့်ဟင်းခါးပါ။ ပြည်တွင်းမှာနေတဲ့သူတွေ ပြည်ပရောက်နေသော်လည်း မြန်မာလူမျိုးခပ်များများ ရှိတဲ့နေရာမှာရောက်နေသူတွေ အတွက်တော့ စားချင်ရင် ဝယ်စားလို့ရပေမဲ့ ကို့လူမျိုးနဲပြီး ဝယ်စားချင်ရင်တောင် ဝယ်စားလို့မရတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်တာပါ။ တခါတလေ စားချင်တဲ့ စိတ်ဟာခြိုးနှိမ်လို့မရအောင် အခံရခက်လှပါတယ်။ ဒီစာကိုဖတ်ပြီး တယောက်လောက်ပဲဖြစ်ဖြစ် အဆင်ပြေမယ်ဆို ဝမ်းသာမိမှာပါ။

မုန်.ဟင်းခါးမှာမပါမဖြစ်ကတော့

၁၊ ပဲစိမ်းမှုန်.(သူကတော့ဝယ်ရလွယ်ပါတယ်)

၂၊ဆန်လှော်မှုန်. (သူကတော့မလွယ်ပါဘူး။ ဒယ်အိုးထဲကို ဆန်တခွက်( ထမင်းပေါင်းအိုး ဆန်ချိန်ခွက်) ထည့်ပြီးလှော်ပါ။ နီလာပြီဆိုရင်ရပါပြီ။ လှော်ထားတဲ့ဆန်ကို  blender နဲ.ကျိတ်လိုက်ပါ။ မှုန့်ပြီဆိုရင် ဗူးတဗူးနဲ့ထည့်ထားပါ။ )

၃၊ငါးခပ်များများကို အိုးထဲမှာ ပုစွန်ငါးပိနဲနဲ၊ နနွင်းမှုန်.နဲနဲ၊ စပါးလင်(အရှေ့တိုင်းအစားအစာဆိုင်မှာ ဝယ်လို့ရပါတယ်။)၊ ငံပြာရည်များများ ထည့်ပြီးပြုတ်ပါ။ ငါးပြုတ်အိုးရပြီဆိုရင် အသားနွှင်ပါ။ ကြက်သွန်ဖြူများများ ဒါမှငါးညှီနံပျောက်မှာပါ။ ဂျင်း၊ ငါးပြုတ်ထဲကစပါးလင်ကို ပါးပါးလှီးပြီးမှ ထောင်းပါ။ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် ထောင်းထားတာကိုဆီသတ်ပါ။ ရွှေရောင်သန်းလာပြီး မွှေးလာရင် အသားနွှင်ထားတဲ့ငါးတွေထည့်ပြီး ဆီသတ်ပါ။ ငါးလည်းဆီသတ်ပြီးပြီဆိုရင် မုန်.ဟင်းခါး စချက်ပါမယ်။

ချက်နည်း

ချက်မည်.အိုးထဲကို ပဲစိမ်းမှုန်. စားပွဲတင်ဇွန်း တဇွန်းခွဲ၊ ဆန်လှော်မှုန်.သုံးဇွန်း ထည့်ပြီးရေနဲနဲထည့် ပြီး ပဲစိမ်းမှုန်ပျော်အောင်ဖျော်ပေးပါ။ ရေအေးနဲ.ဖျော်ပါ။ အခဲလေးတွေပျော်သွားရင်  ငါးဆီသတ် ငါးဇွန်းထည့်ပါ ရေများများထည့် ငံပြာရည် ထပ်ထည့်ပြီး မီးဖိုပေါ်တင်ပြီး စချက်ပါ။ ဟင်းရည်ပွက်လာတဲ့အခါ ကြက်သွန်နီ ကိုလေးစိပ်စိပ်ပြီးထည့်ပါ။ များများကြိုက်ရင် များများထည့်ပါ။ ကြက်ဥကို အလုံးလိုက်ရေဆေးပြီး ဟင်းရည်အိုးထဲ ထည့်ပြုတ်ပါ။  ကျွန်တော်ကတော့ သုံးလုံးလောက်ထည်.ပါတယ်။ မိနစ် ၂ဝလောက်ကြာရင် ပြန်ဆယ်ပြီး အခွံသင် ပါးပါးလှီးပြီးအိုးထဲပြန်ထည်.ပါ။ ဟင်းအိုးကို မီးအေးအေးနဲ့ ကြာကြာလေး တည်ပါ။ ဟင်းရည်လည်း အရည်ကအနေတော်ဖြစ်ရင် မြည်းကြည့်ပါ အပေါ့အငံမြည်း လိုရင်ထပ်ထည့်ပြီးရင် မုန်.ဟင်းခါးဟင်းရည်ရပါပြီ။

အာရှဆိုင်ကဝယ်ထားတဲ့ Tomoshiraga somen က မုန့်ဟင်းခါးဖတ်နဲ့ တူပါတယ်။ သူ.ကိုပြုတ်ပြီး ရေအေးထဲထည့်ပြီး ရေစစ်ထားပါ။ နံနံပင်ရျိရင် ပါးပါးလှီးထားပါ။

ပန်းကန်ထဲ မုန်.ဖတ်ထည်. နံနံပင်၊ ငရုပ်သီးမှုန်.၊ သံပုရာရည်ထည်.ပြီး ဟင်းရည်ထည်.ပြီး စားလို့ရပါပြီ။ အရသာရှိတဲ့ မြန်မာမုန့်ဟင်းခါးတခွက် ကိုလွယ်လွယ်စားလို့ရပါပြီ။

ငါးဆီသတ်ထားတာတွေကို ဗူးလွတ်တဗူးထဲထည့်ပြီး ရေခဲသေတာထဲမှာ ခဲထားပါ။ နောက်တခါချက်စားတဲ့အခါ အလွယ်တကူချက်စားလို့ရပါတယ်။ ဆန်လှော်မှုန်.ကိုလည်းဗူးထဲထည့်ပြီး သိမ်းထားပါ။ ပဲစိမ်းမှုန်.လည်းသိမ်းထားပါ။ နောက်နေ့တွေစားချင်တဲ့အခါ အားလုံးအသင့်ရှိနေတဲ.အတွက် အပေါ်ကချက်နည်းအတိုင်း လွယ်လွယ်ချက်စားလို့ ရပါပြီ။ ငှက်ပျောအူကတော့ ရဖို.မလွယ်လို့ထည့်မရေးတာပါ။

ငှက်ပျောအူရရင်တော့ အခွံခွာ ပါးပါးလှီးပြီး နနွင်းထည့်ထားတဲ့ရေထဲ ထည်.ပြီးခဏစိမ်ထားပါ။ ဟင်းရည်ပွက်ပွက်ဆူရင် ထည့်လို့ရပါပြီ။ တချို.ငှက်ပျောအူက ခါးတတ်လို့ ပြုတ်ပြီးမှ ပြန်ထည့် တာလည်းတွေ့ဖူးပါတယ်။

မြန်မာမုန်.ဟင်းခါးစစ်စစ် နဲ.ကွဲလွဲတယ် ဆိုရင်လည်း အလွမ်းပြေ စားနိုင်စေဖို့ ရည်ရွယ်တာပါ။

5 comments

  • alfred

    March 17, 2011 at 11:48 am

    သူ့ထက်နည်းနည်းလွယ်တဲ့နည်းမရှိဘူးလား။ ကျွန်တော်တို့ ယောက်ျားလေးတွေအတွက်က နည်းနည်းများခက်မလားလို့။ 😛

  • တညင်သား

    March 17, 2011 at 12:36 pm

    မြောင်းမြဒေါ်ချိုကို ခေါ်ထားလိုက်လေ..လွယ်လွယ်လေး ဟဲဟဲ

  • Myanmar

    March 19, 2011 at 8:53 am

    You can use rice flour which is easily available in Supermarket|( you do not need to blend it in blender|). You can use Gram flour for “Pe |Sein Hmon”. Gram flour can be bought in the Supermarket. You can use pink salmon tin provision for fish. It can be put into heated oil with paparika powder and salt. You can add fish sauce and seasoning powder (Ajinomoto) from Thai shop. |Way of cooking is quite similar to Hmee’s method but you can modify it if you know the basic principle of cooking.

  • manawphyulay

    March 19, 2011 at 9:00 am

    ဒီထက် လွယ်တဲ့နည်းကတော့ ရယ်ဒီမိတ်ထုပ်တွေ ဝယ်လိုက်ရင် ပို လွယ်မယ်ထင်တယ်။ ခုဆို ရယ်ဒီမိတ်ထုပ်တွေလည်း ဆိုင်တိုင်းမှာ ရောင်းနေပါပြီ။

  • hmee

    March 19, 2011 at 3:28 pm

    @ Myanmar ရေ တို.လည်း ငါးသေတ္တာဗူးနဲ. စမ်းသပ်ဖူးတယ် ဒါပေမဲ့ ဟင်းရည် အရသာက ငါးအစိမ်းနဲ.ချက်သလို သိပ်မချိုုလို.ပါ။ တို.ရောက်နေတဲ့ ဒီနေရာမှာ အာရှသား နည်းလို. ဆန်လှော်မှုန်.က ဝယ်လို.မရလို. ကိုယ်ထူကိုယ်ထ ဆန်လှော်ပြီး ကျိတ်ရတယ်လေ။ ပဲစိမ်းမှုန်.ကတော့ တမြို.လုံးမှာမှ တဆိုင်တည်းကပဲ ဝယ်လို.ရတယ်။ ဒါပေမဲ. လိုအပ်လို.ဝယ်ချင်တိုင်း မရပါဘူး။ကိုယ်သွားတဲ့အချိန်မှာ တွေ.ပြီဆို ၃ထုပ်လောက် ကြိုဝယ်ထားရတယ်။ @မနောရေ ရောက်စကတော. ပါလာတဲ့ ရယ်ဒီမိတ်တွေ စားပါတယ်။ အခုတော့ ဝယ်ချင်ရင်တောင် ဝယ်မရတဲ့နေရာလေ။

Leave a Reply