စစ်သားလုပ်ကြမလား… Soldiers

soilders


တရုပ်အမျိုးသားတဦးကို အမေရိကန်စစ်တပ် အတုပြုလုပ်ပြီး နိုင်ငံခြားမှ ပြောင်းရွှေ့နေထိုင်သူများအား တပ်ထဲဝင်ရင် နိုင်ငံသားဖြစ်မယ်လို့ လိမ်လည်ရောင်းချမှုနဲ့ အင်္ဂါနေ့တွင် ဖမ်းဆီးလိုက်သည်။ Yupeng Deng, 51နှစ် သည် လူသစ်များကို စစ်ဝတ်စုံဖြင့် လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးဒေသတွင် စစ်ရေးပြချီတက်ခိုင်းပြီး ဆန်ဒီရေးဂိုးမြို့တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ထားသော ယူအက်စ်အက်စ် မစ်ဒ်ဝေး လေယာဉ်တင်သင်္ဘောသို့ ခေါ်သွားသည်။ ဝင်ကြေးအဖြစ် တဦးလျင် အမေရိကန်ဒေါ်လာ သုံးရာမှ လေးရာ့ငါးဆယ် ခန့်ကို တရုတ်လူမျိုး တရာကျော်အား ကောက်ခံခဲ့သည်။ Dengသည် စစ်တပ်ဖွဲ့အတုကို အမေရိကန်စစ်တပ် အထူးအရန်တပ်ဖွဲ့ (MSFR) လို့ အမည်ပေးထားပြီး သူ့ကိုယ်သူတော့ ဦးစီးချုပ် အမြင့်ဆုံးအရာရှိအဖြစ် ရာထူးပေးသည်။
လူသစ်များအား သူ့တပ်ထဲဝင်ခြင်းဖြင့် အမေရိကန်နိုင်ငံသား ဖြစ်နိုင်သည်သည်ဟု ပြောသည့်အပြင် ပိုမြင့်သော စစ်ရာထူးများအတွက် အခကြေးငွေ ပေးခိုင်းသည်။ လူသစ်များအား စာရွက်စာတမ်း အထောက် အထားအတုများနှင့် အယောင်ဆောင် စစ်သားကတ်များ ထုတ်ပေးခဲ့သည်။ သူ့အား လိမ်လည် လှည်ဖျားမှု၊ အစိုးရစာရွက်စာတမ်း လိမ်လည်ပြုလုပ်မှု၊ အစိုးရရုံးတံဆိပ် အတုပြုလုပ်မှုတို့ဖြင့် တရားစွဲထားပြီး ပြစ်မှုထင်ရှား ပါက ထောင်ဒဏ်ရှစ်နှစ်အထိ အမြင့်ဆုံး ကျခံရဖွယ်ရှိသည်။ ၎င်းကို သောကြာနေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ဒေါ်လာငါးသိန်း အာမခံဖြင့် ချုပ်နှောင်ထားသည်။ ခရိုင်ရှေ့နေရုံမှ ပြောရေးဆိုခွင့်ရှိသူက ဘယ်လိုဖမ်းဆီးရမိလဲ ဆိုတာပြောဖို့ ငြင်းဆန်လိုက်ပြီး အသေးစိတ်ကို တရားရုံးတွင် ပြောမည်ဟုဆိုသည်။
Chinese man arrested for creating fake Army unit in scam
http://news.yahoo.com/s/nm/20110412/us_nm/us_fake_army
LOS ANGELES (Reuters) – A Chinese man was arrested on Tuesday for creating a fake U.S. Army unit and selling immigrants on the idea that joining the squad was a path to citizenship, authorities said.
Yupeng Deng, 51, allegedly gave his “recruits” military uniforms, had them parade in a Los Angeles suburb and took them to the decommissioned USS Midway aircraft carrier, which is a museum in San Diego.
Deng charged more than 100 fellow Chinese nationals a fee of between $300 and $450 to join the fake Army unit, according to the Los Angeles District Attorney’s Office.
He called his bogus squad the U.S. Army/Military Special Forces Reserve unit, or MSFR for short, and he gave himself the lofty title of “supreme commander,” prosecutors said.
Aside from telling recruits that belonging to the unit was a path to U.S. citizenship, Deng also urged them to pay him cash for higher military rank, according to prosecutors.
He also allegedly provided them with fake documents and phony military identification cards.
Deng, a resident of the Los Angeles suburb of El Monte, was arrested on Tuesday by sheriff’s deputies.
He was charged with theft by false pretenses, manufacturing deceptive government documents and counterfeit of an official government seal.
Deng faces up to eight years in prison if convicted. He is scheduled to be arraigned on Wednesday, and is being held on $500,000 bail.
Jane Robison, a spokeswoman for the District Attorney’s Office, declined to comment on how Deng was caught.
“All the details and evidence will come out in a preliminary hearing,” she said.
(Reporting by Alex Dobuzinskis: Editing by Peter Bohan)

3 comments

  • kai

    April 13, 2011 at 7:04 am

    တော်တော်ရဲတဲ့လိမ်နည်းပဲ..။
    တရုတ်က..တရုတ်တပ်နီနာမယ်နဲ့မလိမ်ပဲ..ယူအက်စ်အာမီနဲ့လိမ်တော့ ..ပေါ်တာပေါ့..။

  • naywoonni

    April 13, 2011 at 2:57 pm

    တရုတ်တပ်နီနာမယ်နဲ့ လိမ်ရင် မှားပြီးတန်းအဆော်ခံရမှာပေါ့..။ ကိုခိုင်ရဲ့..။

  • unclegyi1974

    April 13, 2011 at 3:15 pm

    အာရှကလူက အာရှသားတွေရဲ့အထာနပ်လို့လုပ်စားလုပ်စားတာပါ
    လုပ်စားတဲ့သူကိုတောင်သိပ်အပြစ်မပြောချင်ဘူး
    ယုံတဲ့သူတွေကိုအံဩတာပါ

Leave a Reply