ဘာသာရေးဆိုတာ လူတွေဘဝကို တစ်ကယ်ပဲ ပိုင်စိုးသလား??

စဆရ ႀကီးApril 29, 20111min23734

ကိုင်း… ဖွလိုက်ပါပြီ ခေါင်းစဉ်တစ်ခုတော့၊ ဒီ Site ထဲမှာ ဘာသာရေးအကြောင်း အတော်အတန်အပြောများနေလို့ မေးခွန်းထုတ်လိုက်ခြင်းပါ။ ကျမ်းဂန်လာတွေကို ဖွင့်ဆိုပြနိုင်သူတွေ အတော်ပဲများပါတယ်။ သေချာဖတ်ကြည့်ရာတွင်မူ ဘာမှ နားမလည်ပါ။ ဉာဏ်တိမ်သည်ဟုပဲဆိုဆို၊ တုံးလွန်းသည်ဟုပဲဆိုဆို နားမလည်သည်မှာတော့ အမှန်ပါ။

ကျွန်တော်သည် ငယ်စဉ်ကပင် ဘာသာရေးဟူသောခေါင်းစဉ်ကို အတော်လေး စိတ်ဝင်စားပါသည်။ မြန်မာနိုင်ငံမှ ပထမတန်းစား ဘာသာရေးနှင့် ဒုတိယတန်းစား ဘာသာရေးကို လက်လှမ်းမှီရာ လေ့လာဖူးပါသည်။ အတော်အတန်လဲ ကျင့်ကြံခဲ့ဖူးပါသည်။ ကျေနပ်အားရခြင်းမရှိပါ။ ထို့ကြောင့် ယခုအခါ ကျွန်တော့်အား ဘယ်ဘာသာလဲဟု မေးလာလျင် ဘယ်ဘာသာမှန်းမသိပါ။ ငယ်စဉ်က မိရိုးဖလာဖြစ်ခဲ့ပါ၏။ ကြီးလာသောအခါ ဒီဇင်ဘာ ရက်များကို မြတ်နိုးစွာ ဖြတ်ကျော်ခဲ့ဖူးပါ၏။ လက်ရှိတွင်မတော့ ဖြစ်နေသမျှကို မေးခွန်းပေါင်းများစွာထုတ်ရင်း ကျော်လွှားနေသောသူ… လူတစ်ယောက်ဖြစ်ပါသည်။ ယခင်နှင့်ယခု ဘာများထူးခြားစွာ ဖြစ်ပျက်ပြောင်းလဲခဲ့ပါသလဲဟုမေးလျင် ကျွန်တော်လုပ်သလောက်၊ လုပ်နိုင်သလောက်သာဖြစ်ခဲ့ပြီး မလုပ်နိုင်သည့်အချိန်၊ ဆုတောင်းမိသည့်အချိန်များတွင် ဘာမျှ ရရှိခြင်းမရှိပါ။ ဘယ်သူကမျှလဲ လာရောက်ပေးကမ်းခြင်းမရှိပါ။ ထို့ကြောင့် ဘယ်အရာမှ မကိုးကွယ်ပါ။ သေခြင်း၏ အခြားမဲ့တွင် ဘယ်အရာများရှိသည်ကို ဘယ်သူမှ လက်တွေ့မပြနိုင်ပါ။ ပြနိုင်လျင် ပြကြပါ။ ယနေ့ကဲ့သို့သော ရွာကြီးတစ်ရွာသာသာမျှ အနေအထားတွင် ထိုသူသည် လွန်စွာမျှပင် Popular ဖြစ်မှာ မလွဲဧကန်ပင်။

ကွန်မြူနစ်ဆန်သည်ဟု ဆိုချင် ဆိုကြပေမည်။ မမှုပါ။ ဘာသာတိုင်းတွင် အဆိုးတကာ့ထိပ်ခေါင် လူဆိုးဆိုသူကြီးများကို ကျွတ်အောင် ချွတ်နိုင်ခဲ့ကြကြောင်း ပုံပြင်များရေးသားခဲ့ပေသည်။ ချွတ်ကြပါ၊ ကောင်းအောင်လုပ်ကြပါ။ ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါ့မယ်။ ဘေးက ပွဲကြည့် ပရိသတ်အနေနဲ့ပေါ့။ လက်တွေ့သက်သေပြခြင်းကိုသာ ယုံကြည်ပါမည်။ ကျမ်းဂန်လာများကို နည်းနည်းမှ လက်မခံပါ။ ဖတ်ကောင်းသော ပုံပြင်စာအုပ်များဟုသာ မှတ်ယူပါမည်။ လက်ရှိအချိန်တွင်းမှာပင် ကောင်းကျိုးမပြုသော ကျမ်းဂန်လာများ၏နောက် ယုံမှတ်၊ ပုံအပ်လိုက်နေခြင်းကို နည်းနည်းလေးမှ သဘောမကျပါ။ ၎င်းတို့ချမှတ်ခဲ့သော၊ ပြောကြားခဲ့သောလမ်းစဉ်များ မှန်ကန်မည်ဆိုပါက လူသားတို့ အကျိုးကို မျက်မှောက်တွင် အကျိုးပြုနိုင်မည်သာဖြစ်သည်။

ကျွန်တော့်အမြင်မှာမူ စာရေးကောင်းသော စာရေးဆရာများ၏ ရေးသားမှုကြောင့် လူကြိုက်များသောဘာသာ၊ လူကြိုက်နည်းသောဘာသာဟူပြီး ကွဲပြားခြားနားလာကြခြင်းဟု မြင်မိပါသည်။

ဘာသာရေးခေါင်းစဉ်နောက်တွင် လူတွေလိုက်ပါနေခြင်းမှာ ဘာကြောင့်ပါလဲ?
(၁) စိတ် ငြိမ်းချမ်းရာကို ရှာဖွေခြင်းလဲဖြစ်ပါမည်။ (ထိုသို့ဆိုလျင် စိတ်ဖြေဆေးသက်သက်သာ ဖြစ်ပါမည်။)
(၂) အများက ကောင်းသည်ဟု ဆိုကြခြင်းကြောင့် ဖြစ်ပါမည်။ (ထိုသို့ဆိုလျင် Idiot သာ ဖြစ်ပါမည်။ )
(၃) မိမိအား အထောက်အပံ့ပေးနိုင်လိမ့်မည်ဟု ထင်ခြင်းကြောင့်ဖြစ်ပါမည်။ (ထိုသို့ဆိုလျင် မှီခိုသူ သီးသန့်သာ ဖြစ်ပါလိမ့်မည်)
(၄) လူအများကြားတွင် ဘုရား၊ တရား ကိုးကွယ်သော သူဟု လေးစားမှု ရှိစေလိုရင်းဖြစ်ပါမည်။
(၅) မိမိကိုယ် မိမိ သိပ်ချစ်ကြသောကြောင့် မိမိသေဆုံးပြီးလျင် နောင်ဘဝ ဟူသော တစ်နေရာတွင် နေရာကောင်းတစ်ခု လိုချင်ခြင်းကြောင့် ကြိုတင်လက်မှတ် ဝယ်နေခြင်းနှင့် တူပါကြောင်း..

ကိုယ်ထင်ရာ၊ ကိုယ်မြင်ရာ၊ ကိုယ်မှန်တယ်ထင်ရာကို စိတ်ရှိတိုင်း ချပြလိုက်ပါကြောင်း………..

34 comments

  • bigcat

    April 30, 2011 at 12:34 am

    စီးသာစီး ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်… ဒီခေတ်ကြီးမှာ စစ်ကိုင်းတင်မကဘူး နိုင်ငံခြားအထိပါ စီးခွင့်ရှိနေပြီ။ တခုတော့ရှိတယ် စီးကောင်းကောင်းနဲ့ စွတ်စပ်စီးလို့ မြင်းကြီးသေသွားရင်တော့ ခြေကျင်လျောက်ပြန်ရမယ်မှတ်…..

    • realman

      May 2, 2011 at 9:33 am

      လေယာဉ်ပျံတွေ ပေါပါတယ်။ မြင်းသားရောင်းပြီး လေယာဉ်နဲ့ ပြန်လာလို့ ရတာပေါ့။
      ဟင့် . . .လူတုံး . . . ။

      • ဆူး

        May 2, 2011 at 3:39 pm

        ချာတိတ်ရေ မြင်းသား ရောင်းရငွေ နဲ့တော့ လေယာဉ် လက်မှတ်ဖိုး မရနိုင်ဘူး။
        လောကကြီး က အကြောင်း အရင်လေ့လာအုန်း။

        အာဇာနည် မြင်း လို့ ပြောတဲ့ မြင်း ဆိုရင်တောင် မြင်းသား ဖြစ်မှာတော့ အချိန်နဲ့ ဆို လေယာဉ် လက်မှတ်ဖိုး ရပါ့မလား။

        ကစားကွင်းက လေယာဉ်လက်မှတ် ဖိုးနဲ့ တွက်နေတာကိုး.. သွား ကစားကွင်းမှာ သွားဆော့..

    • realman

      May 3, 2011 at 8:08 am

      ပြေလည်အောင်ပြောတတ်ရင် လေယာဉ်လောက်တော့ အလကားတောင် စီးလို့ ရပါတယ်၊ မဆူးရယ်။
      ဒါဆို မြင်သားရောင်းလို့ ရတာတောင် ပိုသွားဦးမှာ၊ အဲဒီလောက်အထိ လိုက်သင်ပေးနေရဦးမှာလား၊ ဟင့် . . . လူ အ . . . . . ။

  • တညင်သား

    April 30, 2011 at 1:56 am

    ကျွန်တော်က ခင်ဗျား ဘဝအကြောင်းလေးတွေ သိရတော့ နာမည်ပြောင်းစေချင်တာ….. သေချာတွေးကြည့်လိုက်တော့ ဒီနာမည်လေးနဲ့ လိုက်သားပဲနော့……………………………..

  • Lin Naing

    April 30, 2011 at 5:03 am

    I just surprise that you already learn alot about the religion, didn’t you learn any philosophy from them?

  • Shwe Tike Soe

    April 30, 2011 at 5:36 am

    အခု ပို.စ်တင်တဲ့ သူကို မေးချင်ပါတယ်..
    ဘာသာတရား(ကိုးကွယ်ယုံကြည့်မှု) ဆိုတာ ဘာကြောင့်ပေါ်လာတာလဲ..
    ပြီးတော့ ရှုံနိမ့်မှုများနဲ.လူ က အိမ်မှာ ဘုရားရှစ်ခိုးပါသလား.. ရှစ်ခိုးရင် ဘာကြောင့်ရှစ်ခိုးပါသလဲ..
    ကျွန်တော် တို. ဗုဒ္ဓဘုရားရှင်က ဘာလို.ဘုရားဖြစ်အောင်ကျင့်လဲ ဆိုတာ
    သိလား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ..

    အမှားပါရင်ခွင့်လွှတ်ပါ…

    • realman

      May 2, 2011 at 8:49 am

      ဘာသာရေးဆိုတာ လူတွေအတွက် အပိုပစ္စည်းတစ်မျိုးပဲ။
      ဥပမာ လူတွေနတ်တွေကို ယုံကြည်ကိုးကွယ်နေတာ နတ်ကတော်တွေအတွက်ကတော ရှယ်ပဲ။ လူတွေအတွက်ကတော့ အပိုဝန်ထမ်းနေရတာ ကူလီတွေလိုပဲ။ လူတွေယဉ်ကျေးနေကြတာဟာ လူ့သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သင်္ခန်စာတွေက သင်ပေးလိုက်လို့ ယဉ်ကျေးနေကြတာ ဘာသာရေးတွေကြောင့် မဟုတ်ပါဘူး။ ဘာသာရေးတွေက ဝင်အမြတ်ထုတ်ကြတာ။
      တကယ်တော့ ဗုဒ္ဓဘုရားပွင့်လာတာ ဘာသာရေးအတွက် မဟုတ်ပါ၊ လူတွေကို ဆင်းရဲတွေမှ ငြိမ်းအေးစေတဲ့ အသိတရားတွေ ဖြန့်ဝေပေးဖို့ပါ။ အဲဒါတွေကို အမွေဆက်ခံကြတဲ့ နှောင်းလူတွေက ဘာသာရေးဆိုပြီး လုပ်စားကြတော့ အင်း . . . ဆက်မပြောချင်တော့ပါဘူးလေ . . . . .။

  • nigimi77

    April 30, 2011 at 5:59 am

    အပေါ်က ဆရာက တော်တော် ပေါက်ကွဲနေတဲ့ ပုံပဲ။

    ရှုံး…လူ က ဒီဇင်ဘာတွေ ဘာညာဆိုတော့ ခရစ်ယာန် ဘာသာဝင် ထင်ပ။

  • yyin123

    April 30, 2011 at 6:04 am

    Shwe Tike Soe ပြောသလိုပါပဲ။ စာဖတ်ပြီး ဘယ်လိုဝင်ဆွေးနွေးရမလဲ စဉ်းစားနေတာ။ Higher Buddhist တွေ အနေနဲ့ကတော့ မိတ်ဆွေ ရေးသလို မဟုတ်နိုင်ပါ။ လူသာမာန် တွေ အနေနဲ့တော့ စိတ် ငြိမ်းချမ်းရာကို ရှာဖွေခြင်း နဲ့ နောင်ဘဝ ဆိုတာကိုတော့ မညင်းလိုပါ။ အနည်းငယ် မှန်ပါသည်။

    • realman

      May 2, 2011 at 9:28 am

      စိတ်ငြိမ်းချမ်းရာကို ရှာချင်ရင်တော့ စိတ်ငြိမ်ဆေးတွေသောက်ကြည့်ပါ။ တကယ်ငြိမ်းချမ်းပါလိမ့်မယ်။
      တကယ်က ဆင်းရဲမှ လွတ်တာကို ရှာရမှာ။ ဆင်းရဲတွေမှ လွတ်ချင်ရင် ဆင်းရဲတွေဖြစ်နေခြင်းနဲ့ ဆင်းရဲတွေဖြစ်ရတဲ့အကြောင်းတွေ သိအောင်လုပ် . . . အဟုတ်။ ဒါဆို အပီကို ဆင်းရဲမှ လွတ်လိမ့်မယ်ဗျာ။

  • yaunglone

    April 30, 2011 at 7:52 am

    နာမည်ကိုက ရှုံးနိမ့်မှုများနဲ့ လူ.. ဒီလူရေးထားတဲ့ ပို့စ်ကို ဘာမှ ဝင်ပြီး ဆွေးနွေးစရာ အကြောင်း မရှိတော့ပါဘူးဗျာ။ ဒီလူက အားလုံးကို အရှုံးပေးသွားတဲ့သူဆိုတော့ ဘာသာရေးဆိုတာ မရှိတော့ပါဘူး။ ဘာသာရေးကို နောက်ထားပါအုံး။ လူမှုရေး ရှိတဲ့သူနဲ့ မရှိတဲ့သူတို့ရဲ့ အကျိုးအပြစ်ကို ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အရင်သုံးသပ်ပြီးမှ သက်သေပြခိုင်းတဲ့ အချက်ကို လက်ခံ စဉ်းစားပေးနိုင်ပါလိမ့်မယ်။
    ရှုံးနိမ့်သူ ဆိုမှတော့ ဒီလူရဲ့ ဘဝကလည်း Zero ပဲ ရှိပါတော့တယ်။ အရင်က ကောမစ်မရေးဖူးပါဘူး။ အခုမှ မနေနိုင်လို့ ဝင်ရေးခြင်းဖြစ်ပါတယ်။ အခုပို့စ် ရေးတဲ့သူရဲ့ ဘဝဟာ ပြန်လည် ရှင်သန်(နောက်ဘဝတစ်ခုမှာ)နိုးထ လာခဲ့မယ်ဆိုလျင်တော့ ကျန်းဂန်တွေကို ပုံပြင်လိုသဘောထားတဲ့သူကို လက်တွေ့ သက်သေပြစရာတွေ အများကြီး ရှိပါတယ်ဗျ။

  • nigimi77

    April 30, 2011 at 8:20 am

    တယ်လာပါလား ဆရာ။ လုပ်ပါဦး။

    ပြကြည့်ပါ တကွက်လောက် 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2011 at 8:30 am

    မိုးပေါ်ကိုကြည့်လိုက်တော့နတ်ပြည် ပြောသာပြောတာ မြင်ရဘူး
    အောင်ကိုငုံ့ကြည့်လိုက်တော့ ငရဲပြည် ဒါလဲထိုနည်း၎င်း
    ခုကိုယ်ရပ်နေတာက ဘီလူးကျွန်း
    ဘယ်ကလာသလဲမမေးနဲ့ အိုက်ဒုန်းနိုး
    ဘယ်ကိုသွားမလဲမမေးနဲ့ အရက်ဆိုင် ဟုတ်ပါဘူးယောင်လို့ အိုင်ဒုန်းနိုး
    ဘာဘဲလုပ်လုပ် ဘာမှမဖြစ်တဲ့အတွက်
    ရီးတီးယားတားတော့လာမလုပ်နဲ့
    ကိုင်ထားတာ
    နှစ်လုံးပြူး
    ဟုတ်ပါဘူး ယားလို့ကုပ်နေတာ

  • ဟုတ်တယ်ဗျို့.. အဲလိုပြောပြတာတွေလိုချင်လို့ ခုလို ပွအောင် ဖွလိုက်တာ
    ခုပဲ ပြန်ရှင်သန်မွေးဖွားလာတဲ့ လူတစ်ယောက်လို့ သဘောထားပြီး တစ်ကွက်လောက် ထုတ်ပြပါလား
    တစ်ကယ်ပဲ သိချင်လို့ပါ။ အတော်လေး စိတ်ဝင်စားစရာကောင်းလို့

  • ဆူး

    April 30, 2011 at 8:42 am

    ဦးကြောင်ကြီးရဲ့ ကွန်မန်းက အတိုင်းပါပဲ။

    လက်တွေ့ပြပါ အော်နေတဲ့ လူတွေ လက်တွေ့ ပြမယ် တရားထိုင်ကြ ဆိုရင် ပေကပ်ပြီး ထိုင်ချင်ကြမှာ မဟုတ်ဘူး။
    ဘယ်အရာမှ အလကား မရဘူး။

    မွေးကတည်းက မျက်စိ မမြင်တဲ့ လူက အနီ အဝါ အပြာ ပြောရင်လည်း မမြင်ဘူးတဲ့ အတွက် အရောင်ဆိုတာ ဘာမှန်း သိမှာ မဟုတ်ဘူး။
    မြင်ဖူး မှ မြင်ခဲ့ဘူးတာနဲ့ တွဲပြီး သိနိုင်မှာပါ။ ကိုယ်မမြင် မသိတဲ့ အရာကို သိအောင် မကြိုးစားဘဲ ဘုတော တဲ့ လူကတော့ ငါ့မြင်း ငါစိုင်း ရောက်ချင်ရာ ရောက်ဘဲ ဖြစ်မှာပါဘဲ။

    • realman

      May 2, 2011 at 9:04 am

      လူတွေကို လက်တွေ့ ပြမယ် တရားထိုင်ကြ ဆိုရင်တော့ တရားထိုင်လို့ စိတ်ငြိမ်တဲ့ (feeling)ပဲတွေ့မှာပဲ။ တရားတော့တွေ့မှာမဟုတ်ဘူး။
      တရားကောထိုင်ဘူးရဲ့လား။ အထိုင်ကြာရင်တော့ ညောင်းတာပေါ့။ ဆက်ပေးပြီးထိုင်ရင် မတရားထိုင်တယ်လို့ ပြောရတော့မယ်။
      စိတ်ငြိမ်တဲ့ (feeling)အတွက်ကတာ့ အညောင်းထိုင်မနေပါနဲ့ဗျာ၊ စိတ်ငြိမ်ဆေးသောက်ရင်ရပါတယ်။

      • ဆူး

        May 2, 2011 at 3:27 pm

        စိတ်ငြိမ်ဆေး နေ့တိုင်း သောက်တဲ့ လူ ဘာဖြစ်တတ်လဲ သိသလား စွဲသွားရင်ကော ဘယ်လို အကျိုးဆက်တွေ ဖြစ်လား။ မသိသေးရင် အရင်လေ့လာ လိုက်ပါအုန်း။ ပြီးမှ ဆက်ပြောတာပေါ့။
        သိပ္ပံ လောက က လည်း ယောဂ ကျင့်စဉ် ကဲ့သို့ စိတ်ငြိမ်အောင် လုပ်တဲ့ လမ်းစဉ်များ တရားထိုင်ခြင်း အပြင် တရုတ်တွေ ရဲ့ သိုင်းကျင့်စဉ် စတာတွေက တရားထိုင်ခြင်း တရားမှတ်ခြင်းရဲ့ အခြေခံ အချက်တွေပါဘဲ။

        တရားထိုင်ခြင်းက စိတ်ငြိမ်စေတဲ့ ခံစားချက် အတွက် ထိုင်တာ ဟုတ်ပါတယ်။ အထိုင်ကြာလို့ ညောင်းတယ် ဆိုတာ တရားမလုပ်ချင်လို့ အသံကောင်းဟစ်နေတဲ့ လူတွေ လက်သုံးစကားပါ။
        လောဘ ဒေါသ မောဟ များတဲ့လူ တရားထိုင်ခိုင်းရင် တရားမှာ မပျော်မွေ့ဘဲ.. ဒဏ်ရာ မရှိဘဲ သတ်နေသလားလို့ မေးကြတယ်။ ကိုယ့်စိတ်ကို မနိုင်ဘူး ထင်လို့ မထိုင်ချင်လို့ စိတ်ငြိမ်ဆေး သောက်လို့ ရမယ် ထင်ရင် သောက်ပါ.. ကိုယ်ကြိုက်တာ ကိုယ်လုပ်ပိုင်ခွင့် ရှိတဲ့ အတွက် သောက်ခြင်း မသောက်ခြင်း ဆူး တို့နဲ့ မဆိုင်ပါဘူး။
        တရားထိုင်တယ်လို့သာ လူတွေ လွယ်လွယ် ပြောတာပါ။ တရားမှတ်တယ် ဆိုရင် ပိုမှန်မယ်။ အရိယာပုဒ် အမျိုးမျိုးနဲ့ လှုပ်ရှားမှုတိုင်းနဲ့ စိတ်ရဲ့ ဖြစ်စဉ်ကို လေ့လာတဲ့ အလုပ်ပါ။

        စီးသာစီး ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်… ဒီခေတ်ကြီးမှာ စစ်ကိုင်းတင်မကဘူး နိုင်ငံခြားအထိပါ စီးခွင့်ရှိနေပြီ။

      • realman

        May 3, 2011 at 8:26 am

        တရားထိုင်ခြင်းရဲ့ဘေးထွက် ဆိုးကျိုး

        စိတ်ငြိမ်ဆေးတွေ နေ့တိုင်း သောက် . . . . ဆေးစွဲ . . . . . လူမွဲ . . . . . ဒုက္ခရောက် . . . . ။
        တရားအမြဲထိုင်တဲ့သူ အထိုင်စွဲသွားတော့ အညောင်းမိ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ ဒူလာစွဲ၊ အလုပ်အကိုင်ပျက်၊ ကြားတော့ ဘာမှ မလုပ်ချင်၊ မပြောချင် . . . . လူပျင်း၊ လူတုံးကြီးဖြစ် . . . . .။

        ဒုက္ခဆင်းရဲတွေငြိမ်းဖို့က ဆင်းရဲဒုက္ခနဲ့ ဆင်းရဲကြောင်းတွေ သိအောင်လုပ် . . . အဟုတ်ငြိမ်း . .တယ်။

        သီးသန့်ကြီးထိုင်နေရင်တော့ အထိုင်ကြာတော့ ညောင်းမှာ .. .. .. မညောင်းချင်ရင် ထုံဆေးထိုးထိုင်။

  • yaunglone

    April 30, 2011 at 12:12 pm

    လက်တွေ့ပြဖို့ ဆိုတာကတော့ ဆူး ပြောသလိုပါပဲ။ မျက်မမြင် ပုဏ္ဏား လေး ယောက်ကို ဆင် ကြီး တစ်ကောင်ကို စမ်းပြီး သူတို့ ထင်ရာမြင်ရာကို ပဲ ပြန်ပြီး ပြောကြမယ့် သူတွေလို ဖြစ်သွားပါလိမ့်မယ်။ မမြင်ဖူးတဲ့သူကို ပြရင် ဘာကြီးမှန်း မသိဘူး ဆိုပြီး ကိုယ်တိုင်ကြုံဖူးသူတွေ၊ ဘာသာရေး ယုံကြည်ချက်တွေကို ပြန်လည် ချေပ ပြောဆိုနေတာ နဲ့ပဲ သံသရာဆုံးသွားပါလိမ့်မယ်။ အဲဒီတော့ လက်တွေ့ပြတာ သိချင်တယ် ဆိုရင်တော့ အခြေအနေ တစ်ရပ်ရပ်ကို ကိုယ်တိုင် ယုံကြည်အောင် အရင် အသက်မွေးပြီး ကျင့်ကြံကြည့်လိုက်ပါအုံးလို့ပဲ ပြောချင်ပါတယ်။ အဲဒီအချိန်မှာ လက်တွေ့ဆိုတာ ပြပြီးသား ဖြစ်သွားပါလိမ့်မယ်။

  • တညင်သား

    April 30, 2011 at 4:20 pm

    ကျွန်တော် သိရသလောက်ကတော့ ဗုဒ္ဓ သာသနာကို ဝင်လို့လဲ ရတယ် ထွက်လို့လဲ ရတယ် စည်းကမ်းမရှိတဲ့ သာသနာတော့ မဟုတ်ဘူး………. ပြောချင်တာက တခြားသောဘာသာတွေလို ဝင်ပြီးရင် ထွက်လို့ မရတဲ့ ဘာသာမဟုတ်တော့ ဝေဖန်နေမဲ့ အစား ကိုယ်တိုင် အချိန်းလေးနဲနဲ ပေးပြီး လေ့လာလို့ ရပါတယ်…..ဒီလို ဝင်ရောက်ခဲ့ရင်လဲ ဗုဒ္ဓ ဘာသာဖြစ်သွားမှာပဲလို့ မစိုးရိမ်ကြပါနဲ့ ….. မည်သူမဆို ကိုယ်တိုင်ဝင်ရောက် ကျင့်ကြံ အားထုတ်နိင်ပါတယ်… ကွန်မန်းပေးသူများကလဲ ကို့အသိနဲ့ သာသနာအကြောင်း နဲ့ ရေးပြနေတာ တထပ်ထဲမကြနိုင်ရင်တော့ တခြားသောသူများထောက်ကွက်ဖြစ်စရာပါ……………………….

    မျက်မမြင် ပုဏ္ဏား လေးယောက်တော့ နဲပါတယ် နှစ်ယောက်လောက် ထပ်တိုးကြည့်ပါအုံး…. အားလုံးကို ကျေးဇူးတင်ပါတယ်…………

  • noob

    April 30, 2011 at 4:22 pm

    ငယ်ငယ်တုန်းက စက်ဘီးတစီးရပါစေဆိုပြီး ညတိုင်းဆုတောင်းတယ် နောက်ဆုံး ဘာမှမဖြစ်လာဘူး အဲဒီတော့ သူများစက်ဘီးကို ခိုးလာပြီး ခွင့်လွတ်ပေးဖိုပဲဆုတောင်းတော့တယ်

  • kai

    April 30, 2011 at 9:04 pm

    လူသားဟာ.. ဒီကမ္ဘာမြေမှာ… လူသတ္တဝါရယ်လို့စဖြစ်လာကတည်းက.. ကိုးကွယ်ရာအမှီရှာချင်တယ်..။
    အဲဒီမှာ တခြားသတ္တဝါတွေထက်..သိသိသာသာပိုကဲတယ်..။
    ဒီလိုနဲ့..
    မိုးကြိုးပစ်ချ… မိုးကြိုးထိုင်ကန်တော့..ကိုးကွယ်..
    ငလျှင်လှုပ်.. မြေကြီးကိုးကွယ်..။
    စားနပ်ရိက္ခာများများပေါပေါရဖို့အရေး.. ဆိုင်ရာနတ်တွေ..အရုပ်တွေ စိတ္တဇနဲ့ ဖန်တီး.. ကိုးကွယ်.. စသဖြင့် လုပ်ကြတာပါ..။
    လူတဦး.. ပစ္စည်းတခု.. ဂမ္ဘီရ miracle ဖြစ်တာနဲ ့.. ကိုးကွယ်ဆည်းကပ်တယ်ဆိုတာတွေဖြစ်လာတာပေ့ါ..။

    ယဉ်ကျေးမှုတွေတိုးတက်လာပြီး.. လူတွေ.. အသိုင်းအဝိုင်း.. မိသားစု..အစိုးရနဲ့နေတတ်ထိုင်တတ်လာတော့… ဘာသာရေးဟာ.. လူသားရဲ့ ဘဝနဲ့အရာရာကို ချုပ်နှောင်လိုက်ပါတော့တယ်..။
    ရှေးဥရောပက.. လူတွေကို rules လုပ်တာမှာ.. ဘာသာရေးချချ်တွေနဲ့.. ဘုရင်ပဲရှိခဲ့တာပေါ့.။
    In the past, either the church or the king always ruled the serfs, or the common man. All the land was explored and in most cases owned by some lord.
    http://www.glennbeck.com/2011/01/21/the-only-debate-that-matters-the-american-experiment/
    အစ္စလမ်ဘာသာစပေါ်လာခဲ့တဲ့… အာရတ်တိုင်းပြည်တွေလည်း.. ဒီအတိုင်းပဲ..။
    ပြောရရင်.. အခုထိ.. အစ္စလမ်မစ်တိုင်းပြည်တွေဟာ .. ကိုရမ်ကျမ်းနဲ့ တရားရေးကို ကိုင်တွယ်အုပ်ချုပ်နေတာဖြစ်ပြီး… ယူအက်စ်လိုနိုင်ငံကြီးတောင်… သမ္မာကျမ်းနဲ့..ကိုင်ထားအုပ်ချုပ်နေတယ်… ပြောလို့ရပါတယ်..။
    မြန်မာပြည်အခုလို နိုင်ငံနေရာဖြစ်တာလည်း .. ဘာသာရေးကြောင့်ပါပဲ..။

    ဆိုတော့..တိုတိုပြောရရင်…
    ဘာသာရေးဆိုတာ လူတွေဘဝကို တစ်ကယ်ပဲ ပိုင်စိုးနေပါတယ်…။

    ထားပါတော့…
    ထင်တာဝင်ပြောရရင်တော့.. နောင်အနှစ်၅ဝကနေ ၁၀ဝအတွင်း ကမ္ဘာ့ဘာသာကြီးတွေ..မှေးမှိန်ပျောက်ကွယ်သွားမှာပါပဲ..။
    ဘာသာရေးကိုးကွယ်ယုံကြည်မှုဆိုတာဟာ ..လူတွေရဲ့ စိတ္တဇတမျိုးပဲလို့… သိပ္ပံကနေ တိတိကျကျသက်သေတွေပြလာပြီး … လူတွေလည်း အသိဉာဏ်တွေ ဆေးသိပ္ပံအကူအညီနဲ့.. တိုးတက်လာမှာမို ့ပါ..။
    ===========
    အဲဒီဖန်ဆင်းရှင်ကို ကိုးကွယ်တဲ့.. အနှောင်အဖွဲ ့တွေကနေ လွတ်အောင်ရုံးထွက်သူတွေကို.. atheist လို့ခေါ်ရမယ်.။

    ဘာမှကို အနှောင်အဖွဲ ့မထားပဲ.. လွတ်လပ်စွာနေသူတွေကိုတော့ ..
    Freethinker လို့လည်းခေါ်လို့ရမယ်ပေါ့..။
    ကြည့်ရတာ..ကိုရင်( ရှုံးနိမ့်မှုများနှင့်..လူ)က..Freethinker ဖက်ကို ရွေ ့နေတာနဲ့တူတယ်..။ ဒါမှမဟုတ်..Freethinker ပေါ့..။
    လွတ်လပ်သူလို့ ခေါ်လို့ရတော့မယ်ထင်တယ်..။ 🙂

    Question:
    What is a freethinker?

    Answer:
    A standard dictionary defines a freethinker as “one that forms opinions on the basis of reason independently of authority; especially one who doubts or denies religious dogma.” What this means is that to be a freethinker, a person has to be willing to consider any idea and any possibility. The standard for deciding the truth-value of claims is not tradition, dogma, or authorities — instead, it must be reason and logic.

    • realman

      May 2, 2011 at 9:08 am

      ဘာသာရေးကို ဘေးသာရာလိုက်ပါတော့ kokai ရာ။ အသိတရားသာ အသုံးတည့်တာ။

  • ဒီလိုအခြေကို လိုချင်နေတာသူကြီးရေ၊ လူတွေကတော့ ကိုယ်ယူထားတဲ့ အယူဝါဒကို ဆုပ်ကိုင်ပြီးတော့ ပြောကြမှာပါပဲ။ ကျွန်တော်ကတော့ အဲလိုချမှတ်ထားတဲဘောင် ကျဉ်းကျဉ်းလေးတွေထဲကနေ အပြင်ကို ရုံးထွက်ပြီးတော့ ကွင်းထဲမှာ တစ်ဖက်နဲ့ တစ်ဖက် ဘောလုံးကန်နေကြသလိုမျိုး ပွဲလေးတစ်ခုကို ထိုင်ကြည့်နေမိတယ်။ ဘာပဲပြောပြော ကန်နေတဲ့သူတွေကတော့ သူတို့ပိုင်နိုင်ရာနေရာကနေ သူတို့လိုချင်တဲ့ အောင်မြင်မှုကို နည်းပြတွေရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲဖြစ်ဖြစ်၊ ၎င်းတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲဖြစ်ဖြစ် ကန်နေကြမှာပါပဲ။ ကျွန်တော်ကတော့ ပွဲကြည့်ပရိသတ် သက်သက်သာဖြစ်တဲ့အတွက် သူတို့ရဲ့ ကောင်းကွက်လေးတွေရော၊ လိုအပ်ချက်တွေပါ မြင်ရတာပေါ့။

    ရင်ထဲမှာ ဘာကိုမှ လက်ခံထားခြင်းမရှိတဲ့အတွက် ဘယ်ဘာသာတရားကမှ ကျွန်တော့်စိတ်ကို ချုပ်ကိုင်ထားခြင်းမရှိပါ။ ထို့ကြောင့် ဘယ်ဘာသာတရားပေါ်မှာမှလဲ ချစ်ခြင်း၊ မုန်းခြင်းမရှိပါ။ ကိုယ့်ဖာသာ ကောင်းအောင်နေပြီး အချိန်တန်ရင် နားခိုရမယ့် တစ်နေရာသို့သာ တစ်ရွေ့ရွေ့ဆက်လက် ချီတက်နေဆဲပါ။ ဘယ်ဘာသာတရားမှ မကိုးကွယ်ခြင်းကြောင့် နတ်ပြည်လဲမရောက်၊ ထာဝရကောင်းကင်ဘုံလဲမရောက်၊ ငရဲသို့လဲ မရောက်ဘဲ အလယ်မှာပဲ နေပြီး ပြီးသွားမယ်လို့ထင်တာပါပဲနော့။ ဘာသာတစ်ခုခုကို ကိုးကွယ်ရင်သာ အဲဒီဘာသာက ချီးမြှောက်ခြင်း၊ အပြစ်ပေးခြင်းကို ခံနေရမယ်မလား။ ခုတော့ ဘယ်သူမှ ဘာမှ လာလုပ်လို့မရတော့ဘူးပေါ့။

    ဒီလိုပဲ အမြင်ထားရှိပါတယ်။

    • realman

      May 2, 2011 at 9:18 am

      ရင်ထဲမှာ ဘာကိုမှ လက်ခံထားခြင်းမရှိတဲ့ဟာကြီးကို လက်ခံထားသလို ဖြစ်နေဦးမယ်နော်။
      တစ်ခုခုတော့ လက်ခံထားဦး။ အဲဒါကိုတော့ ညွှန်ပေးလိုက်မယ်။ ကြိုက်ရင်လက်ခံပေါ့။
      အဲဒါကတော့ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ ဆင်းရဲငြိမ်းစေတဲ့ အသိတရားတွေပဲ။ အဲဒါ ဘာသာရေးမဟုတ်ဘူးနော်။ အသိပညာ . . .။

  • kopauk mandalay

    May 2, 2011 at 4:01 pm

    မြေပုံမပါဘဲ ခရီးသွားရင် ကြာလဲ ကြာတယ် လမ်းမှားလည်းရောက်နိုင်ပါတယ်။
    အဲတာ့ မြေပုံမပါဘဲခရီးသွားလိုသူကလဲ သွားနိုင်ပါတယ်။
    ကိုယ့်သဘောကိုယ်ဆောင်ပါ။
    မြေပုံဆိုတာကလဲ အဲဒီကိုရောက်ဘူးတဲ့သူက သူ့သင်္ကေတလေးနဲ့သူဆွဲမှာပါ။
    အဲတော့ကိုယ်ကြိုက်တဲ့မြေပုံအညွန်းကိုယူသုံးလိုက်ပါ။
    ကိုယ့်သုံးတဲ့မြေပုံအညွှန်းနဲ့သူသုံးတဲ့မြေပုံအညွန်း ဘယ်သူ့ဟာပိုကောင်းသလဲလို့ တော့ ငြင်းမနေပါနဲ့။
    မြေပုံကြည့်နေရုံနဲ့ကိုယ်သွားချင်တဲ့နေရာမရောက်တာသေချာပါတယ်။
    အဲတော့ ကိုယ်ရောက်ချင်ရင်ကိုလျှောက်ရုံပါဘဲ။
    ဒီလောက်ဆိုသဘောပေါက်……….
    ဒီလောက်ဆိုသဘောပေါက်……….
    ဒီလောက်ဆိုသဘောပေါက်……….
    ဒီလောက်ဆိုသဘောပေါက်……….
    ဒီလောက်ဆိုသဘောပေါက်……….
    ဒီလောက်ဆိုသဘောပေါက်……….

  • ပေါက်သလိုလို မပေါက်သလိုလိုနဲ့ ပေါက်တယ်လို့တော့ထင်သား လေးပေါက်ရေ..
    နောက်တာပါ… ကျွန်တော်က သူများတွေရဲ့ အမြင်ကို သိပ်သိချင်လို့ရယ်၊ ကိုယ့်ခံယူချက်ရယ်ကို ချပြတာပါ.. ဘာကိုမှ တိုက်ခိုက်လိုရင်း စိတ်စေတနာမပါရှိကြောင်း ပြောလိုပါတယ်.. ခု realman ဆိုတာ ကျွန်တော့်ကလောင်ပွားမဟုတ်ကြောင်းကိုလဲ သိစေလိုပါတယ်… တစ်ချို့တွေက အဲလိုထင်မှာစိုးလို့ ကြိုရှင်းပြထားတာပါ။

  • kai

    May 3, 2011 at 1:40 am

    မောင်ဝဏ္ဏရေးဖူးတဲ့ ကာတွန်းသတိရမိတယ်..။
    “တနေ့တလံ ပုဂံဘယ်ရွေ ့မလဲ..။”
    “ပုဂံက ဘယ်မှမရွေ ့ပါ။ ပြောင်းပြန်ကြီးဖြစ်နေသောကြောင့်..”

    (အတိအကျတော့မဟုတ်)အဲဒီလိုမှတ်မိတယ်..။

  • kai

    May 3, 2011 at 8:43 am

    အိုဘားမားက..ဘင်လာဒင်ကိုသတ်လိုက်တဲ့အကြောင်း လူထုကိုရှင်းပြတဲ့မိန်းခွန်းမှာ ထည့်ပြောသွားတဲ့စကားထဲက..ကောက်နှုတ်ချက်ပါ…။
    အရှည်ကို ဖတ်ချင်ရင်..
    http://articles.cnn.com/2011-05-02/world/bin.laden.announcement_1_qaeda-bin-afghan-border?_s=PM:WORLD
    Let us remember that we can do these things not just because of wealth or power, but because of who we are: one nation, under God, indivisible, with liberty and justice for all.
    Thank you. May God bless you. And may God bless the United States of America.

    ..ဘာသာရေးဆိုတာဟာ..အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူလူတန်းစားမှာ.. အုပ်ချုပ်ခံလူတန်းစားကို သိပ်.ရုံးကန်မနေအောင်…လိုရာသုံးနိုင်အောင်.. ထိန်းချုပ်တဲ့ပါဝါတမျိုးလိုဖြစ်နေတာလို့..ဒီနှစ်ပိုင်း ယူအက်စ်ရဲ့ နိုင်ငံရေးစံနစ်ကိုလေ့လာမိသလောက်သဘောပေါက်မိတယ်..။

    ဥရောပရဲ့ ရှေး… ရိုမန်ကက်တလစ်မှာ ဒီအယူအဆဟာရှေးကတည်းကရှိခဲ့ပုံပေါ်ပြီး..သမ္မာကျမ်းတွေကို သာမန်လူတွေဖတ်ခွင့်မပေးလောက်အောင်ကို .. လုပ်ထားခဲ့ပြီး..သမ္မာကျမ်းကို..အုပ်ချုပ်သူတွေရဲ့ လက်ကိုင်ကျမ်းအဖြစ်တောင်သုံးခဲ့ဖူးတယ်လို့ ဖတ်ဖူးပါတယ်..။
    မြန်မာပြည်နိုင်ငံရေး လေ့လာမိသလောက်လည်း.. သက်ဦးဆံပိုင်ဘုရင်စံနစ်ခေတ်..(အနော်ရထာ)လက်ထက်ကစလို့.. စစ်ဘုရင်တွေ..မင်းတွေ.. ဦးနုအပါအဝင်.. တပ်မတော်အစိုးရတွေလည်း… ဒီလိုမျိုး ဘာသာရေးကို အသုံးချခဲ့တယ်.. လူထုကို ပုံစံချတယ်တွေ့မိတယ်..။
    လုံးဝကို ပြန်မလှန်ရဲပဲ..ခေါင်းငိုက်စိုက်ကျသွားအောင်.. အသေခံရဲအောင်.. ဒူးထောက်ကျအောင်.. အညံ့ခံသွားအောင်.. ဘာသာရေးကပဲ..လုပ်နိုင်စွမ်းတယ်လေ…။

    ဆိုတော့..
    … ကမ္ဘာကြီးကဘာလုပ်နေတယ်.. ကွန်မြူနစ်..ဆိုရှယ်လစ်..နာဇီ..ဖက်ဆစ်..အရှင်းရှင်..ဒီမိုကရေစီ အစိုးရတွေဘာလုပ်နေ(ခဲ့)တယ်..။
    ကိုးကွယ်ရာဘာသာကြီးတွေရဲ့ ခေါင်းကိုင် ဆရာတော်ကြီးတွေ..ဘုန်းတော်ကြီးတွေ..ရဟန်းမင်းတွေ.. ဆရာတွေဘာလုပ်နေသလည်း..ဘာရည်ရွယ်သလည်း.. ဘယ်လိုလူတန်းစားကိုခွဲထုတ်ကြသလည်း… ဘယ်လိုငြိမ်ဝပ်ပိပြားနေအောင်.. တရားဟောပြောကြသလည်း.. ..လူတွေမှာဘယ်လိုအပြစ်တွေရှိနေအောင်လုပ်ကြသလည်း… ဘယ်လိုအပြစ်တွေပြေအောင် လုပ်ပေးနိုင်တယ်ပြောကြသလည်း.. .သေသေချာချာမဟုတ်တောင်..နည်းနည်းရိပ်မှန်းသံဖမ်းလေးတော့..ဒို့ရွာသားတွေ… သိထားဖို့ပါပဲ..။

    ဒီအကြောင်းနဲ့ ပါတ်သက်ပြီး အားရင်.. စာတပုဒ်လောက်ရေးမယ် စိတ်ကူးထားပါတယ်..။

    အခုတော့..အမေရိကားကို..ခေါင်းကိုင်နေရာကထိုင်နေတဲ့..အဖွဲ ့အစည်း တခုအကြောင်း..ဖတ်ရအောင် လင့်ခ်ပေးမယ်နော..
    အားရင်ဖတ်ကြည့်ပေါ့..။
    http://news.muckety.com/2008/06/19/skull-and-bones-society-losing-its-grip-on-american-presidency/3531
    အာဏာခေါင်းကိုင်…လျှို ့ဝှက်အဖွဲ ့တွေအကြောင်းလည်း..အားရင်ဖတ်ကြပေါ့..။
    ဒီလိုအဖွဲ ့အစည်းတွေဟာ.. လူထုကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ.. စံနစ်တကျသိကြတယ်..။
    http://www.atlanteanconspiracy.com/2008/06/secret-society-network-part-1.html

  • အာဖျံ ကွီး

    May 3, 2011 at 10:38 am

    စာပန်းအိမ်က ဂိုက်ဆရာရေ …..
    အာဖျံကွီးလဲ စာပန်းအိမ်မှာ ဘော်ဒါနေလာခဲ့တဲ့သူဆိုတော့ .. စေတနာနဲ.အကြံပေးပါရစေ …..

    မြန်မာနိုင်ငံမှ ပထမတန်းစား ဘာသာရေးနှင့် ဒုတိယတန်းစား ဘာသာရေး အစသဖြင့်သော သိမှတ်ဖွယ်ရာများကို လက်လှမ်းမှီရာ လေ့လာဖူးပါလျက်နဲ. ဘာလို.ဒီလိုအတွေးတွေ ရှိနေသေးသလဲ / ဘာလို.မမြင်ခဲ့ရတာလဲ ဆိုတာကိုတော့ မစဉ်းစားတတ်တော့ပါ။

    ဒီဇင်ဘာ ရက်များကို မြတ်နိုးစွာ ဖြတ်ကျော်ခဲ့ဖူးတယ်ဆိုလို. .. စာပန်းအိမ်မှာတုန်းက အဖြစ်အပျက်တစ်ခုကို ပြောပြပါရစေ။ သူငယ်ချင်းကောင်မလေးတစ်ယောက် ၉ တန်းတုန်းက ဗုဒ္ဓဘာသာ၊ ၁ဝ တန်းအဆောင်လဲ ပြန်ဝင်ရော .. ဒီဇင်ဘာမှာပျော်တတ်တဲ့ ဘာသာဝင်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ ကိုယ်လဲ နင်ဘာလို. ဒီလိုဘာသာပြောင်းရတာလဲလို. အနည်းငယ်တီးခေါက်ကြည့်တော့ .. သူ.ရဲ.အသစ်ဘာသာက ပျော်စရာကြီး၊ သီချင်းဆို၊ ဂီတာတီး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ.ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေလို.ရတယ်၊ လက်ဆောင်တွေပေး/ယူကြနဲ. .. အဟောင်းဘာသာက ဥပုသ်စောင့်ရတော့ ထမင်းငတ်တယ် .. တရားထိုင်ရတော့ ဖင်ညောင်းတယ် .. တဲ့ … သူငယ်ချင်းကောင်မလေးရဲ. ကြီးကျယ်ခန်းနားတဲ့ ဘာသာပြောင်းရတဲ့ အတွေးအခေါ်တွေအောက်မှာ (she is a lack of understanding) ပဲဆိုတဲ့အတွေးနဲ.ပေါ့ …

    အပေါ်ကအကြောင်းအရာကတော့ ကိုယ့်ကြုံခဲ့ရတာကို ပြောပြတာပေါ့လေ .. အဓိက ပြောချင်တာက …

    တကယ်လေ့လာခဲ့ပီးပီလား ??? အမှန်လေ့လာခဲ့တာလား ??? ဟုတ်ကောဟုတ်ရဲ.လား လေ့လာခဲ့တာ ??? ကိုယ့်ဆရာတစ်ယောက် မသိမသာ နည်းနည်းတို.ကြည့်ပီး ပြောနေတာတော့ မဟုတ်လောက်ပါဘူးနော … အာဖျံကွီးက ဗုဒ္ဓဘာသာမိဘကမွေးလို. ဗုဒ္ဓဘာသာ အော်တိုမစ်တစ် ဖြစ်လာခဲ့ပေမဲ့ ကိုယ်တိုင် ရှာဖွေ ကျေနပ် ဘဝင်ကျခဲ့တာပါ။

    ရိုးရိုးလေးတချက်ထပ်စဉ်းစားကြည့်ရအောင်ပါ ….
    ဘယ်ဘာသာတွေက ဘာသာဝင်များများရအောင်စုနေသလဲ ??? ဝင်ပီးရင်ကော ထွက်လို.ရရဲ.လား ??? ထွက်ရင်ကော .. ဘယ်သူတွေပဲ ကျိန်စာ လက်ဆောင်တွေ ထည့်ပေးလိုက်သလဲ ??? ကဲ … တရားမထိုင်ရလို. ဖင်ပဲမနာတာ … သူတို.တကယ်တမ်းလွတ်လပ်ကြရဲ.လား ??? စဉ်းစားစရာတွေပါ …

    လောကကြီးမှာ .. တန်ဖိုးရှိတဲ့အရာတွေက ပိုင်ဆိုင်ဖို.ခက်ခဲတတ်ကြပါတယ် … အဲဒီတော့ … ဘာကြိုးစားအားထုတ်မှုမှမရှိပဲနဲ. မရတာကို / မသိတာကို စပျစ်သီးချဉ်တယ်လို.မှတ်ရင်တော့ဖြင့် … လူကြားကောင်းအောင် လေ့လာခဲ့တယ်လို. ပြောရင်တော့ဖြင့် … ဂိုက်ဆရာရယ် … တွေးသာကြည့်ပါတော့

    အခုလိုပြောပြကြည့်တာကလဲ … လေ့လာဖူးတယ်လို.ပြောလို.ပါ .. နို.မို.ဆို … ဘာသာခြားကို တရားချဖို. အတွေးမရှိပါကြောင်း ….

  • naysukyal

    May 3, 2011 at 11:23 am

    ဘယ်သူတွေဘာပဲပြောပြော ကျနော်ကတော့
    ဗုဒ္ဓကိုအယုံကြည်ဆုံးအလေးစားဆုံးပါ။
    ဗုဒ္ဓ ကိုယ်တိုင်ကလဲဟောခဲ့ပါတယ်
    ဘယ်သူ့ကိုမှမကိုးကွယ်ပါနဲ့
    သူ့ကိုလဲမကိုးပါနဲ့
    မိမိကိုသာကိုးကွယ်ပါတဲ့…

    ကျနော်တို့တွေအားလုံးလဲမိမိကိုသာအကောင်းဆုံး လူတယောက်ဖြစ်အောင်သာကျင့်ကြံနေထိုင်မယ်ဆိုရင်တော့ လူ့လောကကမာ္ဘကြီးဟာ ဘယ်လောက်တောင်သာယာအေးချမ်းလိုက်မလဲ..
    ဘယ်တရားမှလဲမလိုဘယ်ဘုရားမှလဲမလိုဘူးပေါ့
    ခုတော့..လူတွေဟာမကောင်းတာတွေလုပ်လာကြတော့
    ဆုံးမပြင်ဆင်ပေးမယ့်ဘာသာရေးတွေဆိုတာပေါ်လာခဲ့ရတာပေါ့
    တကယ်တန်းလူတွေမှာသာ..လမ်းပြပေးစရာမလိုတဲ့အသိညဏ်တွေရှိခဲ့မယ်ဆိုရင်..ဘုရားဆိုတာရှိလာမှာမဟုတ်ပါဘူး..
    အားလုံးအလယ်အလတ်လမ်းကိုပဲလျှေက်လှမ်းနိုင်မှာပါလို့မျှော်လင့်ပါတယ်

    နေစုကြယ်

  • ကြေးမုံ

    May 3, 2011 at 3:57 pm

    ဗုဒ္ဒဘာသာ ကို ကိုးကွယ် စရာ ဘာသာ တစ်ခု့ လို့
    လွယ်လွယ် ပြော နေတာကိုက မှားနေပါတယ် လို့ဘဲထင်မိပါတယ်။

    ဗုဒ္ဒ အတွေးအခေါ် ။ ထေရဝါဒ ။ အနက် ကို သေသေချာချာ နားလည်မယ်ဆိုရင်
    ဒီလောက်တောင် ပြစ်တင်ဝေဖန် နေကြမယ် မထင်ပါဘူး။

    ဗုဒ္ဓ ကိုယ်တိုင်ကလဲဟောခဲ့ပါတယ်။
    ဘယ်သူ့ကိုမှမကိုးကွယ်ပါနဲ့။သူ့ကိုလဲမကိုးကွယ်ပါနဲ့။
    မိမိကိုယ်သာကိုးကွယ်ရာ ပါတဲ့…

    ဗုဒ္ဒ က သူ့ ခေတ် သူ့ အခါ က သူကိုယ်တိုင် ကျင့် ကြံ အားထုတ် တွေးခေါ် မှု တွေ ကို
    အကျိုး အကြောင်း စပ်ဆက် ပြီး ရှင်းလင်း ပြော ပြ ထားခြင်းပါ။

    လိုက်လုပ်ကြည့် ပါ လို့ လဲ ဆွယ်တရား မဟော ခဲ့ ပါဘူး။

    ကိုယ် ကိုယ် တိုင် ကြိုး စား မှ့ ဘာမ ဆို ဖြစ် နိုင်တဲ့ အလွန်လက်တွေ့ ဆန်လွန်း တဲ့
    အယူဝါဒ ရှိသော အတွေးအခေါ် သမား ကောင်း တစ်ယောက် သာ ဖြစ်မှာပါ။

    မိုးပေါ် ကို ကြည့် လိုက်လဲ နတ် ပြည် ကိုမပြ နိုင်ဘူး။
    အောက်ကို ငုံ့ ကြည့် လဲ ငရ ဲ ပြည် ကို မပြ နိုင်ဘူး။

    ဒါပေမဲ့ ဆင်းရဲ ။ချမ်းသာ ဆိုတာ ကို တော့ အမှန် တကယ် လက်တွေ့ ပြ နိုင်ပါတယ်။

    အမိဝမ်း ထဲ အတူတူ မွေး တာခြင်း အတူတူ တောင် ဘဝပေး အကျိုး ပေး ပုံ ။
    ပေးနည်း ခြင်း မတူ လို့ ရာထူး ဂုဏ် ဓန အင် အား မတူ နိုင်ကြတာ ကို ကြည့် ခြင်း အား ဖြင့်။
    ဆင်းရဲ ။ချမ်းသာ ဆိုတာ။ လူ ။တိရိစ္ဆန် ဆို တာ ။ရုပ်ချော ရုပ်ဆိုး စတဲ့ စတဲ့

    ကွဲ ပြားခြား နား မှုတွေ တကယ် မျက်မြင် ရှိနေလို့

    နိဗန် ။ငရဲ မရှိ နိုင်ဘူးလို့ ဘယ်လို ငြင်းချက် ထုတ် နိုင်မလဲ။

    မည်သူမဆို လွတ်လပ်စွာ ကိုးကွယ် သက်ဝင်ယုံ ကြည် မှု ။ ပြောဆို ဝေဖန် နိုင်မှု ရှိကြပါတယ်။

    စဉ်းစား မရ တာက အင်တာနက် စာမျက်နှာ တွေ မှာ အချိန် ကုန်ခံပြီး
    ဗုဒ ဘာသာ အကြောင်း ကိုဘဲ ဘယ်လို သဘော ထား များ ကြောင့်
    ပြစ်တင်ဝေဖန် သုံးသပ် နေကြတာလဲ ဆိုတာကိုပါဘဲ။

    လူတစ်ဦး စီ ရဲ ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့် များသာ ဖြစ်လို့
    ဗုဒ ဘာ သာ ကို ရယ် မှ့ မဟုတ်ဘဲ မည်သို့ သော ကိုးကွယ်ယုံ ကြည် မှု မျိုး ကို
    မဆို (မူစလင်ဘဲဖြစ်ဖြစ်။ခရစ်ယန်ဘဲဖြစ်ဖြစ်။ ဂျုး တွေကိုဘဲဖြစ်ဖြစ် )
    ဝေဖန်သုံးသပ် တာ လွန်နေတယ် ထင်တာပါဘဲ။

    အင်း ကျွန်မ တို့ မြန်မာ လူမျိုး တွေ လဲ အချိန် တွေ တကယ် ပေါ နေကြတယ် ထင်တာပါဘဲ။

Leave a Reply