ခင်ဗျားတို ့က ရဲတွေပဲ…လုပ်ပေါ့ဗျာ (၂)

nigimi77May 14, 20111min820

အဲဒီတော့ လက်ဝယ် သက်တမ်းရှိသေးတဲ့ Passport ကိုင်ဆောင်ထားသူတွေက  သတင်းစာမှာ ဖော်ပြထားတဲ့ Phone နံပါတ်ကို ဆက်သွယ် မေးမြန်ကြတော့
 
စာမေးပွဲ ဖြေဆိုချိန်မှာ  ရိုးရိုး passport ပဲ ဖြစ်ဖြစ်  e passport ပဲ ဖြစ်ဖြစ်သက်တမ်းရှိနေသေးရင် ဖြေဆိုနိုင်ပါတယ်လို ့ပြောပါတယ်။
 
စာအုပ် သက်တမ်းမရှိတော့တဲ့ သူတွေ နဲ ့ စာအုပ် မလျှောက်ရသေးတဲ့ သူတွေဟာ  ဖြေဆိုခွင့် မရတော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။
 
အကြောင်းအရာ တစ်ခုကို တရားဝင် ထုတ်ပြန်ရာမှာ  တိကျတဲ့ အချက် အလက်တွေ ဆောင်ရန် ရှောင်ရန်နဲ ့ လိုအပ်တာတွေကို ဖော်ပြခဲ့သင့်ပေမဲ့
 
အခြေအနေ ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေခြင်းဟာ  ပြည်သူတွေကို အရမ်း ဒုက္ခ ရောက်စေပါတယ်။  ဒါဆိုရင် လုပ်စရာနည်းလမ်းက ရွေးချယ်
 
စရာ သိပ်မရှိပါဘူး။  မသမာတဲ့ နည်းလမ်းနဲ ့ Passport စာအုပ်တွေကို  အမြန် သက်တမ်းတိုးတော့ပါမယ်။ လျှောက်ထားဆဲ စာအုပ်တွေကို လည်း
 
၆ လပိုင်း စာမေးပွဲ မတိုင်ခင် အမြန်နည်းနဲ ့ ဆွဲထုတ်တော့ပါမယ်။ သဘောက  အဲဒီလို လုပ်စေချင်လို ့ အဲဒီလို လုပ်လိုက်တာလားလို ့မေးခွန်းထုတ်စရာပါ။
 
ရုံးထဲကို ပွဲစားတွေ ဝင်လို ့မရတော့ပါဘူး။  ပွဲစားကို အပ်လည်းပဲ ကိုယ်တိုင်ပဲ အကုန်လုပ်ရတာပါ။ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
 
မိတ်ဆွေ တစ်ယောက်က ပွဲစားစိတ်မချလို ့ ကျားကြောက်လို ့ ရှင်ကြီးကို သွားကိုးပါတယ်။ ရှမ်းပြည်မှာ နေတဲ့  အမျိုးသမီး (မိန်းမဖက်က အမျိုး)
 
တွေ ဘုရားဖူးသွားမလို ့ လုပ်တော့ စာအုပ်တွေက သက်တမ်းမရှိတော့ပါဘူး။ အသက်ကလည်းကြီး ရှမ်းပြည်နဲ ့ရန်ကုန်ကို စာရွက်စာတမ်းတွေ အတွက်
 
သွားလိုက်လာလိုက် လုပ်ဖို ့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာပါ။ ဒါနဲ ့ သူတို ့တူမရဲ  ့အမျိုးသား ကျွန်တော့် မိတ်ဆွေ လက်ကိုပဲ အပ်ရတော့တယ်။
 
သူက ရုံးထဲက အပွင့်တပ်ထားသူ တစ်ယောက်ကို အပ်ပါတယ်  အရပ် အခေါ်  ရ ပုလင်းနဲ ့ ရ x ၂  = ၁၄ ပုလင်းတောင်းပါတယ်။ 
 
အစောပိုင်းကပြောသလိုပါပဲ ။  အစအဆုံး ကိုယ်ကိုယ်တိုင်ပဲ လုပ်ရပါတယ်။ သူ ့ကို ရုံးထဲမှာ သွားနှုတ်ဆက်ရင်တောင် မသိချင်ယောင်ဆောင်နေပါတယ်။
 
မသိတာရှိလို ့သွားမေးလိုက်ရင်  ဘာတွေ လာပြောနေတာလဲ အလုပ်ရှုပ်ရတဲ့ အထဲ ဆိုပြီး မောင်းထုတ်ပါတယ်။
 
မိတ်ဆွေက အကို ကျွန်တော့်ကို မမှတ်မိဘူးလားလို ့မေးတော့ ကိုယ်တို ့ကိ လူအများကြီးနဲ ့ ဆက်ဆံနေရတာကွ ဆိုပြီးပြောပါတယ်။
 
မသမာတဲ့ နည်းလမ်းနဲ ့ လုပ်ကိုင်စားသောက်သည်ဖြစ်ပါစေ ငွေကြေးလက်ခံပြီးရင် ဆားဗစ်တော့ ပေးရပါမယ်။ အခု ဟာက ပေါ်တင် လိမ်ယူလိုက်သလိုပါ။
 
သူ ့ရဲ  ့နာမည်နဲ ့ Phone နံပါတ် ကို မှတ်တမ်းယူထားပါတယ်။  ရှင်ကြီးထက်ပိုကြီးတဲ့ ရှင်ကြီးရှိပါတယ်။  ပြည်ထဲရေးကပါ။  သူနဲ ့ တိုက်ရိုက် ဆက်သွယ်လို ့မရပါဘူး။
 
သူ ့ရဲ  ့ Assistant နဲ ့ပဲ ဆက်သွယ်ရပါတယ်။   ကြာချိန် တလဆိုရင် တလပြည့်ဖို ့ တပတ်အလိုမှာ ထုတ်ရင် ရ ပုလင်းပါ။ ပိုစောစောလိုချင်ရင်တော့ ကြေးပိုကြီးပါတယ်။
 
၅ ယောက် တခါ လှုပ်ရှားပေးပါတယ်။  ဆိုတော့  လူငယ်တွေ ဘာလုပ်မလဲ။ ဘာလုပ်သင့်လဲ စဉ်းစားပါ။  ဘာလဲ ဘယ်လဲ ဆိုတာက မြင်သာထင်သာ အရှင်းကြီးပါ။
 
ဒီတစ်ခေါက် စာမေးပွဲကို လက်လွတ်ခံလိုက်လဲ နောက်ထပ် ရှိပါသေးတယ်။  Phone တို ့ Car တို ့ ချပေးသလို လှည့်ကွက်တွေကို  ဗားရှင်း အသစ်နဲ ့လုပ်တာကို
 
သဘောပေါက်သင့်ပါပြီ။  အရင်က phone တစ်လုံး ၄ဝ လောက် ပေးရပေမဲ ့ အခု ၅ သိန်းပဲ ပေးရတယ်။ မလောပါနဲ ့ ။  သူခိုးအားပေး လှည့်ကွက်ထဲကို မဝင်မိပါစေနဲ ့။
 
အေးအေးဆေးဆေး ပုံမှန်ပဲ  သက်တမ်းတိုးစေချင်ပါတယ်။  ဒီစာမေးပွဲကို ဒီအသုတ်မှာ ဖြေလိုက်လို ့လဲ  သွားလို ့ရတာ မဟုတ်သေးပါဘူး။