ကလေးတွေရဲ့ ရင်တွင်းစကား

ကလေးတွေရဲ့ ဆုတောင်း

တစ်ခုတည်းသောစာသင်ခန်းလေး

ကလေးတွေရဲ့ စာရိတ္တဆု

Good Idea ရဲ့ Post ဖတ်ပြီးစိတ်ဝင်စားလို့ သူငယ်ချင်းတွေစုပြီး အမေ့အိမ်ကို ဒါနခရီးတစ်ခေါက်ရောက်ခဲ့ပါတယ်၊ ၅၄၈ မေခလမ်း ၁၄ ရပ်ကွက် လှိုင်သာယာ မှာရှိပါတယ်၊မေးစမ်းပြီးသွားတော့ လူကြီးတွေထက် လူငယ်တွေ ကလေးလေးတွေက ကျောင်းအကြောင်းကိုပိုသိကြပါတယ်၊ကလေးလေးတစ်ယောက်က အလကားသင်ပေးတဲ့ကျောင်းလား ၄လမ်းထဲမှာရှိတယ်လေလို့ လမ်းညွှန်ပေးပါတယ်။အလုပ်အားတဲ့ရက်သွားရတာဆိုတော့ ကျောင်းပိတ်ရက်ဖြစ်လို့ ကလေးတွေတော့မတွေ့ခဲ့ရပါဘူး၊ဂျပန်ငလျင်အတွက် ကလေးတွေရဲ့ ရင်တွင်းက ဆုတောင်းစကားလေးတွေနဲ့ ကောက်ရပစ္စည်း ပြန်ပေးလို့ ဆုချတဲ့ ဆုဖလားလေးကိုပဲ မှတ်တမ်းတင်ခဲ့ရပါတယ်၊
အပြန်မှာကွန်ပြုတာ အဟောင်းလေးတွေ ယူသွားတာ ဆရာလေးဆရာမလေးတွေသယ်ပေးဖို့ လိုက်လာကြတော့
လမ်းကကလေးတွေက သူတို့ဆရာ ဆရာမတွေကို နှုတ်ဆက်ကြတာ ကြည်နူးစရာပါ။
စာလည်းသင် ကလေးတွေရဲ့ အသိစိတ်ဓာတ်လေးတွေလည်းပြုပြင်ပေးနေတဲ့ ကျောင်းလေးပါပဲ။ မိတ်ဆွေတို့လည်း ကူညီပေးလိုက်ကြပါအုံး။

 

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)