21 ရက်နေ့ စနေနေ့မှာ မြန်မာနက်ဝက် အသင်းဝင်များ တွေ့ဆုံပွဲကို ဝင်ခွင့်နံပါတ်ရထားတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနက်ဝက်အသင်းဝင်များ တွေ့ဆုံပွဲမှာ အသင်းဝင်အချင်းချင်း ရင်းနှီးချစ်ခင်စေခြင်းအပြင် နည်းပညာများ၊ ဗဟုသုတများကိုလည်း အလွန်တရာမှ တိုးပွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဝင်များအတွက် ဟောပြောပွဲ ပညာရေးဖလှယ်ပွဲများ ပြုလုပ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ ၁၂ နာရီအတိလို့ ပြောထားပေမယ့် ကျွန်မ Stand Hotel ရောက်သွားတော့ ၁၂ နာရီထိုးဖို့ ၁ဝ မိနစ်လိုပါသေးတယ်။ ဒါနဲ့ ကြိုဆိုရေးနေရာရောက်တော့ ရောက်ကြောင်း စာရင်းပေးတော့ ၁၂ နာရီမှာ လုပ်ပေးပါမယ်ဆိုလို့ ခဏစောင့်ရပါတယ်။ နောက် ၁၂ နာရီထိုးတော့ နံပါတ်နဲ့ နာမည် ကတ်ထုတ်ပေးထားတာဖြစ်တဲ့အတွက် ပြလိုက်တော့ စာရင်းသွင်းပါတယ်။ နောက် ဗြိတိကောင်စီသံရုံးက စာရွက်လေးတစ်ရွက်ပေးပါတယ်။ ကိုယ့်ရဲ့ဓာတ်ပုံကို ယူသွင်းခွင့်ပြုမပြု ဖြည့်ပေးပါတဲ့ဆိုတော့ ဖြည့်ပေးလိုက်ရပါတယ်။ နောက် အပေါ်ထပ်ကိုတက်ပြီး ထိုင်နေတုန်း အအေး သုံးဆောင်ပါလို့ လာပြောတော့ ထပြီး သွားရပါတယ်။ အသင်းဝင်တွေ အများကြီး ရှိပေမယ့် သူတို့ ပထမ သတ်မှတ်ထားတာက ၁၂ဝ ဆိုပေမယ့် အသင်းဝင်တွေ တောင်းဆိုမှုကြောင့် ၁၇၁ ယောက်ထိ လက်ခံခဲ့တာကို တွေ့ရှိရပါတယ်။ အဲ ပွဲရောက်တော့ ဂျာနယ်လစ်တွေပါ ဖိတ်ထားတဲ့အတွက် ကတ်နံပါတ်တွေက နည်းနည်းပိုသွားပါတယ်။ နောက် အသီးသီး ဟောပြောကြပါတယ်။ အစီအစဉ်ကို စတင်ကြေညာပြီး အစီအစဉ်မှာ ပါရှိတဲ့အတိုင်း

ဟောပြောမယ့်ခေါင်းစဉ်တွေနဲ့ ဟောပြောမည့်သူတွေကတော့ နေ့ရက် – ၂၁ မေလ ၂၀၁၁ (စနေနေ့)
နေရာ – ကမ်းနားဟိုတယ်ခန်းမ (Strand Hall)၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

အစီအစဉ်

၁၂းဝဝ မှ ၁၂း၃၀
Welcome drinks နှင့် ကံစမ်းမဲလက်မှတ်များပေးခြင်း

၁၂း၃ဝ မှ ၁၂း၃၅
အစီအစဉ်ကြေညာခြင်း

၁၂း၃၅ မှ ၁၂း၅၀
British Council Director ၏အဖွင့်မိန့်ခွန်း

၁၂း၅ဝ မှ ဝ၁:၁၀
အင်တာနက်ထဲမှလူမှုအရင်းအနှီးများ
(မတင်မြတ်ထက် – Myanmar Blogger Society နှင့် Myanmar Youths in Action)

၀၁း၁ဝ မှ ဝ၁း၃၀
ဘလော့မိတ်ဆက် (ကိုမျိုးမြင့်ကျော်/ညအလင်္ကာ – စာရေးဆရာ၊ blogger)

၀၁း၃ဝ မှ ဝ၁း၅၀
အွန်လိုင်းဈေးကွက်ဖေါ်ဆောင်ခြင်း (ကိုမျိုးမင်း – Principal၊ PS Business School)

၀၁း၅ဝ မှ ဝ၂း၁၀
New Media, Culture and the Market (Matthew Sheader)

၀၂း၁ဝ မှ ဝ၂း၄၀
စားသောက်ဖွယ်ရာများဖြင့်ဧည့်ခံပါမည် (High Tea)

၀၂း၄ဝ မှ ဝ၄း၁၀
ပညာ၊ ပညာရေး နှင့် စိန်ခေါ်ကြသူများ (ဆရာဦးကျော်ဝင်း)

၀၄း၁ဝ မှ ဝ၅း၁ဝ

Speed Networking Game (အသင်းဝင်ချင်းအမြန်တွေ့ဆုံမိတ်ဆက်သောအစီအစဉ်)

၀၅း၁၅ မှ ဝ၅း၂၅
ကံစမ်းမဲ ဖောက်ပေးခြင်း – Imation အမျိုးအစား 8GB Memory Stick (၁ဝ) ခု

၀၅း၂၅ မှ ဝ၅း၃၀
ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အစီအစဉ်ပြီးဆုံးခြင်း

ဟောပြောပွဲအစီအစဉ်အသေးစိတ်များ

အင်တာနက်ထဲမှလူမှုအရင်းအနှီးများ

အင်တာနက်ကို အသုံးပြု၍ လူမှုအရင်းအနှီးများတိုးတက်စေရန် မည်သို့ဆောင်ရွက်နိုင်သည် နှင့် အနာဂတ်အခွင့်အလမ်းများအတွက် အသုံးချနိုင်သောအင်တာနက်ပေါ်မှ အရင်းအမြစ်များအကြောင်းကို Myanmar Blogger Society မှ အမှုဆောင်တစ်ဦး နှင့် Myanmar Youths in Action အဖွဲ့မှ မတင်မြတ်ထက်မှ တင်ပြပါမည်။

ဘလော့မိတ်ဆက်

ချက်တင်နှင့် အချိန်ကုန်နေမည့်အစား ဘလော့တစ်ခုဖန်တီးရင်း မိမိအသိပညာများကိုဖြန့်ဝေနိုင်စေရန် ဘလော့တစ်ခုတည်ဆောက်ခြင်းအကြောင်းကို စာရေးဆရာတစ်ဦးလည်းဖြစ်၊ ဘလော့ရေးသားသူတစ်ဦးလည်းဖြစ်သည့်
Myanmar Network အသင်းဝင် ကိုမျိုးမြင့်ကျော် (ညအလင်္ကာ) မှရှင်းလင်းပြောပြပါမည်။

အွန်လိုင်းဈေးကွက်ဖေါ်ဆောင်ခြင်း

အင်တာနက်ကို အသုံးပြုပြီး ဈေးကွက်ဖေါ်ဆောင်မှုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဂရုတစိုက် ပြင်ဆင်ရန်လိုအပ်သော အချက်များ၊ အင်တာနက်စာမျက်နှာတစ်ခုမှာရှိသင့်သော လက္ခဏာများ၊ အသုံးတွင်ကျယ်လာသော လူမှုရေးဝက်(ဘ)

ဆိုဒ်များ နှင့် စီးပွားဖြစ်စာမျက်နှာများအကြောင်း ကို
PS Business School ၏ Principal ဖြစ်သူ ကိုမျိုးမင်းမှ ရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။

New Media, Culture and the Market (Matthew Sheader)

The internet and new digital media represent a huge change in the way media operates. Although many developments are still in an early phase, the spread of new technologies is beginning to have positive and

negative impacts on many aspects of human life. In this interactive presentation,
we will explore what the cultural impacts of new media are, and how business and
the market influences these. ဖြစ်ကြပါတယ်။ နောက် အစားအသောက်စားပြီး ဦးကျော်ဝင်းက ပညာပေး၊ ပညာရေးအကြောင်းလေးတွေကို ရှေ့မှီ နောက်မှီအကျယ်တဝင့် ရှင်းပြပြီးနောက် ကြွရောက်လာကြတဲ့ မန်ဘာအဖွဲ့ဝင် လူ ၁၈ဝ လောက်ကို ကံစမ်းမဲနှိုက်မှာမို့လို့ နာမည်ကတ်ပြားနဲ့နံပါတ်တွေကို လာရောက်သိမ်းသွားပါတယ်။ ကံစမ်းမဲကတော့ ၁ဝ ယောက်စာအတွက်ပဲ ပေးမှာဖြစ်တယ်ဆိုတော့ လူတွေ ဒီလောက်များနေတာ ဘယ်သူတွေ ကံထူးမလဲ စောင့်ကြည့်ဦးမယ်ဆိုပြီး ထိုင်နေတုန်း ဗြိတိသျှကောင်စီမှ လူကြီးက တစ်ခုနှိုက်ပေးပြီး အဆင့်ဆင့် နှိုက်ကြပါတယ်။ ၅ ခုကို မန်ဘာတွေထဲကပဲ နှိုက်ခိုင်းပါတယ်။ နောက် ကတ် ၁ဝ ခုကို မြန်မာနက်ဝက်တည်ထောင်သူမှ စတင် ကံထူးသူများကို ကတ်နံပါတ်ခေါ်ပေးပါတော့တယ်။ ကတ်နံပါတ်တွေကလည်း ၁၆၆ တို့ နောက်ပိုင်း ကတ်တွေ ပေါက်နေတော့ ကိုယ်က ရှေ့ပိုင်း ကတ်နံပါတ် ၅၁ ဆိုတော့ ကိုယ့်အတွက် အခွင့်အရေးမရှိတော့ဘူးလို့ တွေးနေတုန်း ကတ်နံပတ်ခေါ်နေရာကနေ ၅ ခုမြောက်ကတ်လည်းရောက်ရော ကတ်နံပါတ်မခေါ်တော့ပဲ မန်ဘာအားလုံးလည်း နာမည်သိအောင် နာမည်ပြောင်းခေါ်တော့ ကိုယ့်ရဲ့နာမည်ကို ခေါ်လိုက်ပါတော့တယ်။ အဲဒီမှာ ကျွန်မ တကယ်မထင်ထားတဲ့အတွက် ခဏတာမျှ ငေါင်တောင်တောင် ဖြစ်နေပါသေးတယ်။ ဘေးကတစ်ယောက်က အစ်မ… အစ်မကို ခေါ်နေတာလေဆိုတော့မှ ကံစမ်းမဲအဖြစ် မမ်မိုရီ ၈ ဂစ်ကို ထပြီး ယူလိုက်တော့ လက်ခုပ်သံတစ်ဖြောင်းဖြောင်းကြားရပါတော့တယ်။ ကျွန်မလေ ဘယ်လိုမှ ရမယ်လို့လည်းမထင်ထားမိတဲ့အတွက် အတော်ပဲ အံ့ဩပြီး ကိုယ်နဲ့အတူ ပါလာတဲ့အဖော်က ပြောပါတယ်။ အမနဲ့ ထီစပ်ထိုးချင်တဲ့လေ။ နောက်ပြီး ဆိုက်တည်ထောင်သူနဲ့ သံရုံးမှ လူကြီးက ကျေးဇူးတင်စကားပြောပြီး မန်ဘာများထဲကလည်း ကျေးဇူးတင်စကားပြန်လည်းပြောကြားရင်း အခမ်းအနားကို ရုပ်သိမ်းချိန်မှာတော့ ညနေ ၅ နာရီခွဲနေပါပြီ။ အပြင်မှာတော့ မိုးဖွဲဖွဲရွာနေပါတော့တယ်။ ပြန်လာတော့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ၊ ဗဟုသုတစုံလင်စွာ ခဏတာအချိန်လေးတွေအတွင်းမှာ ရရှိခဲ့တဲ့အတွက် နောင်လည်း ဒီလိုပွဲများကို ဝက်ဘ်ဆိုက်အသီးသီးက ကျင်းပပေးရင် အရမ်းကောင်းမှာပဲလို့ တွေးနေမိပါတော့တယ်။

မန်းဂေဇက်က မောင်နှမတွေကိုလည်း ဒီလိုစုဝေးပြီး အပြင်မှာတွေ့ဆုံပွဲတွေလုပ်ပေးမယ်ဆို အရမ်းပျော်ဖို့ကောင်းတယ်လို့ ကျွန်မ ပြောချင်နေမိပါတော့တယ်။

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။