ပဉ္စမအကြိမ် ပလန်းနက်ယူဇာမောင်နှမများ၏ စုပေါင်းကထိန်အလှူ

ဆူးMay 25, 20111min1156

ပလန်းနက်ယူဇာမောင်နှမများစုပေါင်းလှူတဲ့ ပဉ္စမအကြိမ်ကထိန်အလှူပဲဖြစ်ပါတယ်။

ပဉ္စမအကြိမ်ကထိန်ခင်းမယ့် ကျောင်းကတော့

၁။ ပဓာန နာယကဆရာတော်
ဘဒ္ဓန္တ ဉာဏ ( ဂိုဏ်းအုပ်ဆရာတော် မဟာဗောဓိဝိနည်းပြန်ဌာန )

၂။ ကျောင်းအုပ်ဆရာတော်
အရှင်ပညောဘာသ (ပန်းပျိုးလက်)

တည်နေရာ

အမှတ် (၁၇) ၊ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိတကျောင်း
ကျောက်တန်းရွာ ၊ ပဲခူးမြို.နယ် ဖြစ်ပါတယ်။

ပဉ္စမအကြိမ်ကထိန်အလှူကို တန်ဆောင်မုန်းလ ( ၆ – ၁၁ – ၂၀၁၁ ) မှာ ကထိန်အလှူကို ကျင်းပမှာဖြစ်ပါတယ်။

အရင်နှစ်တွေလိုပဲ အဝေးရောက်နေတဲ့ အွန်လိုင်းယူဇာတွေအတွက် ကထိန်အလှူငွေကို ဘဏ်မှသော်လည်းကောင်း ၊ တိုက်ရိုက်သော်လည်းကောင်း ့အလှူငွေ လွဲနိုင်ရန်အတွက်
အောက်ဖော်ပြပါ သက်ဆိုင်ရာယူဇာများ၏ အမည်၊မှတ်ပုံတင် နှင့် ဂျီတော့လိပ်စာများကို ဆက်သွယ်နိုင်ပါတယ်။

စင်္ကာပူ

ကိုဝင်းဇော်နိုင်
winzawnaing@gmail.com
၀၆၅-၉၁၈၃၀၁၉၁
( ဘဏ်အကောင့် ) Posb Saving : 186-45149-0

မငြိမ်း
khinchothet@gmail.com
၀၆၅-၉၁၈၂၅၅၉၃

မမိုးသူ ( မပိစိ )
၀၆၅-၉၀၂၈၃၄၉၄

ရန်ကုန်

ကိုဟိန်းစည်သူ (လူစိမ်း)
၁၂/သခန(နိုင်)၀၉၆၂၅၅
Lusein.friend@gmail.com
၀၁-၆၈၂၆၃၀
(KBZ) ဘုရင့်နောင်ဘဏ်ခွဲ

ကိုထက်သူရအောင်
၁၂/တမန(နိုင်)၁၀၂၆၁၃
Htetthuraag.enics@gmail.com
၀၉-၇၃၁၅၁၆၁၉
ရန်ကင်းရိုးမဘဏ်

မလှသက်မွန် (မသက်မွန်)
၁၂/အလန(နိုင်)၁၃၉၈၆၆
thetmon.planet@gmail.com or nyochawlay85@gmail.com
၀၉-၄၉၇၇၁၁၇၅
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မသန္တာ
thanda.pauline@gmail.com

မလဲ့လဲ့ဝင်း (ဘုန်း)
၁၂/မရက(နိုင်)၁၃၄၈၆၃
blackbone.lai@gmail.com
၀၉-၄၃၀၅၆၂၈၉
ရိုးမဘဏ် (ဗိုလ်တစ်ထောင်ဘဏ်ခွဲ)

မန္တလေး

ကိုသစ်လွင်ထွန်း (နာဇီ)
၉/ပဥလ(နိုင်)၀၁၁၆၄၃
thitlwinhtoon@gmail.com
၀၉-၄၇၁၃၀၂၉၆
ရိုးမဘဏ် (ပြင်ဦးလွင်)

ကိုစိုးဝင်းဟန် (ဂျူလိုင်)
၉/အမဇ(နိုင်)၀၀၇၃၀၂
Julydream2007@gmail.com
၀၉-၉၁၀၀၁၄၁၆
ရိုးမဘဏ် (ရတနာပုံဘဏ်ခွဲ)

မသန်းသန်းနု( ဖြူလေး)
၁၃/လရန(နိုင်)၁၀၅၇၆၅
wgwhitegirl@gmail.com
၀၂-၇၃၇၀၂ / ဝ၁၁-၂၀၃၀၁၅
KBZ မင်္ဂလာဈေးဘဏ်ခွဲ

ယူဇာများနှင့်ဆက်သွယ်ပြီး အလှူငွေလွဲအပ်ပြီးပါက သက်ဆိုင်ရာယူဇာထံ ဖုန်းဖြင့်သော်လည်းကောင်း e-mail ဖြင့်သော်လည်းကောင်း အကြောင်းကြားပေးပါရန်။

မောင်နှမတွေအနေနဲ. အရင်နှစ်တွေကလိုပဲ အားကြိုးမန်တက် လက်လှမ်းမှီရာ မိတ်ဆွေအပေါင်းအသင်းများ ပါဝင်ကုသိုလ်ယူနိုင်အောင် ဖိတ်ကြားရင်း ပဉ္စမအကြိမ်ပလန်းနက်ကထိန်အလှူဆီသို… ချီတက်ကြပါစို…….

ပလန်းနက်ပရဟိတမောင်နှမများးး

http://www.planet.com.mm/forums/index.cfm/linkpage/topic/forum_id/52/Topic_Id/102011/page/1

6 comments

  • ဆူး

    May 25, 2011 at 12:50 pm

    သူငယ်ချင်းမှာ နှစ်စဉ် ပြုလုပ်တဲ့ ကထိန် အလှူတော် ဖြစ်ပါတယ်။
    မိဘမဲ့ ကျောင်းမှာမှာ သွားရောက် လှူဒါန်း တတ်ပါတယ်။ ယခုဆို ၅ကြိမ်မြောက်ဖြစ်ပါပြီ။
    ပါဝင် ကူညီသော အားဖြင့် ပိုစ်တခု အနေနဲ့ တင်ပေးခြင်း ဖြစ်ပါသည်။
    သဒ္ဒါ တအား နည်းများ မဆို ကုသိုလ် ပါဝင် လှူဒါန်း နိုင်ကြပါတယ်။

  • မမလေး

    May 25, 2011 at 3:35 pm

    တစ်ခြားမှာ သမီးရော အလှူခံပေးလို့ရလား …

  • ဆူးမမရေ..

    သူများအသင်းတွေကတော့ အင်အားတောင့်နေပါပြီ
    စကားတစ်ခုကို ယူသုံးရမယ်မယ်ဆို ပလက်တီနမ်အဆင့်ရှိနေတဲ့ မန်ဘာတစ်ယောက်အနေနဲ့ ကိုယ်ကျင်လည်ရာ ဆိုက်လေးက လူတွေကိုလဲ စုစည်းပြီး ခုလိုအလှူလေးတစ်ခု လုပ်ကြရင် ကောင်းလေမလားလို့ မစဉ်းစားမိဘူးလား?? ကျွန်တော်က တစ်ကယ်တော့ Free Thinker ပါ(သူကြီးပြောစကားအရ)။ ဘာကိုပဲလှူလှူ၊ အကျိုးများမယ့်ကိစ္စတစ်ခုဆိုရင်တော့ ဘာမှ မရွေးပါဘူး၊ မြန်မာပြည်မှာနေတဲ့ လူတွေထဲက မြန်မာလူမျိုးတွေကို အကျိုးစီးပွားတစ်ခုခုဖြစ်ထွန်းစေမယ့် အလှူမျိုးဆိုရင် လှူချင်ပါတယ်ဗျို့.. တစ်ခုတော့ရှိတယ်.. ဘယ်ဘာသာရဲ့ သာသနာ့ဝန်ထမ်းမျိုးကိုမှ လှူတဲ့အလှူမဖြစ်စေချင်ဘူး၊ ပုထုဇဉ်တွေကို လှူတာပဲ ဖြစ်စေချင်တယ်.. ဒါဆို ကျွန်တော်လဲ လှူမယ် ဆူးရေ

    ဒီဆိုက်မှာ စည်းလုံးမှုပြိုကွဲနေတယ်လို့ ကျွန်တော်မြင်တယ်.. ဒီလို အဖွဲ့အစည်းနဲ့လုပ်ရတာလေးတွေ လုပ်လာကြရင် ပိုပြီးစည်းလုံးလာကြမယ်လို့ ကျွန်တော်တော့ထင်တယ်.. ရေကိုခွဲ အကြားမထင်သလိုပေါ့.. ခုလို လူအနည်းငယ်သော မြန်မာတွေမှ မစည်းလုံးရင် သန်း(၆၀)ကျော်သော မြန်မာတွေ ဘယ်လို စည်းလုံးနိုင်ပါ့မလဲ.. နွားကွဲရင် ကျားဆွဲတတ်တယ်နော်.. ကျွန်တော်တို့ ဘယ်နေရာမှာပဲနေနေ၊ ဘာတွေပဲလုပ်လုပ် မြန်မာဆိုတာ မြန်မာပါပဲဗျာ.. ပြည်ထောင်စုစိတ်လေး မွေးကြရအောင်လား

    တစ်ယောက်အားဖြင့် စွမ်းသော်မရ
    အများစုပေါင်းအားဖြင့် စွမ်းသော်ရ၏။

    • etone

      May 26, 2011 at 7:41 am

      ကျမလည်း အဲ့ဒီလို အကြံရတယ်… စုပေါင်း အလှူလုပ်တာမျိုး ပရဟိတ္တလုပ်ငန်းတွေ လုပ်တာမျိုးပေါ့……ရွာဆော်မလုပ်ချင်လို့ ငြိမ်နေတာ …..။ 😀

      • nozomi

        May 26, 2011 at 7:55 am

        2000 အဖွဲ့ လှူနေတဲ့ လှိုင်သာယာက ဘုန်းကြီးကျောင်းမျိုးမှာ လှူရင်ကောင်းမယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေးတွေကို တတ်နိုင်တာတွေ လှူတာမျိုးပေါ့
        အီးတုန်းလေး အရည်အချင်းနဲ့ဆို ရွာဆော် ဖြစ်ပါတယ် အဆင်ပြေတဲ့လူ (အချိန်၊ငွေ၊ဝါသနာ၊ကျွမ်းကျင်မှု…….) ဘယ်သူဦးဆောင်တာပဲ ဖြစ်ဖြစ် နောက်က လိုက်ပါမယ်

  • ဆူး

    May 26, 2011 at 3:45 am

    ဘဘရှုံး.. (ပုံကြည့်ပြီးပြောတာပါ)

    ပလန်းနက်က မန်ဘာဝင် တဦးက အကူအညီ တောင်းလို့ ပိုစ်တင်ပေးတာပါ။
    အလှူ ထဲ့ဝင် လှူဒါန်းမှုကတော့ ကိုယ်စိတ်သန်တာ ကိုယ်လုပ်လို့ရပါတယ်။
    ဘာသာရေးမှာ လှူတဲ့ ရည်ရွယ်ချက်ကတော့ ကထိန်ဆိုတာ အလှူကြီး ပြုတတ်ကြတာ အားလုံး အသိပါပဲ..
    ကထိန် အလှူဆိုတာ အလှူထဲမှာ အမြတ်ဆုံး ဖြစ်ပါတယ်။ ကထိန်သင်္ကန်း ဆိုတာကို မိုးကျ သင်္ကန်းလို့ ခေါ်ပါတယ်။ ဘာသာရေး ကို စိတ်ဝင်စားပြီး လှူချင်တဲ့ လူတွေ အတွက်လည်း အလှူခံရနိုင်ပါတယ်။ အလှူရတဲ့ ပိုက်ဆံကိုလည်း လှူတဲ့ ကျောင်းအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် မိဘမဲ့ ကလေးများကို ပြုစု စောင့်ရှောက်ထားတဲ့ ကျောင်း အထူးသဖြင့် ချို့တဲ့ ဆင်းရဲတဲ့ ကျောင်းကို ရှာပြီး လှူပါတယ်။ အလှူရှင်များ လှူတဲ့ ပိုက်ဆံကို မိဘမဲ့ ကလေးများအတွက် စားဝတ်နေရေး ဆိုတဲ့ ၃ချက်တင်မကပါဘူး ပညာပါ သင်ပေးနေတဲ့ ကျောင်းကို ရွေးပါတယ်။ ဒီတော့.. ဘာသာရေး ကို စိတ်ဝင်စားလို့ပဲ လှူလှူ.. ပရဟိတ ကို စိတ်ဝင်စားလို့ပဲ လှူလှူ.. ၂မျိုးလုံး အတွက် ရတဲ့ အလှူငွေကို အသုံးချပါတယ်။ အဓိကတော့ ငွေသား အလှူတွေကို ကျောင်းရန်ပုံငွေ အဖြစ်ထောင်ပေးတာမျိုး လုပ်ပါတယ်။ အလှူရှင်က သီးသန့် အနေနဲ့.. ကျောင်းနေ ရဟန်းများ အတွက် သင်္ကန်း လှူချင်လို့ ဆိုရင် သင်္ကန်း လှူပေးပါတယ်။ ဘာမှ မပြောပဲ လှူတဲ့ အလှူငွေ ကတော့ အလုံးစုံ မှာ သုံးပါတယ်။ မနှစ်က အလှူလုပ်ခါနီး သူငယ်ချင်းများ မိဘမဲ့ ကလေးများ အတွက် ကျောင်းသုံးစာအုပ် ဘောပင် ခဲတံ ကအစ ဆေးဝါး ခြင်ထောင် အဝတ်အစား အစားအသောက် စသဖြင့် လိုတာလေးတွေ တွေးပြီး ဝယ်ကြပါတယ်။ တနှစ်ရဲ့ လိုအပ်ချက်ကို နောက်တစ်နှစ် ပြည့်စုံအောင် ထပ်တွေးပြီး လုပ်ကြပါတယ်။
    စိတ်ဝင်စားရင်တော့ ပြီးခဲ့တဲ့ နှစ်တွေက လှူခဲ့တဲ့ အကြောင်းအရာတွေကို စုစည်းပြီး ဒီမှာ ဖော်ပြပေးပါ့မယ်။

Leave a Reply