ကဲ ပေါက်ကရ အတွေးများစလိုက်ရအောင်။
ကျနော် အရင် ဆုံးစတွေးမှာက တော့ ကျနော်တို့ ဘာလို့ ထမင်းတွေစားနေရတာလဲ
ထမင်း၊ ဒါမှမဟုတ် ဗိုက်ပြည့် မယ့် အစားအစာတစ်ခုခု စားကြရတယ်။
နေ့တိုင်း စားနေရတာ မပျင်းဘူးလားဗျာ။ ခင်ဗျားလဲ စားတယ်။ ကျနော်လဲစားတယ်။ အားလုံး လဲ စားနေကြတယ်။ မစားရင် ဘာဖြစ်မလဲ
မစားရင် ငတ်သေရုံဘဲ ပေါ့။ ဘာလို့ သဘာဝ ကြီးက စားဖို့ သတ်မှတ်ထားရတာလဲ။
ဒီစားဖို့ သောက်ဖို့ကို အခြေခံ ပြီး လူတွေ အလုပ်လုပ်ကြရတယ်။
တစ်ရက်လဲ မဟုတ် တစ်လ လဲ မဟုတ်။ ဒီ စားဖို့ သောက်ဖို့ အတွက်နဲ့ နေ့တိုင်း ရုန်းကန်လှုပ်ရှားနေရတယ်။
ဒီလိုစားဖို့ သောက်ဖို့ ရုံးကန် လှုပ်ရှားရင်း လူတွေမှာ ချမ်းသာတာ ဆင်းရဲတာ တွေ ဖြစ်လာရော။
သူက ကောင်းကောင်း စားရတယ်။ ဟိုတစ်ယောက်က တော့ ကောင်းကောင်းမစားရဘူး။ စသဖြင့် ကွဲပြားမှုတွေ ဖြစ်လာရော။
ကောင်းကောင်းစားရတဲ့ သူက ကောင်းကောင်း အလုပ်လုပ်လို့ လား။
ကောင်းကောင်း မစားရတဲ့သူက ကောင်းကောင်း အလုပ်မလုပ်လို့ လား။
မေးစရာ ဖြစ်လာရော။ ကဲ အားလုံး ဘယ်လို သဘောရသလဲ…
ဒီဘက် ခေတ်မှာ တော့ အဲဒီမေးခွန်းနဲ့ အဖြေညှိလို့ မရနိုင်လို့ ထင်ပါတယ်။
အလုပ်ကို ကောင်းကောင်းလုပ်တိုင်းလဲ ကောင်းကောင်းမစားရပါဘူး။
အလုပ်ကို ကောင်းကောင်း မလုပ်ဘဲ ကောင်းကောင်းစားနေတဲ့သူတွေလဲ ရှိပါတယ်။
ဟိုးရှေးခေတ် ကျောက် ခေတ် မှာဆိုပါစို့ အမဲ ကောင်းကောင်းလိုက်ထားရင် ကောင်းကောင်းစားရမယ် ။ ဒါတော့ သေချာတယ်.
နောက် တစ်ယောက်က အမဲလိုက်တော်တဲ့သူကို အပီပေါင်းထားမယ်ဗျာ ၊ အမဲလိုက်တော်တဲ့သူဆီက ရလာတဲ့ အမဲတွေ ကို တောင်းစားမယ်ဗျာ။ ဟိုလူ စိတ်ကြည်နေတုန်းတော့ ပေးမှာပေါ့။
ဒါဆို ဒုတိယလူလဲ ကောင်းကောင်းစားရတာဘဲလေ။
ဒီဘက်ခေတ်မှာ ရော အဲဒီသဘောလေးတွေ ရှိနေတုန်းပါဘဲ
ရှေးခေတ်က နဲ့ တော့ အားလုံးတော့ မတူတော့ဘူး။ နည်းနည်းပြောင်းသွားတယ်။
ဘာလဲ ဆိုတော့ အရင်တုန်းက အမဲ လိုက်ေ ကာင်းတဲ့သူက အမဲ တော့ ရမှာ သေချာတယ်။
ဒီခေတ်မှာ တော့ အမဲလိုက် ကောင်းပေမယ့် အမဲ ရချင်မှ ရမယ်။ မရချင် မရဘူး။
အရင်ခေတ်တုန်းက ပေါင်းတတ်သင်းတတ်ရင် တောင်းစားလို့ အဆင်ပြေနိုင်သေးတယ်။
ဒီဘက်ခေတ်မှာ တော့ ပေါင်းတတ်သင်းတတ်ရင် တောင် လေနဲ့ ပေါင်းလို့မ ရတဲ့ ခေတ်။
နောက်တမျိုးစဉ်းစားမယ်ဗျာ။ စားဖို့ သောက်ဖို့ အတွက် အလုပ်လုပ်ကြတယ် ဆိုပေမယ့် ဒီခေတ်မှာ ဒါလုပ်ဒါစားဆိုတဲ့ ပုံစံခွတ်က ပျောက်လုလု ဖြစ်နေပြီ။
လုပ်စရာ တွေလဲ အလွန်ပေါ။ လုပ်စရာ ရှိတိုင်း လုပ်လို့ စားစရာ ပေါ်လာ မယ်တော့ မထင်နဲ့ ။ မှားသွားမယ်။
ဝန်ဆောင်မှုလုပ်ငန်းတွေ ၊ ထုတ်လုပ်မှုလုပ်ငန်းတွေ ၊ ကုန်သည်ပွဲစားလုပ်ငန်းတွေ ပေါမှပေါ။ ဒါပေမယ့် လုပ်တိုင်းစားရမယ်တော့ မထင်နဲ့။
ကံ၊ ဥာဏ် ၊ ၀ရိယ ရှိရင် တော့ အောင်မြင်ချင် အောင်မြင်မယ်။ ဒါတွေ က အလုပ်လုပ်ရာမှ တကယ် အရေးကြီးတဲ့ အချက်တွေပါ။ ဒါတွေ မရှိဘဲ နဲ့ လုပ်တဲ့ အလုပ်က မအောင်မြင်နိုင်ပါ။ အလုပ်အောင်မြင်တိုင်းလဲ ၀၀ လင်လင် စားရမယ် လို့ မဆိုနိုင်။
ပေါင်းတတ်သင်းတတ်ရင် တော့ ကုန်းရုန်း ရှာတာထပ်တော့ ပို ပြီးအဆင်ပြေနိုင်ပါတယ်။
ဒါပေမယ့် သူလဲ အလကားပေါင်းလို့ မရတဲ့ ခေတ် ကိုရောက်နေပြီ။ ပေါင်းနိုင်သင်းနိုင်အောင် ဆိုရင် သင့်တော်တဲ့ အလုပ်လေး လဲ ရှိအုန်းမှ။
လက်ဗလာနဲ့ ပေါင်းလို့သင်းလို့ အဆင်မပြေနိုင်။ ဒါကြောင့် အောင် မြင် တဲ့ အလုပ်လေး လဲ လုပ်နိုင်မှ တော် ရာကျမယ် လို့ ထင်တယ်။
ရှေးခေတ် အသုံးနှုန်းနဲ့ ပြန်ပြောရင် အမဲ လိုက်လဲ ကျွမ်း ရမယ်။ ပေါင်းလဲ ပေါင်းတတ်ရမယ်။ ဒါမှ ဒီခေတ်မှ စားကောင်းသောက် ကောင်းတွေ စားနိုင်မှာ……
စားကောင်းသောက်ကောင်းတွေ စားချင်လာပြီ
ပေါက်ကရ အတွေးတွေ ရပ်လိုက်တော့ မယ်။
စာလုံးပေါင်းမှာ ရင် ခွင့်လွှတ်ကြပါ။ အော် ပြင်နိုင်အောင် မှားတာလေးလဲ ပြောပြပေါ့။

About ရွှေ မင်း သား

kyansitthar101 has written 69 post in this Website..