ဆရာမဂျူးရေးတဲ့ စာအုပ်တွေထဲ က ကျွန်မ အကြိုက်ဆုံး တစ်အုပ်ပါ။ နာမည် က ကြယ်ကြွေတို့ရဲ အတောင်ပံ .. ဒီက သူငယ်ချင်းများ လည်း ဖတ်ဖူး ကြလိမ့်မယ် ထင်ပါတယ်။ အဓိက အကြောင်းအရာကတော့ ဧရာဝတီမြစ်ထဲ က ကျွန်းတစ်ကျွန်ရဲ့ ရွာလေးတစ်ရွာ က 16 နှစ်အရွယ် ကောင်းမလေးတစ်ယောက် အဲဒီရွာက အိမ်ထောင်ရှိ လူတစ်ယောက်ရဲ့ စော်ကားခြင်း ကိုခံရ ပြီး ကိုယ်ဝန်ရှိသွားတယ်။ အဲဒီ စော်ကားတဲ့ လူ က အိမ်ထောင်ရှိတယ်. ကောင်မလေး ကို မယူနိုင်ဘူး ။ ကောင်းမလေး ကိုယ်ဝန်ရှိနေတယ် ဆိုတာ တစ်ရွာလုံးက သိသွားတော့ ကောင်မလေး က ရှက်လို့ ရွာကနေ ထွက်ပြေး ။ နောက်တော့ ကလေးမွေး ၊ ရန်ကုန်ရောက် ၊ ကလေး က ဆရာ ၀န်ဖြစ်သွား ။ နှစ်ပေါင်း သုံးဆယ်လောက်ရှိမှ ရွာကိုပြန်ပေါ့.။။ အဲဒီအကြောင်းပါ။

အဲဒီ မှာ ကျွန်မ အဓိက ပြောချင်တဲ့ အကြောင်းက ဒီမိန့်ကလေးက မတရားစော်ကားခြင်းကို ခံခဲ့ရတာ ၊ ကိုယ်ဝန်လည်းရှိလာရော တစ်ရွာလုံး ရဲ့ တံတွေးခွက်မှာ ပလက်မျောခဲ့ရတယ်၊ လူတစ်ကာရဲ့ လက်ညိုး ထိုးခြင်း ကိုခံခဲ့ရတယ်။ မျက်နှာမပြရဲ အောင်ဖြစ်ခဲ့ရတယ်။ တကယ်ဆိုရင် သူကိုယ်တိုင် ဆတ်ဆော့ လို့ ဖြစ်ရခြင်းလည်း မဟုတ်။ နှမချင်းမစာနာ ၊ စော်ကားသွားတဲ့ မုဒိန်းကောင် တကယ့်တရားခံက ဘုရားသွား၊ ကျောင်းတက် ၊ ကျော့ကော့ နေအောင်ဝတ် ပြီးလူတော တိုးလို့။

တကယ်တော့ မိန်းကလေးတစ်ယောက် အနေနှင့် လင်မရှိပဲ ဗိုက်ကြီးတယ်ဆိုတာ ရှက်စရာပါ။ ဒါပေမဲ့ တာဝန်ယူပါမယ် ကတိမျိုးစုံပေးပြီး. စားပြီးနာမလည် လုပ်သွားတဲ့ ယောက်ျား က ပိုရှက်ဖို့ကောင်းပါတယ်။

နောက်ဆုံးတော့ သူ့ မွေးတဲ့သား က ဆရာဝန်ဖြစ်သွားတော့ သူရွာပြန်တဲ့အခါမှာ သူအရှက်ရခဲ့ သမျှ သူ့သား က ဆရာဝန် ဆိုတဲ့ စကားတစ်ခွန်းနဲ တင် ခြေဖျက်ပြီးသားဖြစ်ခဲ့ရပါတယ်…

 

About we R one

has written 65 post in this Website..

https://5tds.wordpress.com/