အခုတစ်လော ရွာထဲမှာ သရဲအကြောင်းတော်တော်ပြောနေကြတာနဲ့ နွယ်ပင်လဲပြောချင်လာတယ် ရွာသူ/ ရွာသားတွေကတော့ သရဲဆိုတာတကယ်ရှိမရှိတော့မသိဘူး
နွယ်ပင်ကတော့ သရဲလိုပြောရမလား ဝိညာဉ်လို့ပဲပြောရမလား မကျွတ်မလွတ်သေးတဲ့သူလို့ပဲပြောရမလား ကိုယ်တွေ့ကြုံခဲ့တာလေးကိုပြောပြချင်ပါတယ် ..

သင်္ကြန်တွင်း တစ်နှစ်ပေါ့ နွယ်ပင်တို့ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေစုပြီး တရားစခန်းဖြစ်ဖြစ် သီလရှင်ဖြစ်ဖြစ်ဝတ်မယ်ဆိုပြီးတိုင်ပင်ကြတယ် အဲဒီမှာ
သံလျှင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က သူတို့ဘက်မှ တရားစခန်းရော သီလ၇ှင်ရောပါဝတ်လို့ရတဲ့ ကျောင်းတစ်ကျောင်းရှိတယ် တောကျောင်းမို့လို့အေးချမ်းတယ်
တစ်ခြား ဘာမှ အပူအပင်မရှိဘူးပြောလို့ သွားဝတ်ဖြစ်ခဲ့တယ် သီလ၇ှင် (3) ပါးနဲ့ ယောဂီ (4) ယောက်ပေါ့ ကျောင်းလဲရောက်ရော သူငယ်ချင်းပြောသလို တကယ်အေးချမ်းပြီး တရားဝင်တဲ့သူတွေကလဲ ကိုယ့်ကျောင်းလေးနဲ့ကိုယ် နောက် အနီးပတ်ဝန်းကျင်မှာလဲ အိမ်ခြေကမရှိ ကျောင်းရဲ့ အနောက်ကလဲ တောလို့ပြောလို့ရတဲ့ သစ်ပင်တွေချည်းစုဝေးနေတဲ့ နေရာ တိတ်ဆိတ်ပြီး တကယ့်ကိုပဲ တရားကောင်းကောင်းအားထုတ်လို့ ၇မယ့်နေရမျိုးပါပဲ .. တစ်ခုပဲ ပြောစရာရှိတယ် အိမ်သာက ကျောင်းနဲ့ တော်တော်လေးဝေးတော့ ညရေးညတာဆို သွားရင် မြွေပါးကင်းပါးတော့ စိတ်ပူစရာရှိတာပေါ့ …
နွယ်ပင်တို့ နေရမယ့်အဆောင်က သွားတဲ့ လူ (7)ယောက်နဲ့ ဆို ကျယ်တောင်နေသေးတယ် အခန်းလဲ (2) ခန်းပါတော့ သီလရှင် (3)ပါးက ခေါင်းရင်းခန်းမှာနေ ယောဂီတွေကတော့ ခြေရင်းမှာနေဆိုပြီး ကိုယ့်ဘာကိုယ်ခွဲ လိုက်ကြတာပေါ့ နွယ်ပင်တို့နေတဲ့ ခေါင်းရင်းခန်းမှာ ယောဂီဝတ် အမျိုးသမီး တစ်ယောက်ရဲ့ ပုံကိုချိတ်ထားတော့တွေ့တော့ ဒီကျောင်း၇ဲ့ အလှူ၇ှင်လား ဆိုပြီး စပ်စပ်စုစုသွားမေးမိတယ် အဲတော့ ဆရာလေးတစ်ပါးက “မဟုတ်ပါဘူးတဲ့ အမြဲဝင်နေကျယောဂီပါ ဆုံးသွားပါပြီ စိတ်ထဲ မထားပါနဲ့တဲ့ ” အဲမှာ စတာပဲ ကိုယ်က ဒီအတိုင်းသိချင်ယုံ စပ်စုပြီးမေးလိုက်တာကို ဆရာလေးက စိတ်ထဲမထားပါနဲ့ ပြောတာဘာလို့ပါလိမ့် ဆိုပြီး ပုံကိုသေချာကြိးကိုသွားကြည့်မိတော့ မျက်လုံးက အ၇မ်းအသက်ပါပြီးကိုယ့်ကို ပြန်ကြည့်နေသလိုခံစားရတယ် အဲတာနဲ့ တစ်ခြားသူတွေကိုလဲ ပြောတော့ သူတို့လဲ အဲလိုပဲ ခံစားရတယ်တဲ့ အဲ့မှာ ဇာတ်လမ်းက စတာပဲ
သွားတဲ့ သူတွေကလဲ သတ္တိကခပ်ရှိရှိဆိုတော့ အဲ့ပုံကိုမကြည့်ရဲတောဘူ့း ပုံရှေ့ရောက်ရင် ခေါင်းကိုငုံ့ပြီး သုတ်ခြေတင်တော့တာပဲ .. ညလဲရောက်ရော တောကျောင်းဆိုတဲ့ အတိုင်း မီးကလဲခပ်မှိန်မှိန် အခန်းထဲက ဓာတ်ပုံကြီးကလဲ အသက်ဝင်ဝင်နဲ့ စိတ်ကလဲဟိုတွေးဒီတွေးပေါ့ အဲ့အချိန်မှာ နရံပေါ်က ဘုရားရုပ်ပုံကားချပ်ကြီးက လေမတိုက်ဘာမတိုက်နဲ့ စပြီးတော့လှုပ်လာပါရော ကိုယ်တွေကလဲကြောက်ကြောက်လန့်လန့်နဲ့ ကြည့်နေတာပေါ့ ပြီးလဲပြီးရော …..အသံအကျယ်ကြီးနဲ့ တောက်တဲ့ တောက်တဲ့ ဆိုပြီးအော်လိုက်တာ လူတွေကို တုန်တက်သွားတာပဲ အဲ့အချိန်မှာပဲ ခြေရင်းအခန်းက ယောဂီအငယ်လေးက သူမအိပ်ရဲတော့ဘူး ဆရာလေးတို့နဲ့ လာအိပ်မယ်ဆိုပြီးေ၇ာက်လာပါရော နွယ်ပင်တို့ကလဲ ဟင့်အင်း လို့မငြင်းဘူး လူများတော့ ပို အား၇ှိတယ်ဆိုပြီးခေါ်အိပ်တာပေါ့ ညရောက်တော့ ယောဂီကလေးက ဇာတ်လမ်းစတော့တာပဲ အိမ်သာသွားချင်တယ်လိုက်ပို့ပေးပါတဲ့ အဲတော့ ကိုယ်ကပဲ မကြောက်ချင်ယောင်ဆောင်ပြီးလိုက်ပို့ပေးရတာပေါ့ အိမ်သာလဲရောက်ေ၇ာ သူက ခဏလေးနော်ဆရာလေးဆိုပြီး ဝင်သွားတာ (15) မိနစ်လောက်ကြာမယ် အပြင်မှာရပ်နေတဲ့ ကိုယ်ကသာ ညဘက်မှောင်မှောင်မှာ မြွေလဲကြောက် ကင်းလဲကြောက် ဟိုဟာကြောက် ဒီဟာကြောက်နဲ့ သစ်ပင်ပေါ်ကပဲ လက်ယပ်ခေါ်နေသလိုလို ဟိုဘက်နားကပဲ လှမ်းခေါ်နေသလိုလိုနဲ့ ယောဂီလေးက သူ့ကိစ္စလဲပြီးရော :ဆရာလေးတဲ့ စောစောက ဘာသံမှမကြားဘူးလား မီးမှာကြောက်လိုက်တာတဲ့ အပြင်က နေကုတ်ခြစ်နေတာလေတဲ့ ”
‘ဒီလိုနဲ့ အဆောင်လဲပြန်ေ၇ာက်ရောကဲ အိပ်ကြမယ်ပေါ့ မနက်ဖြန်မနက်စောစော တရားလဲ ထိုင်ရမှာဆိုတော့ဆိုပြီး အိပ်ကြတယ် ကျောင်းမှာက တစ်နာရီထိုးပြီးတိုင်း သံချောင်းခေါက်တယ် နွယ်ပင်က အိပ်ယာပြောင်းရင်မအိပ်တက်တဲ့ သူတွေ၇ဲ့ ထုံးစံအတိုင်း ဟိုလူးဒီလူးနဲ့ နာရီသံချောင်းခေါက်သံလေးတွေကို နားစွင့်နေမိတယ် နံရံက တောက်တဲ့ကလဲ 3 မိနစ်တစ်ခါမှန်မှန်အော်နေလေရဲ့ ည (12) နာရီထိုးပြီးလို့ ခဏလေးလဲနေရော ခွေးအူသံတွေကို စပြီးကြားရတော့တာပဲ ခွေးတွေကလဲ အူ တောကောင်တွေ (ငှက်လို အကောင်တွေထင်တယ် ) သူတို့တွေကလဲအော်ဆိုတော့ စိတ်ထဲ့နည်းနည်းတော့ လန့်လာတယ် နိုးနေတာကလဲ ကိုယ်တစ်ယောက်ထဲ ထင်တော့ပိုဆိုးတာပေါ့ အဲ့အချိန်မှာ ကိုယ့်လက်ကို တစ်ယောက်ယောက်က လှမ်းထိသလိုလို ကုတ်နေသလိုလိုလဲ နောက် ………အသံတိုးတိုးလေးနဲ့လှမ်းခေါ်နေသလို
ဒိအချိန်လေးတွင်းမှာ ခံစားလိုက်ရတဲ့ ခံစားချက်လေးကတော်တော်ဆိုးတယ် ကြည့်လဲ့ကြည့်ချင် မကြည့်လဲ မကြည့်၇ဲဆိုတော့ အားတင်းပြီးလှမ်းလဲကြည့်လိုက်ရော…….
ကိုယ့်လိုပဲ မအိပ်သေးတဲ့ယောဂီလေး အဲတော့မှ “ဟင်း” ဆိုပြီးသက်ပြင်းခနိုင်တော့တယ် ပြီးမှ ဘာလဲဆိုပြီးမေးငေါ့ပြလိုက်တော့ သူပြောလိုက်တဲ့စကားတစ်ခွန်းက
“ဆရာလေးခြင်ထောင်ခြေရင်းမှာ လမ်းလျှောက်နေတယ် ယောဂီတစ်ပါးတဲ့ ” ကြည့်လဲကြည့်လိုက်ရော
တကယ် အဟုတ်ကိုပဲ ခြေရင်းမှာ လမ်းလျှောက်နေတယ် ယောဂီတစ်ပါး မီးကလဲ မှိန်ပြပြနဲ့ဆိုတော့ ဘယ်သူမှန်းမသိဘူး အဲတာနဲ ခေါင်းထောင်ပြီးကြည့်လိုက်တော့
ဒူးအထက်ပိုင်းမပါတဲ့ ယောဂီတစ်ပါး လမ်းလျှောက်နေတာတွေ့တော့ မနက်ကမှ တုန်းထားတဲခေါင်းကဆံပင်လေးတွေတောင် ထောင်တက်သွားတယ် တစ်ခါတည်းခေါင်းမူးခြုံပြီးအိပ်လိုက်တာ မနက် (4) နာ၇ီဘယ်လိုထိုးသွားမှန်းကိုမသိဘူး …

ဒိအဖြစ်အပျက်လေးက တကယ်ဖြစ်ခဲ့တာပေါ့ တရားစခန်းဝင်တဲ့ (၇) ရက်မှာ ခြေရင်းက ယောဂီကလဲ ညတိုင်းသူထုံးစံမပျက် နွယ်ပင်တို့ခြေရင်းမှာ လမ်းလျှောက်ပြီး နေခဲ့သလို ကိုယ်တွေကလဲ ထုံးစံမပျက်ခေါင်းမူးခြုံအိပ်ဖြစ်ခဲ့ပါတယ်

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..