ကျွန်တော် မန်းလေးရောက်တော့၁၉၇၅
ဘယ်သွားသွားစက်ဘီးလေးနဲ့လျှောက်သွားရတာ
အလုပ်သွားလည်းစက်ဘီး အလုပ်ပြန်လည်းစက်ဘီး
ဥပုဒ်ပိတ်ရက်လျှောက်လည်းချင်လည်းစက်ဘီး
မန်းလေးတောင် နန်းတွင်းရေကူးကန် ဘီအီးရေကူးကန်
ဘယ်သွားချင်လည်းစက်ဘီး
ကားကလည်းနည်း ဆိုင်ကယ်ကလည်းပေါ်ကာစ
ဘီအက်စ်အေ ဂျာဝါးဆိုင်ကယ်တွေပြောတာမဟုတ်ဖူးနော်
ဂျပန်ဆိုင်ကယ်တွေပြောတာ ဆိုင်ကယ်စီးသူကလည်းနည်း
ယာဉ်ထိန်းကလည်းနည်း နည်းဆို၂၀ ၃၀လောက်ရှိမှတ်ပါတယ်
ဘယ်သွားသွားစက်ဘီးဆိုတော့ယာဉ်ထိန်းနဲ့ကလည်းပတ်သက်စရာမရှိ

၁၉၉၀လောက်ရောက်တော့ဆိုင်ကယ်ကတော်တော်များလာပြီ
များလာပြီဆိုသော်လည်းယခုခေတ်များသလိုတော့များဖူးပေါ့လေ
ကိုယ်လည်းဆိုင်ကယ်စီးနေပြီ လိုင်စင်မေ့ကျန်ခဲ့ရင်ယာဉ်ထိန်းနဲ့စကား
ပြောနေရပြီ မပြေလည်ရင်ဒါဏ်ငွေဆောင်နေရပြိ တမှု ၅၀၀ မှတ်ပါတယ်

ဟောသားတို့ခေတ်ရောက်ပါပြီ ၂၀၁၀
ဝင်လာလိုက်တဲ့တရုပ်ဆိုင်ကယ်တွေ လိုင်စင်မဲ့တွေ တောလမ်းကဆင်းလာ
ကုန်ကားကြီးတွေထဲစောင်ခြုံပြီးဝင်လာ တောကောမြို့ကောစီးလိုက်ကြတဲ့
ဆိုင်ကယ် ဟိုးအရင်ကျွန်တော်မန်းလေးရောက်စ စက်ဘီးအားကိုး
နေရတဲ့မန်းလေး အခုတော့လည်းစက်ဘီးတောင်စီးသူနဲပြီး
အိမ်တိုင်းလိုလိုဆိုင်ကယ်နဲ့ဖြစ်ကုန်ပါလေရော တိုးတက်ခြင်းလို့ပြောမလား

ဆိုင်ကယ်တွေပေါ ကားတွေပေါနဲ့မန်းလေးမြို့ကြီးစည်ကားလာလိုက်တာ
နေ့ချင်းညချင်း ယာဉ်ထိန်းတွေလည်းထိန်းလို့မနိုင် အင်အားတွေတိုးလိုက်တာ
ရာကျော်တွေဖြစ် စည်းမဲ့ဆိုင်ကယ်တွေယာဉ်တွေစီမံချက်နဲ့အဖွဲ့လိုက်
ရှောင်တခင်စစ်ဆေးမှုတွေလုပ် ဒါဏ်ငွေတွေရိုက်နဲ့စည်းကမ်းထမ်းသိမ်း
ရေးတွေလုပ်ရတာအမော ရလိုက်တဲ့ဒါဏ်ငွေတွေလည်းအများကြီး
တယကစီမံချက်ဆိုပြီး ဖမ်းမိရင်ဒါဏ်ငွေ၁၁၅၀၀ ဆောင်စေ
၁၀၀၀၀ က တယက ရံပုံငွေတဲ့ ဒါလည်း ဆိုင်ကယ်စီးရင်ဦးထုပ်
မဆောင်းတဲ့သူတွေကအများကြီး

စီမံချက်နဲ့ဖမ်းတာများလာတော့အဖမ်းများတဲ့နေရာတွေအနားမှာ
စီးပွားရေးမျက်စိရှိသူတွေက
ဆိုင်ကယ်ဦးထုပ်ဆိုင်တွေဖွင့်လာလိုက်တာအတော်စီးပွားရေးဖြစ်ကုန်ကြပါရောစစ်ဆေးရေးရှိရင်ဦးထုပ်မပါတဲ့ကလေးတွေက၁၅၀၀ တန် လောက်
မြန်မာဖြစ်ပေါပေါပဲပဲဦးထုပ်ကလေးတွေဝယ်ဆောင်းလိုက်ကြပါရော
ဒါဏ်ဆောင်ရတာထက်အများကြီး သက်သာတယ်မဟုတ်လား
ဦးထုပ်ခိုင်တာမခိုင်တာ အန္ဒရာယ်ကင်းတာမကင်းတာနောက်

ဟော အခုတိုင်းဒေသကြီးတွေလည်းဖြစ်ကုန်ရော
စစ်ဆေးရေးတွေလည်းစစ်တာပါပဲ
ဖမ်းမိတာတွေလည်းဒါဏ်ဆောင်ရတာပါပဲ
သို့သော် ဆောင်ရတဲ့ဒါဏ်ငွေကကွာခြားသွားပါရော
တိုင်းဒေသကြီးမဖြစ်ခင်ကကောက်ခဲ့တဲ့ တယက ရံပုံငွေဆိုတာပျောက်
ဒါဏ်ကြေးသီးသန့် ၁၅၀၀ ပါတဲ့
ဘယ်လောက်ကောင်းလိုက်ပါသလဲ
ဆိုင်ကယ်စီးတဲ့သူတွေဝမ်းသာလိုက်ကြတဲ့ဖြစ်ခြင်း

ဝမ်းမသာနိုင်သူတွေရှိလာပြန်ပါရော
ဘယ်သူတွေလည်းမမေးနဲ့လေ
ဆိုင်ကယ်ဦးထုပ်ရောင်းတဲ့ဆိုင်တွေလေ
ဦးထုပ်ကလည်း ၁၅၀၀ အိမ်မှာလည်းပုံနေပြီ
မ၀ယ်တော့ဖူး ဒါဏ်ငွေ ၁၅၀၀ ပဲဆောင်တော့မယ်

၁၀တန်းအောင်ရင်တက္ကသိုလ်ဆက်တက်ရတာကိုး
မန်းလေးမှာကပြောခဲ့သလိုဆိုင်ကယ်ကတအိမ်တစီးလောက်ရှိနေတော့
ကျောင်းသားတွေကျောင်းသွားရင်ဆိုင်ကယ်နဲ့ပဲသွားကြတာပါပဲ
ခက်တာက အခုခေတ်ကျောက်သားတွေ
၁၀ တန်းအောင်ပါရဲ့အသက်က ၁၆ နှစ်
ယာဉ်မောင်းလိုင်စင် ဥပဒေအရလိုင်စင်လုပ်လို့မရ
ကျောင်းသွားတော့ဆိုင်ကယ်နဲ့သွား
ယာဉ်ထိန်းနဲ့တွေ့တော့ဆောင်ပေတော့ဒါဏ်ငွေ

တင်ပြခဲ့သလိုကျောင်းသားတွေရဲ့အခက်အခဲကလည်းရှိပြန်
အသက်ကလည်းမပြည့် ၁၆ နှစ်
၁၀ တန်းအောင်တဲ့အသက်တွေကအများစုက ၁၆နှစ် ပြင်လို့မရ
ဒီတော့ပြင်လို့ရတဲ့ ကညန ဥပဒေကိုနဲနဲလောက်အကြံပေးရရင်
၁၆ နှစ်ဆိုဆိုင်ကယ်လိုင်စင်လုပ်လို့ရစေ
၁၈ နှစ်ပြည့်မှယာဉ်မောင်းလိုင်စင်လုပ်လို့ရစေ
အဲဒါဆိုကျောင်းသားတွေလည်းလိုင်စင်မရှိလို့ဒါဏ်ကြေးဆောင်နေရတဲ့
ဒုက္ခကလွတ် လိုင်စင်ကိုလည်းစံနစ်တကျထုတ်ပေး ယာဉ်စည်းကမ်း
လမ်းစည်းကမ်းတွေလည်းစံနစ်တကျသင်ပေး ဆိုယာဉ်တိုက်မှုတွေလည်း
လျော့နည်းလာမလားလို့တွေးမိပါတယ်

၁၆နှစ်သားကျောင်းသားတွေကိုလိုင်စင်နဲ့တရားဝင်မောင်းနှင်ခွင့်ပေးသလို
ဦးထုပ်မဆောင်းတဲ့သူတွေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသူတွေကို
လည်းဥပဒေအရပြတ်ပြတ်သားသားအရေး
ယူမှုတွေလည်းလုပ်ဆောင်သင့်ပါပြီ
ဆေးရုံကြီးကိုရောက်လာတဲ့ယာဉ်တိုက်မှုတွေမှာအများဆုံးထိခိုက်ဒါဏ်ရာ
ရလာတာဦးခေါင်းပိုင်းပါ ဆိုင်ကယ်စီးရင်းဦးထုပ်မဆောင်တဲ့
ရလဒ်တွေပါ ကားမောင်းသူ ဆိုင်ကယ်စီးသူ လမ်းပေါ်လမ်းလျှောက်သူ
ကိုယ်စီကိုယ်စီ စည်းကမ်းကလေးတွေရှိကြမယ်ဆိုရင်ဖြင့်
ယာဉ်တိုက်မှုတွေလည်းလျော့နည်း ထိခိုက်ဒါဏ်ရာရသူတွေလည်း
လျော့နည်းပြီး မန်းလေးမြို့ကြီးလည်းပိုပြီးလှပလာမယ်လို့ယုံကြည်ကြောင်း
ပါခင်ဗျာ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)