ဗျို့ ကိုရင်အောင်ပု….   ခင်ဗျား ယခုနေတဲ့ နေရာမှာ  ဘာတွေဥထားသလဲ။

တစုတစု နဲ့   ပုစုခရုတွေ  ကတော့  ကျုပ်တို့ ရွာမှာ ဒင်းဂျမ်းပေါလာသဗျ။

ရွာကြီးကသာ  ကမ္ဘာကြီးက ရွာ ရယ်လို့  ဆိုလာကြတော့လဲ  တောကြိုအုံကြား  ကျေးလက် အစွန်အဖျားပါမကျန်

ဝိုင်းရံကာ  ဆိုင်းသံမပါပဲ  ၀င်လာကြသကိုး။

ရွာထဲကိုဝင် ရွာသခင်ကို  ဦးခိုက်  သဂျီး ရိုက်မှာကိုလဲ မကြောက်တဲ့   မတစ်ထောင်  တကောင်ဘွား ရွာသား  အသစ်တွေကလဲ ပေါပါဘိသ။

ပါတာကို ထုတ်ကျွေး  အဟုတ်ပေးနေတာက  ပိုစ့်  ယောင်ဆောင် နေတဲ့ ဓါတ်ပုံ  ငထက်ဖျားတွေဟ။

ရွာတောင်ပိုင်းကို သွားတော့ မေးငေါ့စရာ လူတစ်သိုက်… တွေ့ ခိုက်မှာ  ဖလှယ်ကျဖို့   ..ချိန်းဆိုရက်တိုး ….အမျိုးမျိုးကြံဆ…. တုန်းအောက်က ဖားတွေလို

အုံးအွမ် အုံးအွမ်နဲ့  ….ညဖက်မှာ ဓါတ်မီး  ..ငှက်ကြီးကို ခါးမှာ ချိတ်ပြီး…မှောင်ရိပ်မှာ လှုပ်ယိမ်း…အ၀တ်စိမ်းကြီးတွေနဲ့  ပတ်ထားတဲ့  ဟိုဟာကြီးနဲ့  ဆီးရိုက်မလား

ကြိုတွေး …မအေပေးတွေက စိတ်ချရတာမဟုတ်ဘူးဆိုတဲ့ …ဆင်ခြေများဂျီးထူ  ရွာသူတွေကလဲ ပေါပါဘိသ..။

ကိုရင်အောင်ပု ..ခင်ဗျားက  အရပ်ပုတော့ … ဖင်တွေကနီး  မြေကြီးနဲ့ ကပ်… ချီးပေါက်ရင် ဖုတ် ထသတတ်။

ဖုတ်ထမထတော့ ကျုပ်လဲ မသိ… အလုပ်မရှိတော့  …ရွာရိုးကိုးပတ်လျှောက်သွား…ရွာစွန်ဖျားက ..သင်းဂျိုင်းကုန်းမှာ…

သရဲတွေက ဂုတ်ချိုး…ဟုတ်နိုး ဟုတ်နိုးနဲ့ ….မေးကြည့်တာ …ရွာပြင်က ခရေပင်မှာ  သရဲတွေ ကြီးစိုးနေတယ်တဲ့။

ငါကကြူးငါ့ဒူးတောင်မရုံရလို့   လှည့်ကြည့်လိုက်တာ  အားလားလား……….ခရေပင်ထိပ်က သရဲ  မပြောနဲ့   ငါ့နောက်ဖက်က  ခရေပွင့်ကိုတောင်  မမြင်ရပါ့လား။

ကဲကဲကဲ…..ရဲဘော်တို့ …..ဒီလကိုတော့    သရဲတွေကို ရွာထဲက တိုင်တစ်လုံးငါးမတ် တွေကို ခေါ်သွားပြီး   ရွာသား အသစ်တွေရဲ့  အစားအသောက်တွေနဲ့   ခေါစာပစ်လိုက်။

 

About nigimi77

has written 108 post in this Website..