တနေ့မှာ အာရပ်ကုန်သည်တစုဟာ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ရာ အတွက် တစ်မြို့ ၀င် တစ်မြို့ထွက်
ခရီးသွားရင်း သဲကန္တာရ တခုကို ညကြီးမိုးချုပ်  ဖြတ်သွားရပါတယ်တဲ့။ အဲဒီအချိန်မှာ မထင်မှတ်ပဲ သူတို့အုပ်စုထဲက လူတယောက်က အင်မတန်နက်တဲ့ တွင်းကြီးတတွင်းထဲကို ပြုတ်ကျသွားပါတယ်။ အဲဒီတွင်းကြီးထဲ မှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဆိုးတွေက စောင့်ကြိုနေခဲ့ပါတယ်။ ညအမှောင်ထဲမှာဆို
တော့ မြွေမျက်လုံးကြီးတွေကလည်း တလက်လက်တောက်နေခဲ့ပါတယ်။

အဲဒါနဲ့ တွင်းထဲက လူက သူ့လူတွေကို ဆင်းမလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ်။ တတ်နိုင်သမျှ အသံကုန်ဟစ်ပြီးတော့လည်း ပြောပါတယ်။ ဒါပေမဲ့ တွင်းပေါ်က လူတွေရဲ့ အမြင်မှာတော့ ညအမှောင်ထဲမှာ  တလက်လက်တောက်နေတဲ့ မြွေကြီးတွေရဲ့ မျက်လုံး တွေ ကို လက်လက်ထနေတဲ့

စိန်ရိုင်းတုန်းကြီးတွေလို့ မြင်ပါတယ်။  သူတို့အထင်မှာတော့ ဒီစိန်တုံးကြီးတွေကို သူတယောက်ထဲ အပိုင်စီးချင်လို့ ငါတို့ကို မလာခဲ့ဖို့ တားနေတာလို့

ထင်ပြီး တယောက်က ခုန်ဆင်းသွားပါတယ်။  အောက်လည်း ရောက်ရော အထင်နဲ့ အမြင်တက်တက်စင်အောင် လွဲနေလို့ သူလည်း ပထမလူလိုပဲ

တားပါတယ်။ ဒါပေမဲ့ မရပါဘူး ။ တယောက်ပြီး တယောက် ခုန်ဆင်းလာလိုက်တာ နောက်ဆုံး အားလုံးမြွေကိုက် ခံရပြီး အသက်ဆုံးကုန်ပါတယ်။

ဒီဥပမာလေးလိုပါပဲ  အိမ်ထောင်ကျပြီးသား လူတွေက အိမ်ထောင်မပြုရသေးတဲ့ လူတွေကို တားတတ်ပါတယ်။ ဒါပေမဲ့ မပြုရသေးတဲ့ လူတွေကလည်း  သူတို့ကျ ယူပြီး ငါတို့ ကို ကျတော့ တားတယ်ဆိုပြီး ပြော ကြ ယူကြပါတယ်။  နောက်ဆုံးတော့ အိမ်ထောင်ဆိုတဲ့

ဝဲဂယက်ကြီးထဲ မှာ ရုန်းရ ကန်ရနဲ့ သံသရာလည်ပြီး ဘ၀ဆုံးကြပါတော့တယ်။

အိမ်ထောင်ရေးနဲ့  ပတ်သတ်ပြီး ဖတ်ဖူးတဲ့ အာရပ် ပုံပြင်လေးတပုဒ် ကို ပြန်ပြီး မျှဝေတာပါ။ ဖတ်ဖူးတဲ့လူတွေလည်း သိပြီးသားဖြစ်မှာပါ။
မဖတ်ရသေးတဲ့ သူတွေအတွက်ပါ။

ဒီပုံပြင်လေးကို ရေးမိတာက လွန်ခဲ့တဲ့ ရက်ပိုင်းလောက် က ငယ်သူငယ်ချင်း အရင်းကြီး တယောက် ညကြီးသန်းခေါင် ဖုန်းဆက် ငိုယိုပြီး ရင်ဖွင့်တာကို နားထောင်ပေးခဲ့ ရလို့ပါ။ အသက်က လည်း ၃၀ ၀န်းကျင်ပါပဲ။ ကလေး ၃ ယောက်ရပါပြီ။ စီးပွားရေးမှာလည်း တော်တော်လေး အခြေချ

မိနေပါပြီ။ ဒါပေမဲ့ သူ့အိမ်ထောင်ရေး ကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါ။ ကွဲမလိုကွာမလို ကလည်း ၂ ကြိမ်လောက် အကြီးအကျယ် ဖြစ်ဖူးပါတယ်။  အဲဒီနေ့ က သူပြောတာက ဒီယောက်ျားကို ယူမိတဲ့ အတွက် တနေ့ကို အကြိမ်ပေါင်း မြောက်မြားစွာ သူနောင်တရပါတယ်တဲ့ ။ ကျမကတော့ ကြားရဖန်များလို့ ရိုးနေပါပြီ။  သူစိတ်ချမ်းသာအောင် သူပြောသမျှကိုပဲ နားထောင်ပေးလိုက်ပါတယ်။

ကျမကိုလည်း အိမ်ထောင်မပြုဖို့ ကို သူတို့လင်မယား ရန်ဖြစ်တိုင်း ပြောလေ့ရှိပါတယ်။ သူနဲ့ဖုန်းပြောပြီး ဒီ အာရပ် ပုံပြင်လေးကို သတိရသွားတာနဲ့

ရေးလိုက်တာပါ။

ကဲရွာသူ ရွာသားအပေါင်းတို့ရေ  မျက်လုံးတွေ မီးဝင်းဝင်းတောက်ပြီး ကြောက်စရာ မြွေဆိုး ကြီးတွေရှိတဲ့  တွင်းနက်ကြီးထဲ ကို ခုန်ဆင်းတော့မယ်ဆို

ရင်ဖြင့်  နားလည်မှု၊ သီးခံမှု ၊ ခွင့်လွှတ်မှု ၊  ကိုယ်ချင်းစာတရား ၊ ဆိုတဲ့ လက်နက်တွေကို စွဲကိုင်ပြီး  သတိဝီရိယနဲ့ သာ ဆင်းသွားကြပါနော်။

 

pooch

About pooch

has written 28 post in this Website..

Be Happy !!! CJ# 5182011