ပြီးခဲ့တဲ့ weekend က အိမ်မှာသုံးဖို့ လိုတာလေးတွေဝယ်ရအောင် ကျွန်မဈေးဝယ်ထွက်ခဲ့တယ်… ။ လိုချင်တာလေးတွေ ပြည့်ပြည့်စုံစုံဝယ်ပြီး …. မေ့လျှော့ကျန်ခဲ့လေသော ပစ္စည်းများ မရှိရအောင် ပြန်စဉ်းစားရင်း တဖြည်းဖြည်း လမ်းလျှောက်နေလေရဲ့… ။ အကျင့်ကိုက ဈေးဝယ်ရန်လိုသော ပစ္စည်းများကို စာရွက်နဲ့ မှတ်တဲ့ အလေ့အထမရှိတာကြောင့် … ဦးနှောက်ထဲပေါ်သမျှနဲ့ …မြင်သမျှကို ချိန်ကိုက်ရင်း…..  ။

လျှပ်တပြတ်ကျွန်မ သတိရလိုက်ပါတယ်… ဆပ်ပြာခရမ်ကုန်နေပြီဆိုတာကိုပေါ့ … ။ ဆပ်ပြာတန်းဘက်ကို သွားပြီး ဘယ်ဆပ်ပြာခရမ်သုံးလျှင် ကောင်းမလဲ တွေးပါတယ်…၀ယ်နေကြအမျိုးစားက ရိုးသွားပြီထင်လို့ ကျွန်မနောက်တမျိုးစားသုံးလျှင်ကောင်းမလားတွေးရင်း ဆပ်ပြာခရမ် တံဆိပ်တွေ ကိုလိုက်ကြည့်ပါတယ်….. ။ ဆိုဒ်တွေနဲ့ တံဆိပ်တွေက အစုံပေါ့ … ။ နာမည်ကြီး တံဆိပ်တွေရော … အသစ်ထွက်တဲ့ တံဆိပ်တွေရော စုံလို့ပေါ့… ။ တချို့ ဆပ်ပြာခရမ်အမျိုးစားတွေဆို ခဲခြစ်ကံစမ်းမဲလေးတောင် ပေးသေးတယ်… ။ စိန်ဂေဟာ အံပေါင်းလက်ကီးဒရော ကတည်းက ကံစမ်းမဲကို စိတ်ကုန်နေတဲ့ ကျွန်မ ၊ အခုလည်း ကံစမ်းမဲ ဆိုတာနဲ့ … စိတ်ပြန်ဝင်စားလာပြန်တယ် … ၀ါသနာကိုး ….မှတ်လောက်သားလောက်အောင် လူလည်ကျခံထားတာမှ မကြာသေးဘူး … ။

ဒီတခါ ကံစမ်းမဲကတော့ ခဲခြစ်ကံစမ်းမဲပါ… ဆပ်ပြာ ခရမ်ဆိုတာကလည်း စိန်ဂေဟာလပ်ကီးဒရောတုန်းကလို နှစ်သောင်း၊သုံးသောင်းမဟုတ်ဘူးလေ… ဒီတော့ ဘာဖြစ်ဖြစ် ၀ါသနာအရ ခဲခြစ်ကံစမ်းမဲပါတဲ့ ဆပ်ပြာခရမ်ဝယ်မယ်လို့ တွေးလိုက်ပါတယ်… ။ ခဲခြစ်ကံစမ်းမဲ ပါတဲ့ ဆပ်ပြာခရမ်အမျိုးစား နှစ်ခု သုံးခုလောက်ရှိတယ်… ဆိုဒ်ကတော့ အစုံပါပဲ … ။ စပ်စပ်စုစုနဲ့ ဘယ်အမျိုးစားကိုဝယ်လျှင် ဘယ်လောက်ရမလဲ တွေးပြီး ဆပ်ပြာဗူးလေးတွေကို ကိုင်ကြည့်လိုက်ပါတယ်… … ။ အဲ့ဒီမှာ စတာပါပဲ … ။ခဲခြစ်တွေ အကုန်လုံးက ခွာထားခံရတာပါ … ။ လက်ရာတွေ ပျက်ယွင်းနေပါတယ်… ။ ကံစမ်းမဲ ကို ခွာကြည့်ပြီးမှ ပြန်ကပ်ထားပုံပါ… ။ ဒါနဲ့ပဲ ကျွန်မလည်း အလျှင် အမြန် ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်လိုက်ပါတယ်….။ ကျွန်မခဲခြစ်တွေကို သေချာကြည့်နေတုန်း ကောင်မလေးတွေ ဘေးကို ရောက်လာတာနဲ့ အမျိုးစား တမျိုးကိုပဲ မှတ်တမ်းတင်လိုက်ရတာပါ…… ။ တခြား အမျိုးစားတွေကို ကြည့်တော့လည်း ဒီလိုပဲဖြစ်နေပါတယ်….. ။  ဘယ်သူတွေရဲ့ လက်ချက်လဲ ၊ ရှောပင်းစင်တာတွေက အရောင်းစာရေးမတွေရဲ့ လက်ချက်လား မဝေခွဲတတ်အောင်ပါပဲ … ။ ကံစမ်းမဲပေးပါလို့ ဈေးဝယ်သူက အတင်းတောင်းဆိုတာမျိုးမဟုတ်ပဲ ကုမ္ပဏီက ရောင်းအားတတ်ချင်တဲ့အခါ လုပ်တဲ့ ပရိုမိုးမျိုးမှာ ဒီလို မသမာမှူတွေ ရှိနေတာ ဈေးဝယ်တဲ့လူကို စော်ကားတာနဲ့ တူနေပါတယ်… ။ ခဲခြစ်ကံစမ်းမဲမှာ အများစုက အတန်သေးတွေချည်းပါမယ်ဆိုတာ ခန့်မှန်းမိပေမဲ့ …ကလီကမာတော့မလုပ်သင့်ဘူးပေါ့ …. ။ တွေးကြည့်မယ်ဆိုလျှင် တကယ့်ကို ရှက်စရာကောင်းတဲ့ လုပ်ပါ ဖြတ်ခုတ်မယ်ဆိုတဲ့ အကြံမျိုးနဲ့ လက်ဆော့ထားတာမို့လို့ပါ… ဒီလောက် ဗူးတွေ အများကြီး တယောက်ထဲနဲ့တော့ ခွာကြည့်ဖို့ထက် …ပူးပေါင်းဆောင်ရွက်မှူလို့ပဲ ကျွန်မထင်ပါတယ်… ။ကုမ္ပဏီဝန်ထမ်းတွေ လာချကတည်းက ဒါမျိုး မသေမသပ်တဲ့ ခွာထားတာတွေ ပါလျှင် အရောင်းစာရေး ၊ စတိုလက်ခံသူတွေက စီစစ်ပြီး ပြန်ပြောမယ်လို့တော့ ကျွန်မထင်ပါတယ်… အခုလို ပြောင်ပြောင်တင်းတင်း ခွာကြည့်ပြီးသားတွေကို ပြန်ရောင်းရဲတာ … အရောင်းစာရေးတွေဘက်က လောဘတတ်မှူလို့ပဲ ကျွန်မထင်ပါတယ်…။ ငွေပမာဏကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ … ဒီလို လုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် ကိုယ့်ရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်ပေါ်လွင်သွားတယ်ဆိုတာ … ဘယ်သူမှ မသိလည်း ၊ ကာယကံရှင် ပြုလုပ်သူတို့ ကိုယ်တိုင် သိကြပါလိမ့်မယ် ။ စိတ်ဓါတ်မြင့်မြင့် ထားနိုင်ကြပါစေနော် ။

( OKI တံဆိပ်တမျိုးထဲတင်ဖြစ်တာမဟုတ်ပါဘူး ၊ တခြား တံဆိပ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ ….ဓါတ်ပုံကတော့ အခြေနေအရ ရိုက်ရတာမို့  အမျိုးစား တခုထဲ ပုံပါလာတပါ ။ )

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!