နာဆာမှ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ Stephen Hawking ဟာဂြိုလ်သားများရှိတယ်ဆိုတာပြင်းပြင်းထန်ထန်ယုံကြည်ထားသူတစ်ယောက်ဖြစ်ပြီးကမ္ဘာကြီးဟာ ထိုဂြိုလ်သားများရဲ့ ကျူးကျော်မှု့ကို ခံရနိုင်တယ်လို့
သတိပေးလိုက်ပါတယ်။

မှတ်တမ်းမှတ်ရာများအရ အကျိုးအကြောင်းစပ်ဆက်ပြီး အာကာသ
ဆိုင်ရာ နာမည်ကျော် သိပ္ပံပညာရှင်ကြီးဟာ စကြာဝဠာရဲ့ တစ်နေရာမှာ
အသိဥာဏ်ရှိတဲ့ သတ္တဝါတွေရှိတယ်လို့ဆိုပါတယ်။

ထို သတ္တဝါ (ဂြိုလ်သား) တွေဟာ
ကမ္ဘာရဲ့ ကောင်းမွန်းတဲ့ အရင်းအမြစ်တွေကို လိုခြင်မှု့ကြောင့် ကိုလိုနီလုပ်
နယ်ချဲ့လာနိုင်တာဖြစ်တယ်လို့အခိုင်းအမာပြောဆိုခဲ့ပါတယ်။

Hawkingကကျွန်တော့် စိတ်ကူးနဲ့ စဉ်းစားကြည့်တာ ထိုသတ္တဝါတွေမှာ လဲ ကြီးမားတဲ့
ယာဉ်တွေရှိပြီး လောလောဆယ်တော့ သူတို့ ဂြိုလ်ကထွက်တဲ့ အရင်းအမြစ်တွေကိုသာ
သုံးစွဲနေတုန်းဖြစ်ပါတယ်။

ထိုသတ္တဝါတွေဟာ ဒါထက်ပိုအဆင့်မြင့်ပြီးရေကြည်ရာမြက်နုရာ နေရာတွေကို သိမ်းပိုက်ရင်းနဲ့ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကို ရောက်ရှိပြီး သိမ်းပိုက်လာနိုင်ပါတယ်။ တကယ်၍ ထိုသတ္တတွေဟာကျွန်တော်တို့ဆီကို အမြဲတမ်း လာနေခဲ့မယ်ဆိုရင်ရလာမဲ့အကျိုးကျေးဇူးကတော့
ဘာနဲ့တူမလဲဆိုရင် ခရစ္စတိုဖာ ကိုလံဘတ် အမေရိကန်ကို ပထမဆုံးခြေချခဲ့သလိုဘဲ
အလွန်သာယာကောင်းမွန်လှတဲ့ အမေရိကန်မှ
လှည့်မပြန်နိုင်သလိုဖြစ်သွားလာပါလိမ့်မယ်။

From: Thinsar Yaung Chi

About lu ta lone

lu ta lone has written 261 post in this Website..