ဘော်ဒါတစ်ယောက်ရဲ့ အဖြစ်ပါ .. သူကတော့ ရယ်စရာအနေနဲ့ ပြောတာပဲ .. ကျန်တဲ့လူတွေ စဉ်းစားကြည့်စေချင်လို့

အဲဒီဘော်ဒါ နယ်မြို့ကြီးတစ်မြို့ကို ရောက်တုန်းကပေါ့ .. ရန်ကုန်သားများ ရန်ကုန်က အကျင့်လေးတွေ ပါသွားတော့ ညနေစောင်းတာနဲ့ စည်ဘီယာ ရောင်းတဲ့ ဆိုင်ကို သွား .. တစ်ဂျား နှစ်ဂျား .. အကင်လေးနဲ့ ထွေရာလေးပါး ပြော ကြ .. အဲဒီနောက် ထုံးစံအတိုင်း မာဆတ် လို့ ပြောတဲ့ အကြောဖြေ ဇိမ်ခံတဲ့ ဇာတ်လမ်းကို ကူးပြောင်းသွားပါရော .. အိမ်ခံ လူက ရှစ်စပ်က ဂျင်ဂျင်လယ် ဆိုတဲ့ လူ ဆိုတော့ သူကပဲ ငါ့ကို နေရာပြ ခေါ်သွားတယ်လေ ..

နှစ်ယောက်သား ကိုယ်စီ အနှိပ်ခံနေတုန်းမှာပဲ .. အိမ်ခံကို နှိပ်ပေးနေတဲ့ ကောင်မလေးက ငါ့ကို ကြည့်နေတယ် ဟ .. ငါလဲ ဘုမသိ ဘမသိ ပြန်ကြည့်တာပေါ့ .. ဘာရမလဲ .. ရန်ကုန်သားလေ ..

“ဒီက အကိုကို မြင်ဖူးသလိုပဲ .. ဒီကို ပုံမှန်လာနေကျ ဖောက်သည်ပဲလား”

“မဖြစ်နိုင်ပါဘူး .. ငါက အခုမှ ဒီဆိုင် ရောက်ဖူးတာ”

“မဟုတ်ဖူးလေ .. ကျွန်မ သေသေချာချာ တွေ့ဖူးတယ်”

ငါလဲ ဇဝေဇ၀ါ ဖြစ်သွားတယ် .. ဒါနဲ့ သေသေချာချာ စိုက်ကြည့်လိုက်တယ် ..

“အေး .. ငါလဲ မြင်ဖူးတယ် ထင်တာပဲ .. ဘယ်မှာလဲတော့ မသိဘူး .. ငါက ဒီက မဟုတ်ဖူး .. ရန်ကုန် က”

တစ်အောင့်လောက် ကြာတော့မှ .. “ဟုတ်ပြီ .. မှတ်မိပြီ .. ၃၉ လမ်းမှာ တွေ့တာ .. ဟုတ်တယ်ဟုတ် (မော်လမြိုင်သံလေးနဲ့)”

“ဟုတ်ပြီ .. နင်တို့ ဗိုလ်တထောင် ပြောင်းသွားတယ် ဆိုတုန်းက ငါ လိုက်ရှာသေးတယ် .. မတွေ့ဘူး ..ဟ” တဲ့ ..

သူကတော့ ရယ်စရာတစ်ခုအနေနဲ့ ပြောပြတာ .. ဒါပေမယ့် တခြား ပြဿနာတွေနဲ့ ဆက်စပ် စဉ်းစားလိုက်တော့ ဒီအရပ်မှာ ဟောင်းသွားပေမယ့်လဲ နောက်အရပ်မှာတော့ အသစ်ပေါ့ .. အသစ်ကြိုက်တဲ့သူတွေအတွက် ဘာတွေနဲ့ တွေ့သလဲ ဆိုတော့ ဟိုဖက်အရပ်က အဟောင်းကြီးလေ .. အသစ်ဆိုတာ ဘာနဲ့ တိုင်းမှာလဲ .. မမြင်ဖူးသေးရင် အသစ်လား .. အသစ် အသစ်ဆိုပြီး နှစ်ပါး သုံးပါး သွားကြတဲ့အခါ .. အဟောင်းဆီက ရောဂါအသစ်တွေ ကိုယ့်ဆီ ရောက်လာရင်တော့ ..

(ရွာသားတို့ အသစ်ကို တွေ့ဖူးပါသလား .. တကယ် သစ်ရဲ့လား ..)

ဒီဇာတ်လမ်းက ၂၀၀၅ ခုနှစ် မေလမှာ ရေးခဲ့တာ

About moethidasoe

moe thidasoe has written 34 post in this Website..