(၁၉ ဇူလိုင် မမေ့နိုင်)

အို… မိတ်ဆွေအပေါင်းတို့
နှစ်တွေကြာညောင်း
ဘ၀တွေ ဘယ်လိုပြောင်းပြောင်း
ဗိုလ်ချုပ်တို့ခွဲခွာ၊ နေရှိန်ထိုးကျ
လောကပိန်းမှောင်၊ အလင်းရောင်ပျောက်
မိုးအောက်လေရင်၊ ဆူပွက်လတ်သော်
လှိုင်းတွေရပ်သမုဒ္ဒရာ၊ ငြိမ်သက်ရှာကြ
တဒင်္ဂလျှင်
ငါတို့အားလုံး
ဝမ်းနည်းပူဆွေးဦးညွတ်ကြကုန်၏။
အို… သင်္ခါရ၊ အနိစ္စတည်း
ဗိုလ်ချုပ်တို့သွားနှင့်၊ ဖြစ်သဖြင့်ကြောင့်
အောက်မေ့ခွင့်ကြုံ၊ ငါတို့ဆုံရ
ဤဘဝ
သောကတောင်ထုရှိချေပြီတကား….
ထွက်ခွာသွားပြီ၊ တို့မျက်ရည်များ
ဖြည်မဆည်နိုင်၊ မိုးနှင့် ပြိုင်ပြီ
အောက်မေ့တမ်းတ၊ လွမ်းရက်ရှည်ကြာ
နောက်ဆုံးတော့
ဘ၀ တွေ့ကြုံဆုံကွဲတည်း….