အားလုံး​ဘဲ မင်္ဂလာ​ပါ။
ကျွန်တော်​လည်း​အလုပ်​ရှုပ်​နေ​လို့​စာမ​ရေး​တာ တော်တော် တောင်​ကြာ​သွား​ပြီ။
အခု က​စ​ပြီး​တော့ ပြန်​ရေး​ပေး​ပါ​တော့​မယ်။
အခု ကျွန်တော် မိတ်​ဆက်​ချင်​တာ ကတော့ ကျွန်တော် ဖန်တီး​ထား​တဲ့ အင်္ဂလိပ်-မြန်မာ , မြန်မာ-အင်္ဂလိပ် အဘိဓာန်​လေး​ဘဲ​ဖြစ်​ပါ​တယ်။
အစ​ကတော့ ကျွန်တော် က Windows မှာ​ဘာ အဘိဓာန်​သုံး​ရ​မ​လဲ​မ​သိ​တာ​နဲ့ မ​ထူး​ပါ​ဘူး​ကွာ ကိုယ့်​ဘာသာ​ကိုယ်​ရေး​သုံး​မယ်​ဆို​ပြီး​တော့ .Net Framework 4.0 ပေါ်​မှာ​အခြေ​ခံ​ပြီး​တော့ ရေးသား​လိုက်​တာ​ပါ။
နောက်​တစ်​ခု​က ဘယ်​အဘိဓာန်​မ​ဆို စာလုံး​အသစ်​တွေ ကိုယ့်​ဘာသာ​ကိုယ်​စိတ်​ကြိုက်​ထည့်​လို့​မ​ရ​တာ​တွေ​ကို​ပါ​စိတ်​တိုင်း​မ​ကျ​တဲ့​အတွက်​ကြောင့် စာလုံး​အသစ်​တွေ​ပါ​ထည့်​လို့​ရအောင် ရေးထား​ပါ​တယ်။

ကျွန်တော့် အဘိဓာန်​ကို သုံး​မယ်​ဆို​ရင်​တော့ .Net Framework 4.0 ရှိ​ရ​မှာ​ဖြစ်​ပါ​သည်။
နောက်​ပြီး​တော့ ဇော်ဂျီ ဖောင့်​နဲ့ ကီး​ဘုတ်​ရှိ​ရ​မှာ​ဖြစ်​ပါ​တယ်။
Requirement များ​မြင့်​နေ​လား​မ​သိ​ဘူး။
.Net Framework 4.0 မ​ရှိ​ဘူး​ဆို​ရင်​တော့ အောက်​က လင့်ခ်​တွေ​မှာ ဒေါင်း​လို့​ရ​ပါ​တယ်။
http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml
http://msdn.microsoft.com/en-us/netframework/aa569263
ရှိ​တယ်​ဆို​ရင်​တော့ ဒေါင်း​စရာ​မ​လို​ပါ​ဘူး။
.Net ဆို​တဲ့​အတွက်​ကြောင့် Windows OS မှာ​ဘဲ Run လို့​ရ​မှာ​ဖြစ်​ပါ​တယ်။
အခု​ခေတ် Application တွေ​ထဲ​မှာ​လည်း .Net နဲ့​ရေး​တဲ့ Application တွေ​က​လည်း နေရာ​ယူလာ​ကို​တွေ့​ရ​တဲ့​အတွက်​ကြောင့် ကိုယ့်​စက်​ထဲ​မှာ .Net Framework 4.0 လောက်​ရှိ​ထား​ဖို့​လို​ပါ​တယ်။
မ​ရှိ​လို့​ဒေါင်း​ပြီး​သွား​ရင်​တော့ .Net Framework 4.0 ကို​အရင်​သွင်း​လိုက်​ပါ။
သွင်း​နည်း​က​လည်း အင်မတန် လွယ်​ပါ​တယ်။အားလုံး​သွင်း​ပြီး​သွား​ရင် စက်​ကို Restart ချ​လိုက်​ပါ။
ပြီး​ရင် ကျွန်တော့် အဘိဓာန်​လေး​ကို သွင်း​လိုက်​ပါ။
သွင်း​ပုံ​သွင်း​နည်း​ကို PDF ဖိုင်​လေး​နဲ့​ကျွန်တော် ရှင်း​ပေး​ထား​ပါ​တယ်။
Requirement မြင့်​နေ​တယ်​လို့​တော့ မ​မြင်​စေ​ချင်​ပါ​ဘူး။
တော်တော်​များ⁠များ​က .Net Framework 4.0 ဆို​ရင် နှာခေါင်း ရှုံ့​လေ့​ရှိ​လို့​ပါ။
အစ​က ထုတ်​ဖို့​ရည်​ရွယ်​ချက်မ​ရှိ​ပါ​ဘူး။ကိုယ့်​ဘာသာ​ကိုယ်​သုံး​ဖို့​ရေး​လိုက်​တာ​ပါ။
ဆရာ သီ​ဟ​က မင်း​ဟာ မ​ဆိုး​ဘူး ထုတ်​လိုက်​ပါ​လို့ တိုက်တွန်း​လို့ အသုံးပြု​ချင်​သူ​တွေ​ပါ သုံး​လို့​ရအောင် ထုတ်ပေး​လိုက်​တာ​ပါ။
ကျွန်တော့် ဒီ​အဘိဓာန် လေး​ပြီး​မြောက်​ရေး​အတွက် အဘက်​ဘက် က​ဝိုင်းဝန်း​ကူညီ​ပေး​ခဲ့​ကြ​သူ​များ​အားလုံး​ကို အထူး​ဘဲ​ကျေးဇူးတင်​ပါ​တယ်​ခင်ဗျာ။
ဒီ​အဘိဓာန်​လေး​က Ornagai Database ကို​သုံး​ထား​ပါ​တယ်။
ဒီ​အတွက် Ornagai Database နဲ့​သက်ဆိုင်​သူ​များ​အားလုံး​ကို အသုံးပြု​ခွင့်​ပေး​ပါ​ရန် တောင်းခံ​အပ်​ပါ​တယ်​ခင်ဗျာ။
ဒီ Application လေး​အတွက်​မည်​သည့်​အခ​ကြေးငွေ​မှ ပေး​စရာ​မ​လို​ပါ​ဘူး။
အဆင်​မ​ပြေ​တာ​ရှိ​ရင် အောက်​မှာ Comment ပေး​ပြီး​မေးမြန်း​နိုင်​ပါ​တယ်​ခင်ဗျာ။
လို​အပ်​ချက်​တွေ​ရှိ​နေ​ရင်​လည်း ဝေဖန် ထောက်​ပြ​ပေး​နိုင်​ပါ​တယ်။
ကျေးဇူးတင်​ပါ​တယ်​ခင်ဗျာ။

Zaw Min Soe

Download Links
http://www.mediafire.com/?u8elvpr0y27b36l#1
http://www.ziddu.com/download/15482023/ShweyoeDictionary.zip.html
http://www.zshare.net/download/919360678bcd9221/
http://hotfile.com/dl/122343141/a174cdd/Shweyoe_Dictionary.zip.html
http://ifile.it/amiwpb5/Shweyoe%20Dictionary.zip

About disney

has written 5 post in this Website..