ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းကနေ စပါးစိုက်ပြီး အားတဲ့ရာသီလေးမှာ ဇာတိမြေလတ်မြို့ကလေးကို ပြန်ဖြစ်ပါတယ်။

မောင်ကျော်ထွေးကို ဗဟုသုတလည်းရစေ စိတ်လည်းအပန်းဖြေဘို့ ခေါ်လာခဲ့ပါတယ်။

မောင်ကျော်ထွေးက လူလည်ပါ။ နှစ်ရက်သုံးရက်အတွင်းမှာပဲ ရပ်ကွက်တွင်းနှံ့နှံ့စပ်စပ်နဲ့ အပေါင်းအသင်းနဲ့ လည်လို့ ပါတ်လို့။

တစ်ညနေ ကျွန်တော်တို့ရေချိုးကာနီး ကိုယ်တိုက်ဆပ်ပြာ(အမွှေးဆပ်ပြာ)ကုန်နေလို့ မောင်ကျော်ထွေးကို လမ်းထိပ်က ကုန်စုံဆိုင်(စတိုးဆိုင်မှာ)သွားဝယ်ခိုင်းပါတယ်။

မိတ်ဆွေ မရီနဲ့…..

ဘာလဲ လွဲပြန်ပြီဟုတ်လား?

အံမယ် ခင်ဗျားတို့တောင်ကြိုမှန်းမိနေပြီလား……

ဟုတ်ပဗျား…………….. ဘယ်လိုလွဲတယ်ထင်လဲ မှန်းကြည့်စမ်းပါ။            ။

 

သကောင့်သားဘာဝယ်လာတယ်ထင်သလဲ

 

မွှေးဆပ်ပြာမှုံ့ထုပ်ကြီးဗျား……… တကယ်ပါ ညစ်တယ် ခင်ဗျားတို့က ပြောပြန်ရင်လည်း ကျွန်တော်လွန်တယ်ပဲထင်တယ်။ ဟုတ်တယ်ဟုတ်။

 

ဟကောင် ကျော်ထွေး လုပ်ချလိုက်ပြန်ပြီကွာ

ဗျာ ဦးဌေး ဘာဖြစ်လို့လဲ?

ဟ ငါက ဒီဆပ်ပြာမှုန့်ထုပ်ကြီးဘာလုပ်ရမလဲဟ…

ဗျာ ဦးဌေးပဲ မွှေးဆပ်ပြာဆို

ဟုတ်တယ် ငါပြောတာ အမွှေးဆပ်ပြာဟ ကိုယ်တိုက်ဆပ်ပြာကိုပြောတာ မင်းဝယ်လာတာ မွှေးတော့မွှေးဆပ်ပြာပါပဲ ဆပ်ပြာမှုံ့ထုပ်ကြီး ဒါက အ၀တ်လျှော်တာ ငါက ဘယ်လိုရေချိုးလို့ရမလဲ

သွားပြန်ဝယ် ဒီတစ်ခါမမှားစေနဲ့ မင်းလုပ်လိုက်ရင် သောက်တလွှဲခြည့်ပဲ

 

ဟုတ် ဦးဌေး ဒီတစ်ခါမလွဲအောင် ဆပ်ပြာကို နံမည်ပါပြောလိုက်

(အဲဒါပြောတာ မောင်ကျော်ထွေးက လွဲသာလွဲတာ လူလည်ပါလို့)

 

အေးပါ သေခြာမှာလိုက်ပြောလိုက်ပါ့မယ်။

အမွှေးဆပ်ပြာ ကိုယ်တိုက်ဆပ်ပြာကွာ နံမည်ပါမှတ်သွား   A21  အေတွမ်တီဝမ်းတဲ့

မင်းမှတ်မိအောင်ငါ ထပ်ပြောမယ် သေသေခြာခြာမှတ်သွား အေတွမ်တီဝမ်းတဲ့……

မင်းတို့ တဲမှာတုန်းက ဖဲဆော့တဲ့ တွမ်တီဝမ်းကိုမှတ်သွား ဟုတ်လား အေတွမ်တီဝမ်းရလား

ဟုတ်ကဲ့ ဦးဌေး စိတ်ချ

 

မိတ်ဆွေ နောက်တစ်ခေါက်တော့ပြန်လွှတ်လိုက်ပြန်ပြီ အဆင်ပြေလောက်ပါ့မလား

ကျွန်တော်ကတော့ ကျွန်တော့တပည့်ကိုယုံတယ် လောင်းတောင်လောင်းလိုက်ခြင်တယ်

တကယ်

 

လွဲစေရမယ်……

 

ဘာ ယုံကြည်မှု့တစ်ခုတော့ထားစေခြင်တယ်ဟုတ်လား

ထားပါတယ် မယုံစောင့်ကြည့်ပါ ဟောပြောရင်းဆိုရင် ဟိုမှာ မင်းသားပြန်လာပါပြီဗျား

 

ဟဘယ်လိုလဲဟ သုန်လို့ မှုန်လို့ပါလား?

ဟုတ်တယ်ဦးဌေး နောက်အဲဒီဆိုင်ကျွန်တော့်ကို ဈေးဝယ်မလွှတ်နဲ့တော့

ပြောစမ်းပါအုန်းဘာဖြစ်လာလို့လဲ

အဲဒီဆိုင်က ကျွန်တော့်ကိုအော်လွှတ်လိုက်လို့

ဘာအော်လွှတ်လိုက်လို့လဲ

ဈေးဝယ်ရှုပ်နေတာ လာနောက်နေစရာမဟုတ်ဘူးဆိုပြီးအော်လွှတ်လိုက်လို့

ဟုတ်သေးပါဘူး သေသေခြာခြာငါ့ကိုပြောစမ်းပါအုန်း

 

ဒီလို ဦးဌေးရာ

ဦးဌေးဝယ်ခိုင်းတဲ့ အမွှေးဆပ်ပြာကျွန်တော်သွားဝယ်တာလေ

အမွှေးဆပ်ပြာတစ်ခဲပေးပါလို့ ကိုယ်တိုက်ဆပ်ပြာလို့တောင်သေခြာပြောတာ

သူက ဘာတံဆိပ်ဆပ်ပြာယူမှာလဲမေးလို့

ကျွန်တော်လဲ ဦးဌေးပြောလိုက်လို့ သေသေခြာခြာမှတ်သွားတာ စဉ်းစားပြီး

ဟိုဟာဗျာ ဖဲရိုက်တဲ့ဆပ်ပြာဆိုတော့

ဘာဖဲရိုက်တာတွေလာပြောနေတာလဲမေးလို့

ဖဲရိုက်တာဗျာ ဟို…..

ဘူအီး(ဘူကြီး)ဆပ်ပြာလို့…… ပြောလိုက်တာ

အဲဒါ ကျွန်တော့်ကို ဒီမှာ ဆိုင်မှာ ဈေးဝယ်သူတွေရှုပ်နေတာ ဒါနောက်စရာမဟုတ်ဘူးသွားဆိုပြီး အော်လွှတ်လိုက်တယ်

နောက်ဆို အဲဒီဆိုင် ဈေးဝယ်မလွှတ်နဲ့တော့…………………………….

 

 

အမယ်မင်း……………………

 

မောင်ကျော်ထွေးရယ်

 

ဘယ့်နှယ် ဘူကြီးဆပ်ပြာရယ်လို့

 

ငါသာ မြန်မာပြည်ထဲက ထွက်ခွင့်ရရင် (ပေးစရာငွေရှိခဲ့ရင်ပေါ့) ထွက်ပြေးခြင်ပါတော့တယ်။

နင်နဲ့ စိတ်နဲ့တော့ညစ်ပါတယ်……………………

About Yan Shin

has written 21 post in this Website..