ဓမ္မာရုံ..။။

မြန်မာလူမျိုးများဟာ  သီလ ဘာဝနာကိုသာ မပွားနိုင်ရင်နေရမယ်
အလှူဒါန နဲ့ ပါတ်သက်လို့ကတော့ သိပ် များများ  ပြောစရာ  ဟောစရာမလို ပါဘူး
အလှူ ရေစက်လက်နဲမကွာဆိုသလို …. လို့  ပြောရမယ်ဗျ  ““သာဓုပါ သာဓုပါ”” ဆိုပြီး
အသံချဲစက်သံ ကြားတာနဲ့  ငါးဆယ် တစ်ရာကတော့ လှူ သွားကြတာပါပဲ အလှူ ခံရတဲ့ အဓိက အကြောင်းရင်းသာမသိရင်နေမယ်
တရား သီချင်းခွေလေးနောက်ခံဖွင့်ပြီး ဖလားတစ်လုံးရှေမှာချထားရင် အခံလှူထည့်သွားရမယ်လို့ သိနေကြပြီးသားပါ
နည်းတာများတာ ပဒါန မထား ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက်အကျိုးများတတ်တယ်လို့
မြန်မာအများသိထားကြတယ်လေ……။။။
ရန်ကုန်မြို့ရဲ့  ရပ်ကွက်တော်တော်များများမှာတော့  ဓမ္မာရုံများဟာမရှိမဖြစ်  နိဗ္ပာန်ကိုသွားမယ့် ပထမလှေကားထစ်တွေလို
ရှိနေခဲ့ကြတာ ပါပဲ….  ကိုယ့်ရပ်ကွက် မှာဓမ္မာရုံတစ်ခုတည်ဆောက်နိုင်ရင် ကိုယ်ပဲ ရပ်ကွက်သားတွေအနေနဲ့  အလှူအတန်းလုပ်ရာ
မှာပဲဖြစ်ဖြစ် ရပ်ကွက်စုပေါင်း အလှူလုပ်တာပဲ ဖြစ်ဖြစ်  ကိုအိမ်မှာ အလှူလုပ်ရင်ပဲဖြစ်ဖြစ်  သူများရပ်ကွက် ဓမ္မာရုံသွားပြီး
မျက်နှာငယ်ခံပြီး ပစ္စည်းငှားစရာမလိုတော့တာပါပဲ…။။
စားပွဲခုံကုလားထိုင် ပန်းကန်ခွက်ယောက် တွေပဲဖြစ်ဖြစ် နောက်ဆုံးကုန်ကုန်ပြောရရင် လက်ဖက်စားတဲ့ဇွန်းကအစ ငှားလို့ရတာပါပဲ
ကိုယ့်ရပ်ကွက်  ကိုယ့်ဓမ္မာရုံနဲဆိုတော့  မျက်ငှာ ငယ်စရာမလိုတော့ဘူးပေါ့…အလှူလေးအတန်းလေးရှိလို့ အသံချဲစက် ငှားရမယ်ဆိုလဲ
ကိုယ့် ဓမ္မာရုံမှာပဲ အလှူငွေလေးထည့် ငှားလိုက်ရုံပါပဲ တစ်ချို ရပ်ကွက် ဓမ္မာရုံများဆို ၀တ်အသင်းလေးတွေဖွဲပြီး အလှူတွေအတန်းတွေမှာ
လိုက်ဝတ်ရွတ် ..ဓမ္မာရုံမှာ အခါကြီးရက်ကြီးတွေမှာ တစ်ရားပွဲတွေလုပ်ရင်ဝိုင်းကူညီ အိမ်းတွေမှာလုပ်ရင်လည်း ၀တ်အသင်းသားတွေက
လိုလေးသေးမရှိ အစအဆုံးကူညီကြတာကလား…ဒါလေးတွေဟာ မြန်မာလူမျိုးတွေရဲ ချစ်စရာဓမ္မာရုံလေးတွေပါပဲ.. ။။။
အဲ…ဒါပေမယ့်။။။။။။။။။။။။။။။။။။။။။။။။။
လူတွေဟာတစ်စတစ်စ နဲ့ ဓမ္မာရုံတွေကိုရှောင်လာကြတယ် ဓမ္မာရုံနဲ့ လူနေအိမ်နဲ့ ဝေးဝေးကိုရှာပြီးနေထိုင်လာကြတယ်
ရပ်ကွက် ထဲ အိမ်ဝယ်မယ်ဆိုရင်တောင်  ဓမ္မာရုံနဲ့ နီးရင် မ၀ယ်ချင်ကြတော့ဘူး  ဒါကိုကျွန်တော်လည်းအစက သိပ်နားမလည်ခဲ့ဘူးဗျ
လူတွေဟာ ရပ်ကွက် ဓမ္မာရုံနဲ ဝေးရာမှာနေချင်ကြတာပါပဲ  …။။အဲဒီမေးခွန်းကို….ကိုတိုင်  အိမ်ပိုင်ဝယ်လိုက်တော့မှ  ပြန်ဖြေစရာ
အဖြေကို ထင်ထင်ရှားရှားသိလာရတော့တာပါပဲ…အဖြေကိုမပြောခင် ကိုယ်တိုင်ကြုံရတဲ့ ရပ်ကွက်ဓမ္မာရုံ ဒုက္ခ လေးကိုတင်ပြချင်ပါတယ်ဗျာ
ကျွန်တော်နေထိုင်ရာ အိမ်နဲ့မနီး မဝေးမှာ ဓမ္မာရုံ ကြီးတစ်ခုရှိတယ်ဗျ  ကိုနိုင်ရာ ငွေးကြေးလေးနဲ့ ကိုယ်ပိုင်အိမ်တစ်တစ်လုံးဝယ်ယူတဲ့အခါမှာ
ဈေး /ကျောင်း/ ကားမှတ်တိုင် /ဆိုက်ကားဂိတ်  စသည်တို့နဲ နီးတဲ့ နေရာများဟာ အိမ်ဈေးမြေဈေး အလွန်ကြီးမြင့် လှတာကြောင့်
တော်ရိရော်ရိ နေရာလေးမှာဝယ်မယ်ဆိုရင်တောင် ရန်ကုန် မြို့က အိမ်သေးသေးလေးတစ်လုံးဟာ သာမာန်လူလက်လှမ်း မမှီနိုင်ပါဘူး
ကျွန်တော် ကတော့ ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလား အဲဒီလိုနေရာတွေနဲ့နီးတဲ့  နေရာလေးမှာ အိမ်လေးတစ်လုံးကို
ဈေးသက်သက်သာသာနဲ ၀ယ်ယူလိုက်နိုင်တာပါပဲ  ဈေး /ကျောင်း/ ကားမှတ်တိုင် /ဆိုက်ကားဂိတ်  တွေ နီးတဲ့ အပြင် အဆစ်ရလိုက်တဲ့နီးစပ်မှုက
ရပ်ကွက် ဓမ္မာရုံကြီးနဲပါ နီးစပ်နေတာပါပဲ….
စတင်ပြောင်းလာကာစတော့ အစစ အဆင်ပြေနေခဲ့လို့ ကိုယ်ရဲရွေးချယ်ဝယ်ယူမှု မှန်ကန်ခဲ့လို့ ကြိတ်ပြီးပီတိဖြစ်မိသား
အဲဒီပီတိတွေကို တစ်နေ့မှာတော့ စတင် ပျောက်ကွယ်ခဲ့ရပါတော့တယ်…
တစ်နေ့တော့  ကိုယ့်အလုပ်နဲကိုယ် ည နှစ်နာရီကျော်မှ အိမ်ပြန်ရောက်ခဲ့ပြီး  လူချေတိတ်ချိန်မို့ ရေမချိုးတော့ ပဲ ခြေလက်ဆေး
တစ်နေ့တာပင်ပန်းခဲသမျှ  ညနှစ်နာရီ ကျမှ စတင်အနားယူအိပ်စက်ခွင့်ရပါတော့တယ်   မနက်လဲ ခြောက်နာရီခွဲအမှီ ရုံးတက်ရ မှာဆိုတော့
အိမ်ပျော်အောင်မြန်မြန်အိပ်လိုက် ပါတော့တယ်…..အိပ်လို့မှကောင်းတုန်းရှိသေးတယ် ဗျာ  ဓမ္မာရုံကဖွင့်လိုက်တဲ့  ကျယ်လောင်တဲ့
အသံချဲစက်သံကြောင့် လန်နိုးလာခဲ့ပါတယ် လူကတစ်အားအိပ်ချင်မူးတူး ဖြစ်နေပြီး အသံချဲစက်သံကလည်းကျယ်လောင်လှတာကြောင့်
မိုးလင်းပြီအထင်နဲ့  နံရံကနာရီကိုကြည့်လိုက်တော့  အောင်မလေး  လေးနာခွဲ သာရှိပါသေးတယ်  အိပ်ရေးပျက်ထားတဲ့ သူမို့လို့
စိတ်လည်းတော်တော် ကိုယ့် စိတ်တို သွားပါတယ် ..““ ဒီ ဓမ္မာရုံကလဲကွာ  မနက်မိုးတောင်မလင်းသေးဘူး အကုသိုလ်ပေးနေတယ်””
စိတ်ထဲ ကပြောလိုက်မိတာပါ  ဒီလို ကျယ်လောင်တဲ့အသံနဲ့တော့  ဘယ်လိုမှဆက်အိပ်လို့ မဖြစ်နိုင်တော့ပါဘူး
ထမျက်နှာသစ်ပြီးတော့ ဓမ္မာရုံရဲ့တေးသံသာကို  ဆက်လက်နားထောင်မိပါတယ်….
ပထမအိပ်ယာကလန့်နိုးစေတဲ  ရေကင်း တေးသံ အဲဒါပြီးသွားတော့ အလှူခံ  လူကြီးရဲ ဘုရားရှစ်ခိုးနဲ့ မေတ္တာ ပို့ အမျှဝေသံ
အဲဒီအသံတွေဆုံးတာနဲ အလှူခံတော့တာပါပဲခင်ဗျာ..သူစတင်အလှူခံတဲ့အချိန်က မနက် လေးနာရီ  လေးဆယ်ငါးမိနစ်
ဘယ်အလှူရှင်တွေ လမ်းပေါ်ထွက်နေလို့ပါလဲ  ဒီလောက်မနက်စောစော  လမ်းမမှာလူဘယ်လောက်ရှိနေမှာမို့ အလှူခံနေတာပါလဲ
အလှူငွေကော မနက်အစောကြီးဘယ်လောက်ရမှာမို့လဲ  ….။။
အလှူခံ တစ်ခုအနေနဲ့  မနက် ခြောက်နာရီလောက်စတင်အလှူခံရင်ကို အနီးနားနေတဲ့လူတွေနဲ့ အလှူခံအတွက်
တစ်နေ့လုံး အလှူခံနိုင်တဲ့အပြင် အိပ်ရေးပျက်ကြတဲ့ ၀န်ထမ်း လက်လုပ်လက်စားသမားတွေ အတွက်
စိတ်အနှောက်ယှက် ဖြစ်မှာမဟုတ်ကြပါဘူး …..။။။။
ဒါပေမယ် အလှူခံလူကြီးရဲ့ ၀ိရိယကောင်းမှုကြောင့်
ကျွန်တော်တို့လိုညဉ့် နက်ထိ အလုပ်ဆင်းပြီးမှ မနက်စောစော ထအလုပ်သွားရမယ်သူတွေကိုတော့ ..ဒုက္ခပေးလိုက်သလိုဖြစ်သွားပါပြီ
ကျွန်တော်တို့တင်မဟုတ်ပါဘူး  နံနက်စောစော အိပ်ယာထလေ့မရှိတဲ့လူတွေကို လဲ အိပ်ရေးပျက်စေပါတော့တယ်..
အဲဒီနေ့ကစပြီး  ချစ်စရာဓမ္မာရုံရဲ့ ဒုက္ခပေးမှုကိုမနက်တိုင်းခံစားရပါတော့တယ် …….
ပုံမှန်အိပ်ယာထနေကျ  မဟုတ်တဲအချိန်မှာနေ့စဉ်လိုလို   အလန့်တစ်ကြားထထနိုးနေရတာဟာ ဓမ္မာရုံရဲ..ဒုက္ခပါပဲ
တစ်ခါတစ်လေများအလှူခံသံမကြားရဘဲနဲ့  ရေကင်းတီးလုံး  သံ ကိုပဲ အကျယ်ကြီးထဖွင့်ရင်ဖွင့်တတ်ပါတယ်
တစ်ခါတစ်လေတော့လဲခေါင်းအုံးနှစ်လုံကို နားမှာပိတ်ပြီး အတင်းအိပ်ကြည့်ပါတယ် ဘယ်လိုမှ ဓမ္မာရုံရဲ အသံချဲစက်သံကို
ပျောက်အောင်မလုပ်နိုင်ပါဘူး….။။။
တစ်နေ့တော့ ညဉ်နက်မှအိမ်ပြန်ရောက်ပြီးအိပ်ရေးပျက်ပျက်နဲ့ အိပ်နေတဲ့အချိန်
ဓမ္မာရုံရဲ့  အသံချဲစက်သံကြောင့် လန့်နိုးလာပြီး နာရီကြည့်လိုက်တော့  လေးနာရီ….အိပ်ရေးပျက်ပျက်နဲ့ ဒေါသအရမ်းထွက်သွားမိတယ်
ဒီ အလှူခံ လူကြီးတော်တော်လွန်သွားပြီး…စိတ်မထိမ်းနိုင်ပဲ တံခါးဖွင့် ကာ ဓမ္မာရုံဘက်ကိုပြေးထွက်လာမိပါတယ်
လမ်းမှာတွေ့ တဲ့ အုန်နီခဲပိုင်းကျိုးတစ်လုံးကိုလဲ   ကောက်ယူခဲ့ပါတယ်  ဓမ္မာရုံအနီးကိုရောက်တဲ့အခါအမှာတော့  လော်စပီကာ
တင်ထားရာဓမ္မာရုံခေါင်မိုးကို အုပ်နီခဲနဲ့ထုမယ်လို့ရွယ်လိုက်တယ်ဆိုရင်ပဲ  ချက်ချင်အသိစိတ်ကပြန်ဝင်လာပါတယ် အော် ငါ အကုသိုလ်
ဖြစ်တော့မှာပါလားလို့ပေါ့..  ခဲကို  ပြစ်ချခဲ့ပြီးအိပ်ဘက်ကိုပြန်လာခဲ့ပါတော့တယ်….။။။
ဒီလိုနဲ့  အဲဒီ ဓမ္မာရုံကြီးရဲ့ ပြုပြင်နေတဲ့ တိုင်တစ်လုံးစာလိုနေတဲ့အလှူငွေအတွက်   မြန်မြန်အလှူခံပြည်ပါစေဆိုပြီး  ဆုတောင်းရတာကအမောပါပဲ
ဆုတောင်းရုံတင်မကဘူးတစ်ခါတစ်လေ  ကိုယ်တိုင် ငါးရာတစ်ထောင် အလှူသွားထည့်နဲ့  ဒီအလှူငွေမြန်မြန်ပြည့်မှ
ဒီအသံချဲစက်နဲ့ စောစောစီးစီး ထအော်တဲ့အသံကြီးပျောက်သွားမှာလေ  ဒါမှအိပ်ရေး၀၀အိပ်ရမှာပါ…
ကျွန်တော့မှာ တိုင်တစ်လုံးစာအလှူငွေပြည်ရေးကို ဓမ္မာရုံဂေါပက တွေထက်တောင် စိတ်အားထက်သန်ပါသေးတယ်။။။။။
ဒီလိုနဲ့ ဓမ္မာရုံ ဒုက္ခကိုတစ်လကျော်ကျော်လောက်ခံစားပြီးတဲ့ အခါမှာတော့  စာရင်းရှင်းတမ်းကို အသံချဲစက်ကြီးနဲ့
ရှင်းလင်းပြီး ပြုပြင်ပြီးစီးပြီဖြစ်ကြောင်း ကြေငြာ အလှူ ရှင်တွေအတွက် ရေစက်ချတဲ့ နေ့က  ပျော်လိုက်တာမှလေး
ကျွန်တော့် လောက်ပျော်တဲ့သူရှိမှာမဟုတ်ဘူး…….ဓမ္မာရုံအသံချဲစက် သံကြောင့် အိပ်ပျက်ခဲ့ရတဲ့ ညတွေအတွက်
ကောင်းကောင်းပြန် ပြီးလက်စားချေတဲ့ အနေနဲ့ အိပ်ပစ်လိုက်မယ်ဆိုပြီး အားခဲထားတာပေါ့……။။။
*************************************************************************************************
ဟုတ်ကဲ့ …..။။။။။။
ဒါပေမယ့်…နောက်တစ်နေ့  မနက်လေးနာရီမှာ   ကျွန်တော်လန့်နိုးလာခဲ့ရပါတယ်…..
ဟုတ်ပါတယ်    ဓမ္မာရုံလူကြီးရဲ့ ကြေငြာလိုက်တဲ့ အသံကတော့  မိုးရေခံဝါဆိုသင်္ဃန်းများ အားသံဃာတော်များကို
စုပေါင်းဆက်ကပ်ကြမယ့်အလှူပွဲကြီးအတွက်   အလှူခံရခြင်းပါပဲတဲ့    ခင်ဗျား…။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒါကြောင့်အိမ်ဝယ်ကြရင် ကျန်တဲ့နေရာနဲ့ အားလုံနီးရင်နီးပါ   ဓမ္မာရုံနဲ့တော့ ခပ်ဝေးဝေးဆိုပိုကောင်းပါတယ်လို့
အဖြေပေးလိုက်ချင်ပါတော့တယ်။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com