ကမ ္ဘာကြီးပူနွေး လာတာနဲ ့ပတ်သက်ပြီးတော့ ငလျှင်တွေ မုန်တိုင်းတွေ စတဲ့ သဘာဝဘေးအန ္တရယ်တွေ ပိုမိုဖြစ်လာတယ် ဆိုတာကို အမေရိကန်နိုင်ငံရဲ့ စစ်တမ်းအရ ၇၅% သောလူတွေဟာယုံကြည်ကြပါသတဲ့… ကျွန်တော်တို ့နိုင်ငံမှာလည်း စစ်တမ်းသာ မရှိကောင်းမရှိမှာပါ အများစုကတော့ အဲဒီလိုပဲ ယုံကြည်ကြသလိုထင်ရပါတယ်… ကျွန်တော်လဲ ဟုတ်သလိုလိုနဲ ့ ယုံရကောင်းနိုးနိုးပါပဲ…

အဲဒါနဲ ့ပဲလျှောက်စဉ်းစားကြည့်ပါတယ်… တကယ်လို ့များပေါ့ လူအများစုထင်ကြသလိုပဲ သဘာဝဘေး အန ္တရယ်တွေ ပိုမိုသာဖြစ်လာနေတယ်ဆိုရင် သဘာဝတရာကြီး တစ်ခုခုကိုများ ကြံစည်နေရော့သလား…

ကမ ္ဘာ့လူဦးရေက မကြာတော့တဲ့နှစ်များအတွင်း သန်းခုနှစ်ထောင် ပြည့်တော့မယ်ဆိုပဲ…နှစ်ထောင်ပြည့်နှစ်တုန်းက သန်းခြောက်ထောင်ကျော်ရုံမျှ 6.06 billion သာရှိခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ သန်းတစ်ထောင်နီးပါးပွားများလာတဲ့ သဘောပါပဲ…နောက်ရာစုနှစ်တွေမှာဆိုရင် သန်းပေါင်း တစ်သောင်း နှစ်သောင်း စသည်ဖြင့်ဘာမှ မကြာလိုက်တဲ့ အချိန်အတွင်းမှာ ကမ ္ဘာပေါ်လူတွေ အပြွတ်လိုက်ဖြစ်နေခြေရဲ့လို ့ တွေးမိပါတယ်… နှစ်တစ်ရာ နှစ်ရာ ဆိုတာ ကျွန်တော်တို ့လူတွေအတွက်သာ ကြာကောင်းကြာမယ်… ကမ ္ဘာကြီးရဲ့ သက်တမ်းနဲ ့ယှဉ်ကြည့်လိုက်ရင် မျက်စိတမှိတ်တောင် ရှိတာမှမဟုတ်တာကိုး… အဲဒိအတွက်များ သဘာဝတရားကြီးက ကျွန်တော်တို ့ကမ ္ဘာလေးအပေါ်မှာ လူတွေကြပ်ညပ်နေမှာကို မကြည့်ရက်လို ့များ အခုကတည်းက wipe out လုပ်နေလေပြီလားပေါ့လေ…

ဆေးသိပ္ပံပညာဟာ နှစ်ဆယ်ရာစုကနေစပြီးတော့ အလွန် ့အလွန် တိုးတက်တယ်လို ့ဆိုကြပါတယ်… ၁၉၅ဝ ပြည့်နှစ်များတုန်းက ဗြိတိန်နိုင်ငံမှာ အသက်ရာကျော်ရှည်တဲ့လူ ရာဂဏန်းမျှပဲရှိခဲ့ပါတယ်… အခုအခါမှာတော့ သောင်းကျော်သွားပါပြီ… သေတဲ့လူဦးရေထက် လူသားထုပ်လုပ်မှုက ပိုမြင့်နေလေတော့ နှစ်အနည်းငယ်အတွင်း သန်းတစ်ထောင်နီးပါးပွားလာတာ အဆန်းတော့လဲမဟုတ်ပါဘူး… ပညာရှင်တွေကလဲ တတ်နိုင်သမျှ လူသားတွေရဲ့သက်တမ်းကို ဆွဲဆန် ့နိုင်ဖို ့ကြိုးစားနေကြတာကိုး…

သဘာဝတရားဘက်ကကြည့်ကြည့်မယ်ဆိုရင်ရောဗျာ… တိုးတက်သလား… ဆုတ်ယုတ်သလား… လူဦးရေတိုးတက်လာတာနဲ ့အမျှ နေစရာနေရာတွေ.. စားနပ်ရိက္ခာတွေ.. Natural resource ထုပ်ယူသုံးစွဲမှုတွေ စသည်ဖြင့် လိုအပ်ချက်တွေ များများလာပါတယ်… ဒီအတိုင်းသာဆက်သွားရင် တစ်နေ ့မှာ ရှူနှာရှိုက်ကုန်းကမ ္ဘာကြီးနဲ ့ လူတွေပဲ ကျန်ခဲ့တော့မယ်ထင်ပါတယ်…

လူတွေကိုလူရယ်လို ့မမြင်ပဲ ကမ ္ဘာပေါ်မှာနေကြတဲ့ မျိုးစိတ်တွေထဲက မျိုးစိတ်တစ်ခုအဖြစ်ပဲမြင်ကြည့်ပါ… လူသားမျိုးစိတ်တိုးပွားလာတာနဲ ့အမျှ တနေ ့တခြား အခြားသားငှတ်တိရစ ္ဆာန်မျိုးစိတ်တွေ လျော့နည်းပျောက်ကွယ်ကုန်ပါတယ်… ဒါဟာမျှတရဲ့လား… ကျွန်တော်တို ့အတွက်မေးတာမဟုတ်ပါဘူး… သဘာဝတရားကြီးနေရာကနေမေးကြည့်တာပါ…

ကျွန်တော့်ကိုပြောချင်ကြပါမယ်… “မင်းပြောသလိုဆိုရင် စစ်သွေးကြွတွေ.. အသေခံဗုံးခွဲသမားတွေ.. နော်ဝေလက်သစ် ရမ်ဘို တို ့တတွေကို ကမ ္ဘာ့လူဦးရေ လျှော့ချပေးလို ့ဆိုပြီး ကျေးဇူးတင်ရတော့မှာလား” လို ့…. အဲဒီလိုလဲမဟုတ်ရပါ.. အားပေးအားမြှောက်တွေးပေးခြင်းလဲမဟုတ်ပါ… ဒီပို ့စ်တင်ရတဲ့ရည်ရွယ်ချက်ကို သေချာစဉ်းစားကြည့်တော့ ဘာမှန်းမသိပါ… သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို ့ ဆော်ဩတာလဲမဟုတ်… လူဦးရေလျှော့ချရေးပညာပေးတာလဲမဟုတ်.. အဖျက်လုပ်ငန်းများကို အားပေးထောက်ခံခြင်းလဲမဟုတ်ရပါ… ပေါက်တတ်ကရ အရူးလွယ်အိပ်ဖွင့်ပြခြင်းမျှသာ ဖြစ်ပါသည်…. သိုသော် တတ်နိုင်လျှင် မလိုအပ်ပဲ ကိုယ်ဝန်မရအောင်တော့ ရှောင်ကြစေချင်သည်….။   ။

About NAJA

has written 4 post in this Website..

ဖြစ်တည်လာခဲ့သော ယခုလူ့ ဘ၀တွင် လောကဓံ ရှစ်ပါးအား ကြုံကြိုက်ခွင့်ရပြီး ရှစ်ပါးလုံးသော လောကဓံအား ခံနိုင်ရည်ရှိသူ ဖြစ်ရပါစေ...။ ။