လောကမှာ
နေထိုင်စရာအတွက် မြေ
ရှူရှိုက်ဖို့အတွက် လေ
သောက်သုံးဖို့အတွက် ရေထက်
သားသမီးတွေအတွက်
အဖိုးမဖြတ်နိုင်သော မေမေသာ
အရေးကြီးဆုံးပါ မေမေ…
ကြည်လင်ချိုအေးတဲ့
ကျောက်စက်ကျစမ်းရေဟာ
မောပန်းရေဆာသူတွေအတွက်
အဖိုးမဖြတ်နိုင်တာထက်
သားသမီးတွေအတွက်ကတော့
အမေ့ရဲ့အပြုံးတစ်ချက်ဟာ
ဘာနဲ့မှ မလဲနိုင်အောင်
အဖိုးမဖြတ်နိုင်ဆုံးပဲ မေမေရေ…
အမေ့စေတနာကို
ဖက်မနမ်းမိ
ကြာပါပြီ
ရက်၊ လ၊ နှစ်တွေ
ဆံပင်ဖြူတော့မယ့်အထိပေါ့
အခုမှ
ဦးနှောက်ကို ဆားခပ်ပြီး
ပြန်စဉ်းစားကြည့်မိတယ်
ငါဟာ ပေးဆပ်ခြင်းကို
ကျေပွန်အောင် မပြုလုပ်ရသေးပါလား
မေမေရယ်
စိတ်ထဲမှာ
အကြိမ်ကြိမ်ခံစား
အမေနဲ့အတူ ရှင်သန်ခွင့်တွေ
အမြဲရချင်တယ် မေမေရယ်…
သမီးကို ကျေးဇူးဆပ်ခွင့်ပြုပါ မေမေ…

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။