အားလံုးတိတိက်က်မွန္မမွန္မသိေ

ပမယ့် 75%လောက်က
တော့ တိုက်ဆိုင်မှု့ ရှိတယ်လို့ ဆိုပါတယ်…ကဲ စလိုက်ကြရအောင်နော်…(1) တကယ်လို့ သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို့ …အဲဒီတောကြီးကသားရဲတိရစ္ဆာန်တွေပေါပြီး အင်မ
တန်မှလည်း အန္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ
i. တစ်ယောက်တည်းသွားမလား?
ii. အဖော်တစ်ယောက်ခေါ်သွားမလား?
iii. အန္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို့ )ဓါး တစ်ခုခုယူသွားမလား?

(2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ့ ရပါလိမ့်မယ်..အဲဒီငှက်ဟာ
i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း

(3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ့ ရပါလိမ့်မယ်…
အဲဒီအကောင်ဟာ
i. မြွေ ii. ကျား iii. ကြောင် iv.ယုန်

(4 ) အဲဒီအချိန်မှာ သင်တွေ့ လိုက်ရတဲ့အကောင်ကို သင်က
i.ဖမ်းထားမလား? ii. လွတ်ပေးလိုက်မှာလား?

(5 ) သင်ဒီတောအုပ်ကို ဆက်ပြီးဖြတ်သန်းလာတဲ့အခါသင့်ရဲ့ရှေ့မှာ အမှိုက်တွေမီးလောင်နေတာ သင်တွေ့ ရပါလိမ့်မယ်.အဲဒီအခါသင်ဟာ
i.ဒီမီးကို ငြိမ်းမှာလား? ii. ဒီအတိုင်းထားခဲ့မှာလား?

( 6) ဒီတောလမ်းခရီးကို သင်အချိန်အကြာကြီးဖြတ်သန်းလာခဲ့ရတဲ့အတွက် သင်လည်းပင်ပန်းပြီး အနားယူချင်ပါပြီ..အဲဒီအခါမှာ သင်ဟာ
i.အရိပ်အာဝါသကောင်းလွန်းလှတဲ့ သစ်ပင်ကြီးအောက်မှာ နားမလား?
ii. အရှိန်အဟုတ်ပြင်းစွာစီးဆင်းနေတဲ့ရေတံခွန်ဘေးမှာနားမလား?
iii. ညိမ့်ညောင်းစွာရေတွေစီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးမှာနားမလား?

(7 ) ကဲ..အမောပြေပြီဆိုတော့ ကျန်နေတဲ့ခရီးကိုဆက်ရအောင်..တောအုပ်ကြီးရဲ့ အစွန်ကိုရောက်တဲ့အခါမှာသင်ဟာသစ်လုံးအိမ်လေးတစ်
ကိုတွေ့ ရပါလိမ့်မယ်..အိမ်ရှင်ကသင့်ကို ကြိုဆိုပြီး ဧည့်ခံကျွေးမွေးတဲ့အခါ သင်ဘယ်လိုအရာကိုသုံးဆောင်မလဲ?
i. ရေအေးအေးလေးတစ်ခွက် ii. ရေခဲစိမ်အချိုရည်အေးအေးလေးတစ်ခွက်

သင်ရဲ့ရွေးချယ်မှု့ ဟာ သင့်ရဲ့ရလဒ်ပါပဲ..ကဲ အဖြေလေးတွေကိုကြည့်ရအောင်နော်..

About ဆူး

has written 398 post in this Website..