ကျွန်တော်တို့မြန်မာနိုင်ငံမှာ သမ္မတ အသစ်တက်ရောက်တော့ အကျဉ်းသားတွေကို တစ်နှစ်လျှော့ပေးတယ် လွှက်ပေးတဲ့သူတွေအများကြီးပါ … ကျန်တွေအများကြီးပါ … မြန်မာနိုင်ငံပညာရေးမှာ ငွေရှိမှ ပညာရ မလိုဖြစ်နေပါတယ် … သူငယ်တန်း အခမဲ့ လိုပြောပေမယ့် တကယ်တန်းတော့ အပြောသာရှိပါတယ် …. ကျောင်းသွားအပ်တဲ့ မိဘတိုင်း ပိုက်ဆံမပေးခဲ့ရတဲ့ မိဘရယ်လို့မရှိပါဘူး …. ကျောင်းရန်ပုံငွေတွေတောင်း ဘယ်နားတွေသွားသုံးလဲ ….. ကျောင်းကြီးတွေကလည်း စုက်ပြက်နေကြတာ အမှိုက်တွေကလည်း အများကြီး သန့်ရှင်းရေးလည်း မဌား ကိုယ်တိုင်လည်း မလုပ် ….. ကျောင်းသားတွေကို သန့်ရှင်းရေးအချိန်ဆိုပျော်နေကြတာ … စာမှမသင်ရတာ ….သန့်ရှင်းရေးလည်း မလုပ် …. အဲဒီအချိန်ဆိုကျောင်းကလစ်သေးတယ် …. မူလတန်းကို အခမဲ့ပြုလုပ်ပြီး မြို့နယ်အလိုက် သေသေချာချာ ကြပ်မတ်သင့်တယ်…. မိဘတွေကလည်း စားဝတ်နေရေး မပြေလည်တော့ ကျောင်းမထားနိုင် ၀င်ငွေရအောင် အလုပ်တွေလုပ်ခိုင်း အမှိုက်ကောက် … စားပွဲထိုး …. ပိုက်ဆံရရင် အကုန်လုပ်တယ် …. တစ်ချို့ဆို လူကုန်ကူးခံသေးတယ် … ကျောင်းမှာနေရင် အသိတွေရှိလာမယ်လေ …. အရွယ်နဲ့မလိုက်အောင် ရုံးကန်နေကြရတာ … သူများနိုင်ငံမှာကလေးတွေ ကွန်ပျူတာကိုင်ချိန်မှာ ကျွန်တော်တို့နိုင်ငံကကလေးတွေက အမှိုက်ကောက်နေရတယ် …. စားပွဲထိုးနေရတယ် …. ကျောင်းမတက်တော့ အသိမရှိ လုပ်ချင်ရာလုပ် လုပ်မိရာလုပ်ကြတော့ အနာဂတ်အတွက် လူကောင်းမဖြစ်ပဲ လူဆိုးကလေးတွေ ဖြစ်ကုန်ကြတာပေါ့… အများစုပါ မြို့တွေမှာပိုဆိုးတယ် … နယ်တွေမှာက မရှိ ရှိတာလေးနဲ့ကျောင်းထားကြတယ် …. ငါ့သား ငါ့သမီးလေး ငါ့လို မဆင်းရဲပါစေနဲ့ ဆိုပြီး မဖြစ်ဖြစ်အောင် ကျောင်းထားကြတယ် … မြို့ပေါ်က ကလေးတွေ မိုးလင်းရင်ပျောက်သွား ညမိုးချုပ်မှ ပြန်ပေါ်လာ ကြတာ ….. ကိုယ်လုပ်မှကိုယ်စားရမှာလေ…. မိဘတွေကလည်း မတက်နိုင်ဘူးလေ ….လ္ဘက်ရည်ဆိုင်တွေနဲ့ အရက်ဆိုင်တွေမှာကလေးတွေကိုပဲ အလုပ်ခန့်တယ် … ပိုက်ဆံလည်း ပေးရတာနည်းတယ် …. အော်ငေါက်ပြီးတော့ခိုင်းလို့လည်းရတယ် ခိုင်းလို့လည်း ကောင်းတယ် … မကျေနပ်ရင်ရိုက်လို့တောင်ရတယ် …..သနားစရာပါ … မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ဧည့်သည်တွေလာရင် ကလေးတွေအများကြီး ၀ိုင်းအုံ ပြီး စကားပြော  ပစ္စည်းရောင်း အတင်းကိုဆွဲ နေကြတာ လူမြင်လို့မကောင်းပါဘူး …. ရန်ကုန်မြို့ သန်လျင်ရေလယ်ကျောက်တန်းမှာ ကလေးတွေအများကြီးပဲ … လှေလှော်တယ် … လှေဆွဲတယ် … နိုင်ငံခြားသား ဧည့်သည်တွေလာရင် မိဘတွေထက်တောင် ရိုသေသေးတယ် …. လှေပေါ်တက်ရင် ခြေထောက်ကို အ၀တ်နဲ့ သုပ်ပေးနေကြတာ နှစ်ယောက်သုံးယောက် ၀ိုင်းပြီးတော့ လုပြီးသုတ်နေကြတာ … သူတို့မှာလည်း မျှော်လင့်ချက်နဲ့ပေါ့ … နောက်ဆုံးတော့ သူတို့ရလိုက်တာ တစ်ယောက်မှ ငါးဆယ်ကျပ် ဆီပဲ မုန့်ဖိုးရတယ် …. သူတို့ဒီလိုလုပ်လို့ ဘယ်လောက်မှမရဘူး … နိုင်ငံလည်း သိက္ခာကျတယ် … လုယက်နေရင် နောက်နောင် ဘယ်လိုလာမလဲ … သူများတွေကို ဘယ်လိုဆွဲခေါ်မလဲ …… မြန်မာပြည်ကြီးတိုးတက်ပါစေ ….. လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ……

About thihayarzar

thiha yarzar has written 76 post in this Website..