(လိုက်သင့်ရဲ့လား ချစ်သူ..)

 


မြေပဲ စိမ့်လို့လား

လမ်းက ကြောင်ပဲ စားခဲ့သလား  

ငါ့မှာတော့ ဓါးချက်တွေ

ဗရပွနဲ့ အရေခွံ နွာခဲ့ရဖူးတယ် 

သိပ်တော့ မလျှောက်ခဲ့ပါဘူး

အဝတ်မပါဘဲ ဘေးထိုးအိပ်နေတာ

ဖိနပ်ပါသွားတာ အမြတ်ပေါ့

ခြေမနဲ့ လက်မောင်း

ထောင်းတော့လည်း ခံ ညောင်းတော့လည်း စံပေါ့

အဲလိုမျိုးနဲ့

ငါ့ ကျောက်မောင်းကို ထုဆစ်ပုံဖော်နေခဲ့တယ်

အပိုင်းအစတချို

သစ်ရွက်ကြွေ တချို့

ဖုန်မှုန့်တချို့

မိုးရေတစ်ချို့

….

………

အမျိုးတွေ အမျိုးတွေ တွေ့ခဲ့ပေါ့

ဟိုလိုနဲ့ ထင်မှတ်ခဲ့လည်း

ရင်ဘတ်ကို ခဲတွေ လာစင်တယ်

မမျှော်လင့်ဘဲ

မောင်းဆုံကွဲအက် ကြက်ချေးတွေနဲ့ ရောဖူးတယ်

မလိုချင်ဘဲ

သဲတွေသာ ရခဲ့တယ်

အဲဒီ အရှေ့မှာမှ

ခဲစတွေ ပိုကြေညက်လာတယ်

သဲမှုန်တွေ ပိုရောနှောလာတယ်

ကျောက်မောင်းရဲ့ အင်အားနဲ့

ဆုံထဲက ခဲတစ်ဝက်

ကြေညက်ခဲ့မယ်ဆို

အရာရာကို ရောလို့သမ

မနူးမနပ်ချက်ကာထားပြီး

(သူမ) ကို အိမ်အလည်ဖိတ်မယ်

အိုဘယ့် ချစ်သူရယ်

ထမင်းစားလိုက်သင့်ရဲ့လား…

 

တောက ကိုရင် 

 

(ဒါလေးက လိုက်ဝံ့ရဲ့လား ချစ်သူ ဆိုတဲ့ကဗျာလေးကို

မန့်ထားတဲ့ သရော်စာလေးပါ…

သရော်စာဆိုတာ မထေမဲ့မြင် ပြုတာ မဟုတ်ပါဘူး..

ပြန်ပြီး တုပ ရေးသားထားတာပါ..

ဟိုတုန်းက ဖိုးသူတော် ဦးမင်းတို့

ဗန်းမော်ဆရာတော်တို့ကို အားကျလို့…

သည်းခံပြီး ဖတ်ပေးပါ…)

 

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…