တစ်နေ့တာအမောများ။။။။။
မနက်ထဲက အခြေအနေကမကောင်း…အိတ်စပိုစ် အတင်သင်္ဘော ကထွက်သွားပြီ..။။။
Buyer အတည်ပြု တဲ့ ကုန်ပစ္စည်းတွေရဲ့ Label တွေက သင်္ဘော ထွက်ပြီးကာမှ အကြောင်းကြားလာတယ်လေ
မှားနေပါတယ်တဲ့ …ကောင်းကြရော သူဌေး နဲ့ ခေါင်းခြင်းဆိုင်ကြရပြီလေး ဘာလုပ်ကြမလဲ ပစ္စည်းဂျပန်ကိုရောက်ဘို့က
အနည်းဆုံးရက်နှစ်ဆယ်ပစ္စည်းပေါင်းက (၈၀၀၀) တစ်ခုခြင်းဖွင့် ဖောက်ထုတ်ပြင်  ပြန်ပိတ်လုပ်ရမှာ ဂျပန်မှာပြင်ရင်ရော
အလုပ်သမားခနဲ့မွဲရောပေါ့  သူတို့ဆီမှာက အချိန်ပိုင်းလုပ်သားခတွေက ဈေးကကြီးပါဘိ ဒါဆို ကွန်တိန်နာပြန်ပို့ …..။။
ဒါလဲမဖြစ်သေးဘူးဗျ return cargo  ပါမစ်ပြန်လျှောက်တာနဲ့ ပြင်ပြီးပြန်ပို့တာနဲ့ စရိတ်ကကာမိမှာမဟုတ်တဲ့အပြင်
ပြန်လည်တင်သွင်းလာတဲ့စရိတ် ပြန်လည်တင်ပို့တဲ့စရိတ် တွေအပြင် လွယ်လွယ်ကူကူ ဆိုပြသနာမရှိ အချိန်ကြာနေမှ
ဒုက္ခ ပဲလေ… ဘောစီက ဘာစဉ်းစားတယ်တော့မသိ ဂျပန်ကိုဒီကလူတွေသွားမယ် …..ဆုံဖြတ်ချက်ထွက်လာပြီ.။။။
အဲဒီနေ့ထဲက ရှုပ်လိုက်တဲ့အလုပ်ဗျာ ဟိုရုံးပြေး ဒီရုံးပြေး ဟိုမှာလုပ်ရမယ့် ရက်တွက် ကြာမယ်အချိန်နဲ့ လေယာဉ်လက်
မှတ်ခ ကုန်ကျစရိတ် တွက်ချက်တင်ပြ …။။
“ဒီကသွားတဲ့သူတွေဟော်တယ်မှာတော့တည်းလို့မရဘူး  ဂျပန်က ware house မှာပဲနေ အဲဒီမှာအိပ် အဲဒီမှာပဲစား
ဂျပန်အစားအစာနဲ့ ရက်ရှည်စားနိုင်မယ်မထင်ဘူး နင်တို့ကိုရီးယားမိတ် ခေါက်ဆွဲတစ်ပါကင် နှစ်ပါကင်လောက်သယ်ဘို့
စီစဉ်ထား အခုကနေ ပါတ်စပို့စ် စလုပ်ကြတော့”…။။။။
ဒါတွေပြီးတော့ ခဏထိုင်ရုံရှိသေးတယ် ဖုန်းလာပြီးလေ “ဗျို့ဆရာ ကြွခဲ့ပါအုံး ရုံးကို”
သိလိုက်ပြီ  အမှုတော့ပေါ်ပြီး ဒီအမှုကလဲ ကြီးတဲ့ပြသနာတော့မဟုတ်ဘူးဗျ ကျုပ်တို့ Garment တွေမှာ ဒီအဖြစ်က
ပြောပလောက်တာမဟုတ်ဘူး လက် “အပ်”စူးတဲ့အမှု  အပ်စူးတဲ့ကလေးက စာတိုငညိုလုပ်လိုက်တာပဲ
ဘယ်တတ်နိုင်မလဲ ဒီလိုပဲရှင်းရမှာပေါ့ ဖူလုံရေးကဒ် တွေလုပ်ထားပေမယ့် ကိုယ့်အလုပ်သမားပဲလေ ဒီကဒ်ကြီးပေးပြီး
ရော့ဆေးသွားကုလို့ ပြောလို့ ဘယ်ဖြစ်မလဲဗျ သင်တော်ရာဆေးရုံ ဆေးခန်းတော့ ပြပေးရသေးတာပဲလေ ကလေးမ
အတွက်ဆေးခန်းကုသစရိတ်က မနေ့က တနံနက်တင် သုံးသောင်းကျော်ကုန်သွားတယ်လေ ကျန်တာဘာမကျေနပ်တယ်
မသိပါဘူးတိုင်လေရဲ့ ဒါနဲ့ ရုံးကကားမောင်းပြီးသွားလိုက်တယ် ဟိုရောက်တော့ လူစုံနေပြီပဲ ကဲမျက်နှာစုံညီ မေးကြ
ဖြေကြတော့….။။။။။။။။
“ကျွန်မကိုဆေးကုပေးပါတဲ့”
ကျုပ်လဲ မျက်လုံးတောင်ပြူးသွားတယ် ဒါနဲ့ပဲ သူရဲဆေးမှတ်တမ်းတွေ ထုတ်ပြပြီးကုန်ကျစရိတ် ဘောက်
ချာတွေ ပါ ထုတ်ပြလိုက်ပြီ..။။
“ဆေးကုပေးပါဆိုလို့ အခုကုပေးထားတယ်နော် အခုဘာထပ်ဖြစ်နေသေးလို့လဲ လက်ကိုအပ်စူးတာ
ဆေးရုံပါ တင်ထားပေးရမှာလား” …။။
““မဟုတ်ဘူး ပျောက်အောင်ကုပေးရမှာ””
“စိတ်ချပျောက်တဲ့အထိကိုယ် ကုပေးအုံးမှာ မနက်ရုံးလာခဲ့ ဆေးခန်းထပ်ပြပေးမယ်””
အခုလဲကုပေးထားတာပဲဟာကို ဘာတွေပြောနေတယ်မသိဘူး ကိုယ်အိမ်မှာလက်အပ်စူး
ရင်ဘာလုပ်မလဲ ဆေးခန်းသွားမှာလား  မေးချင်စရာပဲလေ ကျုပ်ဘက်ကတော ဘယ်အကြောင်းပဲဖြစ်ဖြစ် ဂရုထားလုပ်ပေး
တာပဲလေ  သူတို့ဘက်ကနားလည်မှု လွဲနေတာတော့ ကျုပ်လည်းမတတ်နိုင် ဘူးနောက်ဆုံတော့ ဆေးကုပေးမယ်လို့
လက်မှတ်ထိုးပြီးပြန်လာလိုက်တယ် လက်မထိပ်ကလေး အပ်ဆူးတာကို ဆေးခွင့်ငါးရက်ပါပေးပစ်လိုက်တယ် မှတ်ရောပေါ့
စက်ရုံမှာ တစ်ချို့ ကလေးတွေဆို အပ်ဆူးတောလောက်တော့ သူဟာသူလုပ်ပြီး… ပြီးမှ ရုံပေါ် က ဆေးဘောက်စ် မှာ
ဆေးတောင်ပြီး အလုပ်ဆက်လုပ်ကြတာပဲ သူ့ကျမှ သေနတ်မှန်တဲ့ဒဏ်ရာကျနေတာပဲ တစ်ခါ
တစ်လေတော့ လူတွေဟာမုန်းခြင်းစရာကောင်းလောက်အောင် ကိုယ်တစ်ဘို့ထဲကြည့်ပြီး..
အတ္တကြီးကြတယ်လေ…။။။။
ရုံးရောက်ရုံရှိသေးတယ် ..ဖယ်ရီကားမမှီတဲ့ ပြသနာကစောင့်နေလေရဲ့ ဘာဖြစ်လဲမေးတော့ မနက်က ဖယ်ရီကားကို
လူမစုံပဲ လုံခြုံရေးဝန်ထမ်းက ထွက်ခိုင်းတဲ့ကိစ္စပဲ ရှင်းပေးရမှာပေါ့ ကဲ “လုံခြုံရေးဝန်ထမ်း ခေါ်လိုက်ကြ” ရောက်လာတော့
မေးမြန်းငြင်းခုံဖြစ်ကြ နဲ့ သူမပြောဘူးသူပြောတာနဲ့ပေါ့ လူက နည်းနည်းစိတ်ချည်ပေါက်လာတာနဲ့ ရုံးပေါ်က အကုန်မောင်းချ
လိုက်တယ်ပြီးမှ ဖယ်ရီကား အုံနာဆီဖုန်းဆက်ပြီး မနက်ပိုင်းဖယ်ရီအားလုံ စုရပ် သတ်မှတ်နေရာမှာ ကျွန်တော် ထုတ်ပေး
ထားတဲ့ အချိန်အတိုင်းသာ တိတိကျကျ ထွက်ကြဘို့  ပြောရတယ်…သူတို့မေးနေရင် ရန်ဖြစ်ကြရုံအပြင်ဘာမှမထူးဘူးလေ..
မတစ်ရာသားသမီးတွေ ဆိုတော့အမှန်ကိုလဲပြောမှာမဟုတ်ဘူး ဖယ်ရီကားက ညနေ အလုပ်လွှတ်ချိန် နောက်ကျပြီးလာကြို
တာ ပြသနာမရှိပေမယ် မနက်ပိုင်း အလုပ်တက်ချိန်နောက်ကျတာ စောထွက်တာက ပြသနာရှိတယ်လေ နောက်ကျပြန်ရင်လဲ
အလုပ်ချိန်မမှီဖြစ်နိုင်သလိုစောထွက်ရင်လဲ ၀န်ထမ်း အကုန်မပါတဲ့ အတွက် ၀န်ထမ်းတွေ နောက်ကျနိုင်ပါတယ် ဒါကြောင့်
ဖယ်ရီကားဟာမနက်ပိုင်းမှာ အချိန်မှန်ထွက်ဘို့အရေးကြီးပါတယ်မနေ့တစ်နေ့ ဖြစ်သွားတဲ့ လှိုင်သာယာဖယ်ရီ အက်ဆီးဒင့်
လို မဖြစ်ဘို့ရင်မနေရတာကလဲ  စိတ်ရှုတ်စရာပါ..။။
ဖုန်းဆက်ပြီးရုံရှိသေးတယ် ဖုန်းဝင်လာတယ် ကျုပ်ကိုတွေ့ချင်လို့တဲ့ ဒီလောက်တွေ့ချင်တဲဟာတွေအကုန် တွေ့မယ် ဘာမှ
မဟုတ်ဘူး သင်္ဘောလိုင်းတွေက မာကက်တင်း တွေလေ  မျက်နှာသိတွေဖြစ်နေတော့မလာနဲ့ပြောဘို့ကလဲ မဖြစ်ပြန်ဘူးကိုး
လာပေါ့သူတို့ကလည်းမက်လုံးလေးတွေပေး ကြသေးတာဗျ Shipment တစ်ခု ဘယ်လောက်ချန်ပေးရမလဲ ဆိုတာမျိုးလေးတွေ
ကလဲ ရှိသေးကိုယ်က ကြားကနေ ချိတ်ဆက်ပေးရုံနဲ့ ရတတ်တာကလား  အဲဒီ လိုင်းက လူတွေကလဲ shipment ရရေးသာ
အတင်းလိုက်လုပ်ကြတာ ရသွားပြီဆိုရင်  သိပ်ဂရုစိုက်ချင်ကြတာမဟုတ်ဘူး လုပ်ခြင်သလိုလုပ် စာရွက်စာတမ်းကြေးတွေ
ကောက်ခြင်သလိုကောက်ကြတော့တာပဲ ကုမ္ပဏီ တွေကလဲ မြန်မာပြည်မှာ ဒီသင်္ဘောလိုင်းတွေပဲ၇ှိတော့ သူတို့ကိုပဲသုံးပြီး
တင်သွင်း/တင်ပို့နေရတော့  အဲဒီလိုင်းတွေရဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြ စာရွက်စာတမ်းကြေးတွေ ရှာကြံ တောင်းနေ
ကြသမျှ သူတို့ ပြုသမျှ နုနေကြရတာပဲလေဗျာ…။။
တစ်နေ့တစ်နေ့ ပြသနာပေါင်းစုံ အကုန်လိုက်ရှင်းနေရတာ တစ်ခါတစ်လေတော့ လည်း ကျုပ်လည်းလူသားပေမို့ စိတ်ချဉ်
စိတ်မိုက်ရိုင်းလေးတွေတော့ ၀င်မိသား တစ်ခါတစ်ရံ များ ဘုတော့လွတ်ရင်လွတ်မိတတ်တာပဲလေ
နေလည်ပိုင်းကျမှ ..ဘောစီ ထွက်လာပြီး စက်ရုံသစ် ကိစ္စ အတွက် အခုသွားပါ လာပြောလို့ သွားမယ် လုပ်ခါမှ ဘောစီက
သူစီးနေတဲ့ ဆလွန်းကာယူသွားပြောလို့ သဘောတော့ကျမိသားဗျ  ကျုပ်ဘောစီက ကျုပ်ကို စက်ရုံက လိုက်ထရပ်ကြီးနဲ့
သွားရင် သိက္ခာကျမှာစိုးလို့ သူဆလွန်းကားယူသွားခိုင်းလိုက်တာပဲလေ ..ဒီလိုနဲ့ စက်ရုံသစ်ကိစ္စ လူကြီးတွေနဲ့ပြောဆိုပြီး
ပြန်အလာစက်ရုံပေါက်ပေါက်ဝရောက်တယ် ဆိုရင်ပဲ လူငယ် သုံးယောက် လုံခြုံရေးနဲ့ ဘားတွေအခြေအတင်ဖြစ်နေကြတယ်
မသိဘူး ကားရပ်ပြီး…။။။။
“ဘာဖြစ်နေကြတာတုန်ဗျ””
““စက်ရုံထဲက ကောင်မလေးရဲ့အကိုလို့ ပြောတယ်ဆရာ အိမ်မှာအမေနေမကောင်းဖြစ်နေလို့ လာခေါ်တာတဲ့””
“ ဟုတ်လား..ဒါဆို လုံခြုံရေးတစ်ယောက်ရုံးပေါ်လိုက်ခဲ့ သူတို့ကိုစောင်ခိုင်းထားလိုက်”
ရုံးပေါ်က ပြူတင်ပေါက်က သေချာကြည့်တော့.. မဖြစ်နိုင်အကိုလို့သာပြောတာ လာခေါ်တဲ့ကောင်မလေးနဲက ရွယ်တူ
လောက်ပဲရှိတာလေ မဖြစ်ဒီကိစ္စသေချာရှင်းမှ..။။
“ရော့  လာခေါ်တဲ့ကောင်လေးကိုဒါတွေ သေချာရေးခိုင်း ပြီးရင်ကျုပ်ကိုပြန်လာပြ ကြားလား”
လုံခြုံရေးလဲ..““ဟုတ်ကဲ””ဆိုပြီး
စာရွက်အပိုင်းလေးယူဆင်းသွားတောတာပဲ ကျုပ်လဲ အပေါ်ကနေသေချာအကဲခတ်နေရင် စာရေးမတွေကိုလှည့်ပြောရ
သေးတယ်….။။။
““ဟဲ အောက်မှာလာခေါ်တယ် ဆိုတဲ့ စက်ရုံက ကလေးမ ရဲ CV ဖောင်ရှာပေးစမ်း””
မကြာပါဘူး လုံခြုံရေး ဘိုတော်ပြန်တက်လာပြီးစာရွက်ပြန်ပေးတယ် ကျုပ်ဘာလုပ်တယ်ဆိုတာတော့ နားမလည်သလို
အကြည့်နဲ့ပေါ့လာခေါ်တဲ့ ချာတိတ်ရေးထားတဲ့အချက်တွေနဲ့  ၀န်ထမ်းကလေးမရဲ့CV ဖောင်က အချက်တွေတိုက်ကြည့်
လိုက်တော့ အကုန်လွဲတော့တာပါပဲ…ကျုပ်ရေးခိုင်းလိုက်တဲ့ ၀န်ထမ်းကလေးမရဲ့ အဖအမည် အမိအမည် မတူဘူး နေရပ်
လိပ်စာလဲ လွဲနေတယ် ရပ်ကွက်နဲ့ လမ်းတော့တူတယ် အိမ်နံပါတ်ကမှားနေတယ် ဒါဆိုကျုပ်အထင်မှန်ပြီ လေ ၀န်ထမ်း
ကောင်မလေးရဲ ရည်စားပဲ ဖြစ်ရမယ် စက်ရုံကိုညာတာပါတေးနဲ့ လာခေါ်တာ ရည်စားဖြစ်တာလဲ သိပ်ကြာသေးဟန်မရှိဘူး
နဲ့တူပါတယ် ..ဒါနဲ့အောက်ဆင်းသွားပြီး….။။။။
“ ညီလေးမင်းနာမည်ဘယ်သူလဲ”
ပြောရှာပါတယ်သူနာမည်ကို အသာမှတ်ထားပြီးမှ…။
“ကဲညီလေ မင်လာခေါ်တဲ့ကလေးမက နာမည်တော့တူတယ် ဒါပေမယ့်သူမဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ မိဘအမည်တွေနဲ့
နေရပ်လိပ်စာမတူလို့ပဲ တစ်ခြားစက်ရုံသွားရှာကြည်ပါအုံး စက်ရုံမှာလာပြီထင်တယ်””
အလိမ္မာနည်းနဲ့ပထုတ်လိုက်ရတယ်လေ  သူတို့ထွက်သွားမှ လုံခြုံရေး အမျိုးသမီးတစ်ယောက်ကို နောက်ယောင်ခံလိုက်ပြီး
ဘာပြောတယ်နားထောင်လာဘို့မှာလိုက်ရတယ်…ဒါကလဲပညာသားလေးပါမှဗျ..။။။
ရုံးပေါ်ပြန်လာပြီး ၀န်ထမ်းကလေးမခေါ်စမ်း ဆိုပြီးစစ်ရတော့တာပေါ့
“ သမီးရဲ မွေးချင်းမောင်နှမ နာမည်တွေပြောစမ်း”
ဝန်ထမ်းကလေးမပြောသမျှနာမည်ထဲမှာ စောစောက ကောင်လေးနာမည်မပါ..။။
“ရပြီသမီး အလုပ်ပြန်ဆင်းလုပ် တော့”
ကလေးမကတော့ သူကိုလာခေါ်တယ်ဆိုတာမသိရှာလို့ သူအလုပ်သူသွားလုပ်နေတော့တာပါပဲ
လုံခြုံရေးအမျိုးသမီးပြန်လာမှ အကြောင်းစုံ သိရတော့တာကိုဗျ…….
“ကဲပြောစမ်ပါအုံးဘာတွေပြောကြတယ်ဆိုတာ”
““ကွမ်ယာဆိုင်မှာကောင်လေးတစ်ယောက်က စောင့်နေတာ ဆရာ အဲဒီကောင်လေးကို သူတို့အချင်းပြောနေတာက
မင်းစော် လေးငါတို့ခေါ်ပေးတာပဲ ဒါပေမယ် မရှိဘူးပြောတယ်ကွ  မင်းကသူအဖေအမေ နာမည်မှ မပြောလိုက်တာ
တို့ကမသိပဲရမ်းရေးတာပေါ့ တဲ့ ဆရာ””
ကဲဘာတတ်နိုင်သေးလဲ ၀ါးနုက ၀ါးရင့်ပါတ်ချင်လို့ရမလား….ဒီလိုပဲလေ ဒီခေတ်ကလေးတွေ ဘာမသိညာမသိ မဖြစ်သင့်
တာမဖြစ်ရအောင် လုပ်ငန်းခွင်ထဲမှာလဲ အုပ်ချုပ်သူက မိဘ လို စောက်ရှောက်နိုင်ကာမှတန်ကာကျတာ လာခေါ်တိုင်းသာ
ထည့်ပေးနေရရင် မဖြစ်သင့်တာတွေဖြစ်လာနိုင်သလို ၀န်ထမ်းမိဘတွေအနေနဲ့ လည်း စက်ရုံအုပ်ချုပ်သူတွေကို
ယုံကြည်မှုမဲ့လာနိုင်စေတဲ့အတွက် ဒီနည်းလေးသုံးလိုက်ရတယ်..။။
ဒီတစ်နေ့တော့ ..ဒီ အဖြစ်လေးတစ်ခုနဲ့ တင် ကိုယ်ဖြေရှင်းကိုင်တွယ်လိုက်နိုင်လိုက်တဲ့ အတွက် တစ်မြုံမြုံ ပြန်တွေးရင်
ပီတိပွားကာ နံနက်က ပြဿနာများတောင်မေ့ထားလိုက်မိပါကြောင်း……………..။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com