ကံဆိုးမသွားရာ မိုးလိုက်လို ့ရွာ (၈)

etoneSeptember 5, 20111min8610

(၁၇)

“ဟဲ့မိချို မိချို … ခေါ်လို့လည်း မကြားပါလား … နေမြင့်နေပြီ မထသေးဘူးလား … ”

“ဦးဇော်ရေ လာပါဦး ဒီမှာ မိချို ခေါ်လို့ မရလို့ …. ” သူခေါ်တာမရသဖြင့် မမစိုးက ယောကျာ်းဖြစ်သူကိုပါ အကူညီပေးရန် လှမ်းခေါ်လိုက်ခြင်းဖြစ်သည် … ။

” ဟဲ့ကောင်မလေး မိချို … မိချို ….. ” ဝုန်း… ဒိုင်း … ဝုန်း … ဒိုင်း ….

” တံခါးဖျက်မှ ရမယ်ထင်တယ် အစိုးရေ … ”

“အင်း ဒါဆိုလည်း မြန်မြန်လုပ်ပါ … အထဲမှာ ဘာများဖြစ်နေလဲ မသိဘူး … ”

တံခါးဖျက်လိုက်သော အခါ အထဲတွင် အားမရှိသလို ဖျော့တော့ လဲလျောင်းနေသော မိချိုကို တွေ့ရသည် … နှုတ်ခမ်းများမှာ စွတ်စွတ်ဖြူနေသည် … သတိလည်း ရတစ်ချက် ၊ မရတစ်ချက်နှင့ ် … ကိုယ်တွေလည်း ခြစ်ခြစ်တောက်ပူနေတော့သည် … ။

“ဦးဇော်ရေ … ဆေးရုံပို့ရအောင် ကားသွားထုတ်ပါ … မြန်မြန်နော် မြန်မြန် မြန်မြန် … ”

မမစိုးနှင့် ဦးဇော်တို့ ချီတွဲကာ ….. မိချိုကို ဆေးရုံပို့သည်… ။ တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများက ရောက်ရောက်ချင်း လိုအပ်သည့် ကုသမှူများကို ပြုလုပ်ပေးခဲ့သော်လည်း …. မိချိုတစ်ယောက် ကံကုန်ရှာသည် … ။

%%%%%%%%%%%%%%%

” ခွမ်း … ”

” ဟဲ့ အကြီးမ စန္ဒာ … ငါ့ကျောင်းက ပန်းအိုးတွေ တော့ ကုန်တော့မှာပဲ … ဘိုးသူတော်က လုပ်လို့ကွဲလိုက် … ညည်းက လုပ်လို့ ကွဲလိုက်နဲ့ …. သေချာလုပ် …သေချာလုပ် …. ” ဟုဆိုကာ … ကျောင်းအတွင်းသို့ ဘုန်းကြီး ပြန်ဝင်သွားသည် … ။

ကျွန်မသေချာကိုင်ထားတဲ့ကြားက လွတ်ကျသွားသော ပန်းအိုးအကွဲလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည် … ရင်ထဲတွေ အမျိုးမည်မသိသော ဝေဒနာ တစ်ရပ်ခံစားလိုက်ရသည်… ။ ကျွန်မအလွန်ပေ့ါဆလွန်းသည် … ကျွန်မက မိဘအိမ်မှာနေရတာ မဟုတ်ဘူးလေ … ပေါ့တီးပေါ့ဆဖြစ်လို့ ရပါ့မလား … ဆရာတော် မငြိုငြင်အောင်နောက်ဆို သတိထားလုပ်မှပါ… ။

ထိုစဉ် …မောင်လေးနှင့် ညီမလေး … ပြေးလွှားကစားရာမှ ကျွန်မနားရောက်လာသည်… မျက်စိလျှင်သော မောင်လေးက … မမကြီးလက် သွေးတွေ ထွက်နေတယ်ဟု အသံကုန်အော်သဖြင့် … … ဟုတ်ပါရဲ့ …ကျွန်မရဲ့ လက်ပါရှသွားတာပဲ … သွေးတွေလည်း ထွက်နေပါတယ်… ။

မောင်လေးအော်သံကြောင့် ဘုန်းကြီးပါထွက်လာရတော့သည် … ။

” ဟဲ့ စန္ဒာ ဘာဖြစ်သတုန်း … ”

“လက်ရှသွာတာပါဘုရား … ”

” အေးအေး … ဒါဆိုလည်း … သေချာရေဆေးပြီး ဆေးထည့်ကြားလား … ဘိုးသူတော်ဆီမှာ ဟိုတစ်လောက မြို့က ဒကာတစ်ယောက်လှူလိုက်တဲ့ ဆေးသေတ္တာရှိတယ်… တောင်းပြီး ဆေးထည့်ထား ကြားလား …  ”

“တင်ပါ့ ဘုရား …   ”

ဘုန်းဘုန်းက မိန့်ပြီး ပြန်ကြွသွားသည်… ။ ဘုရားပန်းအိုးလဲမှူကို အလျှင်မြန်ပြီးအောင် ဆောင်ရွက်လိုက်ပြီး အနာဆေးထည့်ရန် ဘိုးသူတော်ကို ရှာရတော့သည် … ။ ယခုအချိန်ဆု ိ ဘိုးသူတော်ကြီး အိပ်ချိန်ပဲ .. ကျောင်းအနောက် ကွပ်ပျစ်မှာ ရှိမယ်ထင်တယ်… ကျွန်မသွားရှာကြည့်ဦးမယ် … ။ထင်တဲ့ အတိုင်းပဲ တွေ့ပါပြီ …

“ဦးသူတော် …ဦးသူတော်ကြီး … ထပါဦး ကျွန်မလက်ရှမိသွားလို့ ဆေးသေတ္တာလေး ပေးပါဦး … ”

” အာ… ဒီကလေးမှ ရှုပ်လိုက်တာဟာ … သွားသွား ဖုန်သိပ်လိုက် … ဆေးသေတ္တာ ထမရှာအားသေးဘူး … နောက်မှ ဆေးထည့်တော့ ….အလကား လာရှုပ်တယ်…   ”

ဦးသူတော်ကတော့ ပြောပြောဆိုဆိုနဲ့ ပြန်အိပ်သွားပါပြီ …သွေးစို့စို့လေးထွက်နေသဖြင့် … သူပြောသလိုပဲ တလင်းမှ ဖုန်မှုန့် အနည်းငယ် သိပ်ထားလိုက်သည် … ထို့နောက် … မီးဖိုထဲမှ လက်နှီးစုတ်လေးကို အပိုင်းလေဖြစ်အာင် ညှပ်ကာ လက်ရှသော နေရာကို စည်းထားလိုက်သည် … ။ ထို့နောက် … မေ့မေ့ပျောက်ပျောက်သာ ထားလိုက်သည်…

(၁၈)

လေးငါးရက်ခန့် ကြာသော်…

” စန္ဒာရေ .. စန္ဒာ … မြို့က ဧည့်သည်တဲ့ဟေ့… ”

” ဟုတ်ကဲ့  ဦးသူတော် ဒီဘက်ကို လွှတ်လိုက်ပါ… ကျွန်မဒီမှာ ရှိပါတယ် … ”

” ဟာ အန်တီဝေပါလား … မေမေနေကောင်းရဲ့လား ဟင် … ဝမ်းသာလိုက်တာ အန်တီဝေကိုတွေ့ရတာ … မေမေဘာမှလိုက်သေးလဲ … သမီးတို့က အရမ်းတွေ့ချင်နေတာ … ”

“အန်တီဝေ … ဘာလို့ သမီးကိုပဲ စိုက်ကြည့်နေတာလဲ … ဖြေလေ .. မေမေနေကောင်းလား ဘာမှ လိုက်သေးလဲလို့ …  ”

“သ…သမီး …သမီးရဲ့ မေမေလေ …. ကိုယ်ဝန်ဖျက်ချရာကနေ …ပေါ့ဆမိလို့ … သေရှာပြီ … ”

” ဘာ … မဖြစ်နိုင်ဘူး … သမီးမယုံဘူး …အန်တီဝေလျှောက်ပြောနေတာ … မေမေသေချာမှာခဲ့တယ် … ပြန်လာမယ်တဲ့ သမီးတို့အိမ်လေးကို  အတူပြန်နေကြမယ်တဲ့ … ” ပြောပြောဆိုဆိုနှင့် ငိုရင်း စန္ဒာတစ်ယောက် သတိလစ်သွားရှာတော့သည် … ။

%%%%%%%%%%%%%

မျက်လုံးများ ဝေဝါးနေသည် … ကျွန်မ … က ျွန်မ အိပ်မက်မက်တာပါလား …ဟုတ်ပါတယ် ..ကျွန်မ အိပ်မက်မက်တာပါ … ။

ကိုယ့်အတွေးနဲ့ ကိုယ် ကုန်းကြုံးထမယ် အလုပ်…

” သမီး … ဖြည်းဖြည်းထလေ … ခေါင်းမူးနေဦးမယ် … ”

“ဟင် အန်တီဝေပါလား … ဒါ … ဒါဆို အိပ်မက်မက်နေတာ မဟုတ်ဘူးပေါ့ … သမီးဘာဖြစ်သွားတာလဲဟင် … ”

” အိမ်… ဟုတ်တယ် စန္ဒာရဲ့ … ဘုန်းဘုန်းလည်း သတင်းစုံကြားပြီးပါပြီ … သတ္တဝါ တစ်ခု ကံတစ်ခုပေါ့ ၊ အတိတ်က အ ကြောင်းတွေ ပါလာခဲ့တာကိုး … လူဆိုတာ သေမျိုးဟဲ ့… တွေ့ဆုံကြုံကွဲ ဓမ္မတ္တာပဲ …. ကိုယ့်စိတ်ကိုယ်ဖြေဟဲ့ … ”

ကျွန်မလည်း အိမ်မက်မဟုတ်တဲ့ လက်တွေ့ဘဝမို့ … ရှိုက်ကြီးတငင် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်မိသည် …။ စိုးစိုးဝါးဝါး အော်သံကြောင့် ညီမလေးနှင့် မောင်လေးပါ လန့်ငိုတော့သည်…. ။  ကျွန်မလည်း … ထို့အတူ …အားရအောင် ငိုပြီးမှ … မေမေ့စကားသံတစ်ချို့ ကျွန်မအသိထဲ ပြန်ဝင်လာခဲ့သည် … ။ .. ဟုတ်တယ်… ငါက အကြီးဆုံးပဲ အမေရော .. အဖေပါမရှိတဲ့ အခါ… ငါကပဲ ကလေးတွေ အတွက် ပဲ့ကိုင်ပေးရမဲ့ အဓိကလူပဲ … ။ ဝမ်းနည်းစိတ်များကို ခွန်အားအဖြစ်ပြောင်းလဲလိုက်တော့သည်… ။

အန်တီဝေ… မေမေ့အလောင်းမြေချပြီးပြီလားဟင် … ။

” အေးပြီးပြီသမီးရဲ့ … ရန်ကုန်မှာက သုံးရက်ပဲ ထားတာများလို့ အန်တီဝေတို့ ကောင်းကောင်းမွန်မွန်လေး လုပ်ပေးလိုက်ပါတယ် ..ရက်တော့ မလည်သေးဘူး … ။ ”

” ဒါဆိုရက်လည်ကို သမီးတို့ ဒီကနေ ဆွမ်းသွပ်အလှူတန်းလုပ် ပေးလိုက်ရအောင်နော် …. နော် အန်တီဝေ … ”

” အေးပါ သမီးရယ်…သူ့အလုပ်ရှင်တွေကလည်း စိတ်မကောင်းလို့ သမီးတို့ သုံးဖို့ ငွေနည်းနည်းပို့ပေးလိုက်တယ် … အလုပ်ကဖြင့်မလုပ်ရသေးဘူးဆိုပေမဲ့ … သူတို့ အိမ်မှာ ဖြစ်တာဆိုတော့ စိတ်မကောင်းဘူးပေါ့ အေ …. ”

%%%%%%%%%%%

“ရက်လည်လည်း လုပ်ပြီး ပြီဆိုတော့ … ငါလည်း ပြန်ဦးမယ် စန္ဒာရေ … အငယ်နှစ်ယောက်ကို ငါခေါ်ပြီး ညည်းတို့ အဖွားအိမ်ပို့ပေးရလျှင် ကောင်းမလား .. ”

” အာ… နေပါစေ အန်တီဝေရယ် … မေမေတောင် ကိုယ့်မာနနဲ့ ကိုယ်မို့ … ကျွန်မကပဲ ကလေးတွေ အတွက် ရှာကျွေးဖို့ အလုပ်လုပ်မှာပါ … လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ နေဦးမယ် …. မေမေပြန်လာလျှင် အတူပြန်နေမဲ့ အိမ်လေးကိုလည်း ပြန်မသွားချင်သေးဘူး …အ ရာရာတိုင်း မေ့မေ့အရိပ်တွေပဲမို့ … ဒီမှာနေတာ အကောင်းဆုံးဖြစ်မယ် အန်တီဝေရယ်… ဒါနဲ့ … မေမေဆုံးပြီဆိုတော့ … မေမေအလုပ်လုပ်တဲ့ အိမ်က လူလိုမှာပေါ့ … တခြားလူတော့ မခန့်ပါနဲ့ … သမီးပဲ အောက်ခြေသိမ်း အကုန်လုပ်ပေးပါ့မယ်…. ”

10 comments

  • ရွှေဘိုသား

    September 6, 2011 at 9:23 am

    ဇာတ်သိမ်းကတော်တော်ကြေကွဲစရာကောင်းပါလားနော်
    အဲလိုတွေ မဆင်မခြင် ဗဟုသုတနည်းလို. ကျနော်တို. ရွာမှာလည်း ကိုယ်သိသလောက်
    အသက်ဆုံးတာတွေ ကြားကြားနေရတယ် ရွာဓလေ. တတ်သလောက်လျှောက်လုပ်ကြတာတွေ
    တစ်ခါကလည်း အဒေါ်တစ်ယောက် ကလေးမွေးတော. အရပ်ထဲကလက်သည် ကပစ္စည်းမစုံလို.
    ကလေးကသေသွားတာ တကယ်ကိုယူကြုံးမရ ကြုံဖူးတယ် မတုံ ရေ
    ပညာပေးတွေ များများရေးပေးပါ

  • နွယ်ပင်

    September 6, 2011 at 9:45 am

    ဇာတ်လမ်းက ဖတ်ရတာ တော်တော်လေး သနားစရာကောင်းလိုက်တာ
    ဇာတ်သိမ်း သွားပြီလား etone ရေ …စန္ဒာလေး အကြောင်းကိုရော ဆက်ရေးဦးမှာလား …..

  • weiwei

    September 6, 2011 at 9:57 am

    ဇာတ်မသိမ်းသေးဘူးလေ … ကံက ထပ်ဆိုးအုန်းမှာ …

    ဇာတ်သိပ်နာလွန်းနေတယ် … ဇာတ်လမ်းဆင်တာကလဲ ရုပ်ရှင်ဆန်နေတယ် … မိချိုကို ချက်ခြင်းကြီး သေပေးလိုက်သလိုဖြစ်နေတယ် …. အဲဒီအိမ်ကလူတွေကို ဗဟုသုတအများကြီးရှိတယ်လို့ ရေးထားပြီး တစ်အိမ်ထဲနေတဲ့ မိချိုကို သေချာဂရုမစိုက်တာကလဲ လွဲနေသလိုပဲ … သမီးအပျိုလေးကို ဘုန်းကြီးကျောင်းမှာထားတာကလဲ ယုတ္တိမရှိဘူး …
    ဇာတ်သိမ်းပြီးမှ ထပ်ပြီးဝေဖန်အုန်းမယ် ….

    • etone

      September 6, 2011 at 10:36 am

      ဇာတ်က မသိမ်းသေးပါဘူး … ထပ်ဆိုးဦးမှာလည်း မဟုတ်ဘူးလေ… ဘဝဆိုတာ ဆိုးတခါ ကောင်းတလှည့်လာဦးမှာပါ … ။
      ဟုတ်ပါတယ် မဝေရေ .. ရုပ်ရှင်ရိုက်မဲ့ ဇာတ်လမ်းမျိုး ဆင်ပြီးရေးခဲ့တာပါ … အဓိကက ပညာပေးဖို့လေ … ။ မိချိုကို ချက်ချင်း ပေးသေလိုက်ရတာကလည်း … နည်းလမ်းမမှန်ပဲ ကိုယ်ဝန်ကို လက်သည်နဲ့ ဖျက်ချလျှင် ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ မြင်သာအောင်ပါ … ။ ရှင်ခွင့်ပေးလိုက်လျှင် အသက်ရှင်နိုင်ခြေရှိပါလားဆိုတဲ့ အသိ (ဒီကားသာ တကယ်ရိုက်ဖြစ်လျှင်) ပရိတ်သတ်ကြားထဲ ပျံ့ နှံ ့ကုန်မှာ စိုးလို့ …. အရေးကြီးတဲ့ အခြေနေမျိုး ပြထားပါတယ် …။
      အိမ်မှာရှိတဲ့ အိမ်ရှင်မိန်းမကသာ သူ့လုပ်ငန်းအတွက် အသုံးဝင်တဲ့ ဗဟုသုတတွေ ရှိထားတာ … ကိုယ့်အိမ်ကို အခုမှ ရောက်ခါစမိချိုရဲ့ ကိစ္စအဝဝကိုတော့ … ပွဲစား မဝေကပဲ ပဲ့ကိုင်ခဲ့တာပါ .. ။ ဒါကြောင့်လည်း မမစိုးက အကြံပေးလောက်ပဲ ဆွတ်ဖက်ခဲ့ပြီး မိချိုကို မပေါ့နဲ့ ဆေးခန်းသွားဖို့ ပြောခဲ့တာပေါ့ …. ။
      1. ကိုယ်ဝန်ဖျက်ချရာမှာ နည်းလမ်းမမှန်တာရယ် … ။
      2.သုံးစွဲတဲ့ပစ္စည်းတွေ သန့်ရှင်းမှုမရှိတာရယ် … ။
      3. ကိုယ်ဝန်ဖျက်ချပြီး အခြေနေကို ပေါ့လျော့မိတာရယ်ကြောင့် … မိချို မသေသင့်ပဲ သေသွားခဲ့တာပါ … ။
      4.နည်းလမ်းမမှန် ကိုယ်ဝန်ဖျက်ချခြင်းရဲ့ … နောက်ဆက်တွဲရလဒ်က သေခြင်းဆိုတာ သိသာစေချင်လို့…. (ကြောက်အောင်) ရေးလိုက်တာ 😀
      တကယ်တမ်း မိချိုသာ အပ်ထရာဆောင်းရိုက်လိုက်မယ်ဆိုလျှင် … တစ်ခုခုဆို … ဘာလုပ်ကြမလဲ..သားအိမ်ဆေးမလား ၊ ခြစ်ထုတ်ပစ်မလား တွေးစရာရှိလာပါပြီ … (အဲ့ဒီအချိန် အသက်ရှင်ရန် အခွင့်လမ်း ရှိပါသေးတယ် .. လိုအပ်လို့ သားအိမ်ထုတ်တောင် … သူမသေနိုင်ပါဘူး … ) သူအပ်ထရာဆောင်းမရိုက်မိတာ … အမှားဖြစ်သွားတယ်… ။

      ရွာတွေမှာ … အဆွေမျိုး မရှိလျှင် … ဘုန်းကြီးကျောင်းကပဲ အားကိုးရာပါ … ဝိုင်းလုပ်ဝိုင်းစား ဆိုနေလို့ရပါပြီ … ။ ထမင်းချက်တဲ့လူတွေ မီးဖိုချောင် သန့်ရှင်းရေးလုပ်ပေးတဲ့ အမျိုးသမီးတွေလည်း ဘုန်းကြီးကျောင်းမှာ နေကြပါတယ်တဲ့ … ။ သမီးပျိုလေးကို ဘုန်းကြီးကျောင်းမှာ ထားလိုက်တာက မိဘဆွေမျိုး အားကိုး အထောက်ပံ့ မဲ့တာကို ပြလိုက်တာပါ … ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုစောခြင်းနဲ့ .. သားဆက်ခြားခြင်း ဗဟုသုတနည်းတာတွေရယ်ကြောင့် ဒုက္ခရောက်တာ မြင်သာစေအောင်လေ … ။ ဒါအပြင် စန္ဒာကိုပါ .. တာဝန်ဆိုတာမျိုး(အမွှာနှစ်ယောက်) … ထပ်ထည့်ပေးထားတာ… မိမိတင်မကပဲ.. မိမိရဲ့ မျိုးဆက်ပါ ဒီလို ဒုက္ခရောက်စေတယ်ဆိုတာမျိုးသိအောင်လေ … ။
      တကယ့်အဖြစ်ပျက်မဟုတ်ပဲ .. ပ ညာပေးရေ းဦးစားပေး ထားတာမို့ .. ဟာကွက်တွေ အများကြီးပါ .. ဟိဟိ … ဝေဖန်တာကို ကြိုဆိုပါတယ် မဝေရေ … ကျေးဇူးတင်ပါတယ် … ။
      ရွာထဲက ဒေါက်တာ မိုးသီတာစိုးကလည်း … ပို့စ်ဆုံးမှ ဝေဖန်မယ်တဲ့လေ … သူကတော့ ဆေးပညာရှူထောင့်ကဆိုတော့ .. ဟာကွက်တွေ ပ ိုထွက်လာဦးမယ် 😀 😀

      ဟီးဟီး .. ရယ်ချင်တယ်.. တစ်ခါ ကလေး ဖျက်ချထားတဲ့ မိချိုက စန္ဒာကို သိပ်မကြာခင် အောင်မြင်အောင် မွေးနိုင်တာ … ဟာကွက်ပါပဲ … ။ သားပျက် သားလျှော ဖြစ်ထားတဲ့ သားအိမ်က နောက်တစ်ယောက်မွေးလျှင် သားပျက်သားလျှောဖြစ်နိုင်ချေပိုများပါတယ် … (ကြားဖူးနာဝနဲ့ ဟိုမေးဒီမေး လုပ်ထားရတာ )

      • etone

        September 6, 2011 at 10:39 am

        တဆက်တည်းမှာပဲ ….. ဘယ်လို အချိန်တွေမှာ ဆက်ဆံလျှင် ကိုယ်ဝန်ရှိလဲဆိုတာ ကြားဖူး၊ ဖတ်ဖူးပေမဲ့ .. သေချာအောင် ဖုန်းဆက်မေးမြန်းတဲ့ အခါ … အသေးစိတ်ပြောပြပေးခဲ့တဲ့ … ရွာထဲက ဒေါက်တာ မိုးသီတာစိုးကို ကျေးဇူးတင်ကြောင်လည်း ပြောချင်ပါတယ် … 🙂

      • ကြောင်ကြီး

        September 6, 2011 at 11:54 am

        အန်တီဝေရယ် သေခြင်းတရားမှာ နှေးတယ်မြန်တယ်ဆိုတာ မရှိဘူးလေ။ ေဩာ် မသိနားမလည်သူတွေနဲ့ ပြောရဆိုရတာ တယ်အလုပ်ပျက် အချိန်ကုန်ပါလား…။

  • မီးမီး သော်

    September 6, 2011 at 12:05 pm

    အော် ပေါ့တိပေါ့ပျက်နဲ ့နေမိတာကြောင့်။သမီးကတခါမြို ့တက်အလုပ်လုပ်မှာ ဆိုတော့ —အငယ်နှစ်ယောက်ကရော?

  • chitlay

    September 6, 2011 at 12:56 pm

    စန္ဒာကရော ဒုတိယ မိချိုဖြစ်မှာလား ???
    ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကတော့ သနားစရာ …
    သို့လော သို့လော အတွေးများနဲ့ အပိုင်း ၉ ကိုမျှော်နေပါမယ်။

  • hmee

    September 7, 2011 at 1:28 pm

    တုံမမရေ မမှီကတော့ အားလုံးပြီးမှ အစအဆုံးပြန်ဖတ်ပြီး ဝေဖန်ပေးမယ်နော်။ တတ်လို့တော့ ဟုတ်ဖူးနော်။ တုံက ဝေဖန်တာ လိုချင်တယ် ပြောလို့ သေသေချာချာ စေ့စေ့စပ်စပ် ဖတ်ပြီး ပြောမှာနော်။ အဲ့တော့ကျရင် စိတ်မဆိုးရဘူး။ 🙂

    • etone

      September 7, 2011 at 1:38 pm

      မမှီရေ .. ဝေဖန်ပါနော် … စိတ်မဆိုးပါဘူး.. ကိုယ်မမြင်တဲ့ဘက်က စာဖတ်သူတွေးတာကို ကြားချင်လွန်းလို့ပါ … ကျေးဇူးတင်ပါတယ်နော် … ။ မနေ့ကလည်း နှစ်ပိုင်းတင်မလို့ မတင်လိုက်ရဘူး … ညနေပိုင်း အလုပ်ပြီးတော့ ကော်နက်ရှင်က ကျနေတာနဲ့ … ။ 😛

Leave a Reply