မျှော်လင့်ချက် … ယုံကြည်ချက်ဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ် .. အသေးဖွဲ ကိစ္စကစလို့ … ဘ၀ရည်မှန်းချက် ပန်းတိုင်ထိအောင်ပဲ ယုံကြည်ချက် မျှော်လင့်ချက်တွေနဲ့ အားတင်း မောင်းနှင်နေကြရတာပါ … ။ စိတ်ထဲ ပြင်းပြင်းပျပျ ရည်ရွယ် ကြံစည်ထားလျှင် … မျှော်လင့်သလို ဖြစ်လာဖို့ ကြိုးစားအားထုတ်လုပ်ကိုင်ဖို့ အားတွေ ဖြစ်လာသလိုပါပဲ … လူတိုင်း ကြုံဖူးကြမှာပါ … ။ မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ … ရယ်စရာ အဖြစ်ပျက်လေး ရွာသူရွာသားတွေကို ပြောပြရဦးမယ် … ။ ကျွန်မက ညဘက် အိမ်ပြန်လာတိုင်း ရေခဲရေ အေးစက်စက်ကို တကိုယ်လုံး ထုံကျင်သွားလောက်အောင် … နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးတတ်တဲ့ အကျင့် ရှိတာမို့ … 1.5 Li ၀င် အချိုရည် ဗူးခွံထဲ ရေဖြည့်ပြီး ရေခဲသေတ္တာ အပေါ်ဆုံး အကန့်မှာ အမြဲ ထည့်ထားတတ်တယ် … ။ ရေခဲမနေအောင် အအေးဒီဂရီကိုတော့ … နည်းနည်းလျှော့ထားရတယ် … ။ အပြင်က ပြန်လာတိုင်း လက်ဆေးရမှာ သိပေမဲ့… အမြဲလိုလို… ရေခဲရေဗူး အရင်ယူသောက်မိတဲ့ အကျင့်ဆိုးကလည်း ပြင်မရတာ အခုထိပါပဲ … တစ်ညကျတော့ … အရင်လိုပဲ ကျွန်မ အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ ရေခဲ သေတ္တာထဲက ရေဗူးကို ထုတ်ယူပြီး သောက်မယ် လုပ်ပါတယ် … ။ ဒါပေမဲ့ .. အဖုံးက အရမ်းကြပ်နေလို့ … ဖွင့်မရခဲ့ဘူးလေ …. ။ လက်သုတ်ပုဝါလေးနဲ့ ဖိပြီး ဖွင့်လည်း အဖုံးက မပွင့် … ၊ စိတ်မရှည်စွာနဲ့ .. အဖုံးကို သွားနဲ့ ကိုက်ဖွင့်လည်း မပွင့် … မပွင့်လေ … ဒေါသက ထွက်လေလေ .. စိတ်က မကြည်တော့လေလေမို့ … မရရအောင် အတင်းကုတ်ဖဲ့ ပြီး အဖုံးဖွင့်နေပါတော့တယ် … ။ ရေခဲသေတ္တာထဲမှာ တခြား ရေပုလင်းတွေ ရှိပါလျှက် အစွဲလန်းကြီးတယ်လို့ပဲပြောရမလား ၊ ဇီဆာ ကြောင် တယ်လို့ပဲ ပြောရမလား … အဲ့ဒီပုလင်းထဲက ရေမှ … သောက်ချင်နေတော့တာပါ … ။ ပုလင်းဖုံးကလည်း အံချော်နေတယ် ထင်ပါရဲ့ … ။ဘယ်လိုပဲ ဖွင့်ဖွင့် ဖွင့်မရခဲ့ပါဘူး … ဒီတော့ … ကျွန်မရဲ့ အကျင့်အတိုင်း ပါးစပ်ကလည်း ပွစိပွစိ လုပ်တော့တာပေါ့ …. ။ အဲ့ဒီအသံနဲ့ အဲ့ဒီအဖြစ်ကို … မလှမ်းမကမ်းမှာ စာထိုင်ရေးနေတဲ့ ကျွန်မအစ်ကိုက လှမ်းမြင်မိသွားတယ် … ။ နောက်တော့သူ ကြည့်မနေနိုင်တော့ပဲ … ကျွန်မလက်ထဲက ရေခဲရေဗူးကို ယူပြီး … အ၀တ်လေးနဲ့ အဖုံးကိုဖိကာ ခပ်ကြမ်းကြမ်းလေး အားစိုက်ဖွင့်တယ်ဆိုလျှင်ပဲ နှစ်ခါဖွင့်စရာမလိုအောင် … ခုဏက အံကြိတ်တင်းခံနေတဲ့ ဗူး အဖုံးလေး ပွင့်သွားခဲ့ပြီပေါ့ … ။ ဗူးအဖုံးပွင့်နေတဲ့ ရေဗူးလေးကို ကျေနပ်စွာကြည့်ရင်း ကျွန်လက်ထဲ ပြန်ထည့်ပေးပြီး … သူစကားတစ်ခွန်းပြောလိုက်တယ် … ။ သူပြောတဲ့ စကားကို ကြားရတာ ကျွန်မအတွက် အူကြောင်ကြောင်နိုင်လှပါတယ် … ။ ” ငါလည်း ကြိုက်တယ် … ငါ့ကိုလည်း တိုက်ဦးနော်တဲ့ … ” တကယ့်ကို ထူးထူးဆန်းဆန်းပါ … တအိမ်လုံးမှာ ရေသောက်အနည်းဆုံးက သူ ၊ နောက်ပြီး ရေခဲရေလည်း သောက်လေ့သောက်ထ မရှိတာမို့ … ဒီစကားပြောတာ မူမမှန်တာတော့ အသေချာပါပဲ … ။ သူစားချင်တာ ၊ သောက်ချင်တာ စွပ်စွပ်စပ်စပ် ယူစားတတ်တဲ့လူက အခုမှ .. ခွင့်တွေဘာတွေ တောင်းဆိုတော့ … ကျွန်မနည်းနည်း နားလည်ရခက်သွားတော့တယ် … ။ ကျွန်မကပဲ နေရာတကာ ကပ်သီးကပ်သတ်တွေးတတ်လို့ … သေချာစဉ်းစားတာဖြစ်မှာပါလို့ပဲ စိတ်ထဲမှတ်ပြီး … ရင်တစ်ခုလုံးအေးခဲသွားအောင် ရေခဲရေ တစ်ဝကြီး မော့သောက်လိုက်တယ် … .. စိတ်ကျေနပ်လောက်အောင် ရေသောက်ပြီးတော့မှ ကုန်ခါနီး ရေခဲရေဗူးကို သူ့ကို ကမ်းပေးလိုက်တယ် … ။ ကျွန်မ ကမ်းပေးတဲ့လက်ကိုတောင် မယူပဲ .. အားမနာ …..တန်းလန်းထားပြီး … ” ငါခွက်သွားယူဦးမယ်လို့ ” … ထိုင်ရာက ထသွားပြန်တယ် … ။ အံ့သြသထက် အံ့သြလာတာက ဘယ်တော့မှ စည်းကမ်းမရှိတဲ့လူက ရေသောက်လျှင် ဗူးလိုက်မော့နေကြကို … ခွက်နဲ့ ထည့်ပြီး တခမ်းတနား သောက်ဦးမယ်တဲ့လေ … ။ သူဒီနေ့ မူးများ လာသလား … ဒါလည်း မဖြစ်နိုင်ပါဘူး …. သူ့ပုံစံ မူးတဲ့ပုံမထွက်ပါဘူး … ဂျာနယ်တိုက်ကို ပေးရမဲ့ သတင်းတောင် သူရေးနေနိုင်သေးတာပဲ … ပုံမှန်အခြေနေတော့ ပုံမှန်ပါပဲတွေးရင်း … ကျွန်မ မှင်သက်နေမိတယ် … ။ ဒါမှမဟုတ် … သူ့မိန်းမက ဘာပြောထားလို့ အချိုးပြောင်းနေရတာလဲ … ငါသောက်တဲ့ ဗူးမို့ မသောက်ချင်တာလား .. ဘာလားပေါ့.. တောင်တွေးမြောက်တွေးလုပ်မိလေရဲ့ … တွေးကောင်းနေတုန်း … ခွက်ယူပြီး ပြန်ထွက်လာတဲ့ သူက ကျွန်မရှေ့ ခွက်လေးထိုးခံပေးရင်း … ” နည်းနည်းပဲ ထည့်တဲ့ .. ငါလည်ချောင်းနာမှာစိုးလို့”တဲ့လေ … ဒါနဲ့ ကျွန်မလည်း … ခွက်တစ်ဝက်လောက်ထည့်ပေးလိုက်ပါတယ် …. ။ ခွက်တစ်ဝက်လောက် ထည့်ပေးထားတဲ့ ရေးကို … တဂွက်ဂွက်နဲ့ .. တကျိုက်တည်း မော့သောက်ပစ်လိုက်တယ် … ခွက်လည်းကုန်ရော … စူးစူးဝါးဝါး ထအော် ပါလေရော …. ။ “ဖွီးးးးးးးးးးး သွား ရေတွေတဲ့လေ … ” ပြောလည်းပြော … မျက်နှာကလည်း ရှုံ့မဲ့လို့ … ဒေါသလည်း ထွက်သွားတဲ့ပုံပါပဲ … ။ ရှူးရှူး ရှဲရှဲ .. ဒေါကီးပြီး … သူ့အခန်းထဲဝင် တံခါးပိတ်သွားတော့တယ် … (ရေးလက်စ သတင်းတွေတောင် ဒီအတိုင်း ပစ်ထားခဲ့တာပါ :P ) နောက်မှ ကျွန်မ ဆက်စပ်ပြီး တွေးမိကာ ခွက်ထိုးခွက်လန် ရယ်မိပါတော့တယ် …. :D :D သူက အထင်နဲ့ အမြင် လွဲမှားသွားတာကိုး ….. :roll: ကျွန်မအစ်ကိုက လူတစ်မျိုးလေ … မိုးပဲ ပြိုပြို ၊ လေပဲ တိုက်တိုက် တအိမ်လုံးကိစ္စ သူနဲ့ မဆိုင်သလို နေတတ်တဲ့ အကျင့်ရှိတယ် .. တစ်ခါတစ်လေ စာရေးလျှင် ဘေးက ဘာဖြစ်ဖြစ် ၀ိုင်းကူတတ်တဲ့ အလေ့ထမရှိတာ ကျွန်မအသိ … မသိချင်ယောင်ဆောင်လည်း နေတတ်သေးတယ် … ။ အခုလို ရေဗူးဖွင့်ပေးတာမျိုးတောင် မရှိသလောက်ပါပဲ … ဖွင့်မရလျှင် မသောက်နဲ့လို့ ပြောမဲ့ အစားထဲကပါ … အဲ့ဒီလို ဘုကလန့် လူမျိုးက … အလိုက်တသိရေဗူးဖွင့်ပေးတာ … ရေဗူးလို့ မထင်ပဲ … အချိုရည်ဗူးခွံကိုမြင်ပြီး .. အချိုရည်လို့ ထင်ပုံရပါတယ် … ဒါကြောင့် ဇီဆာကြောင်တတ်တဲ့ ကျွန်မဆီက သောက်ချင်တော့ … အဖုံးလာဖွင့်ပေးပြီး… စကားပုလ္လင်တွေခံကာ …သူသောက်မယ်ပြောတာလေ … မျှော်လင့်ချက်လေးနဲ့ … ခွက်လေးတောင် သွားယူလိုက်သေးတယ် … ဟီးဟီး :P ပြီးမှ အထင်နဲ့ အမြင်လွဲသွားတော့ .. တင်းသွားတာ .. ။ ရန်ရှာရအောင် ကျွန်မက သူ့ကို အချိုရည်လို့ ညာပြောပြီး တိုက်တာလည်း မဟုတ် တစ်အိမ်လုံး ကိစ္စ စိတ်မ၀င်စားတဲ့သူကကျွန်မအကျင့်ကိုလည်း မသိပဲ … မရမက ခက်ခက်ခဲခဲ အဖုံးဖွင့်နေတာနဲ့တင် အထဲက အရည်ကို အချိုရည်ထင်မှတ်ပြီး … ဖွင့်ရလျှင် တောင်းသောက်မယ်ဆိုတဲ့ မျှော်လင့်ချက်ထားခဲ့လို့ပါပဲ … ။ ပေးချင်တဲ့ ခံစားမှူရသက … လွဲချော်မှူနဲ့ ကြုံတဲ့အခါ ရှဥ့်လည်းလျှောက်သာ ၊ပျားလဲစွဲသာ အနေထားကို ထိန်းသိမ်းတတ်ဖို့ပါပဲ…။ ကျွန်မတို့ ဘ၀တွေ မှာ မျှော်လင့်ချက်ကိုယ်စီရှိခဲ့ကြတာပေါ့ … လူတိုင်း လူတိုင်း မျှော်လင့်ချက်လေးနဲ့ ရှင်သန်နေကြရတာပါ … တစ်ခုခုကို စမ်းတ၀ါးဝါး လုပ်နေတာထက် … ဒါလုပ်မှ ဒါရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ … နေ၀င်နေထွက် ရုန်းကန်နေရပါတယ် … ။ မျှော်လင့် ရည်ရွယ်တယ်ဆိုပေမဲ့ … တကယ်ရနိုင်တဲ့ အရာကို မျှော်လင့်မှသာ ကြိုးစားအားထုတ်မှူအတွက် အားအင်ဖြစ်စေတာပါ … နဂိုကတည်းက မရနိုင်တဲ့ အရာကို သိသိကြီးနဲ့ မျှော်လင့်တယ်ဆိုလျှင်တော့ … မိုက်မဲတဲ့ လုပ်ရပ်လို့ပဲ ကောက်ချက်ချချင်ပါတယ် … ။ မျှော်လင့်ချက်နဲ့ ကြိုးစားတယ်… သို့သော် ….လွဲချော်သွားခဲ့လျှင် …လွဲချစရာ ကံဆိုတာမျိုးကလည်း … ထည့်စဉ်းစားရသေးတယ်လေ … ။ အဲ့ဒီလို အချိန်မှာ စိတ်ထားတတ်ဖို့ ၊ နေတတ်ဖို့ကပဲ အရေးကြီးပါတယ် …… မဆီမဆိုင် ဒီသီချင်းလေးပြန် သတိရမိတယ် …….. ” စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ် … ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်လတ်တော့ မကပါတယ် … ” ဆိုတာပါ … ။ တစ်ခုခုကို လှေနံဓါးထစ် မျှော်လင့်ထားပြီး ဖြစ်မလာတဲ့ အခါ … ကိုယ့်စိတ်ကိုယ်မထိန်းနိုင်လျှင် စိတ်ဓါတ်ကျပြီး လေသွားတတ်ပါတယ် … ။ ဒါကြောင့်လည်း …. ရည်မှန်းချက် ၊ မျှော်လင့်ချက်ဆိုတာ … ထားလျှင် ကောင်းပေမဲ့ မဖြစ်နိုင်တာကို မမျှော်လင့်သင့်တာကို မျှော်လင့်ရင်း ဖြစ်မလာလို့ …. စိတ်ဒုက္ခရောက်ရတာတွေလည်း ရှိနိုင်တဲ့အတွက် … မိမိစိတ်စွမ်းအင်ကို သေချာနားလည်အောင် ကြိုးစားပြီး လက်လှမ်းမှီတဲ့မျှော်လင့်ချက်လေးတွေပဲထားကာ တက်လမ်းရှာနိုင်ကြပါစေလို့ ဆန္ဒပြုပါလိုက်ပါတယ် ။ ။

http://www.brooklyntobacco.com/sprite-20oz/

 

ရယ်ရတယ် ..ဗြဲ …

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!