၂၁ရာစု၏ ရက်သတ္တပတ်အချစ်
တနင်္ဂနွေနေ့ 
ကောင်မလေးတစ်ယောက်လမ်းလျှောက်လာတယ်
မိုက်တယ်လန်းတယ်ကျွန်တော်ရင်တွေခုန်တယ်
တနင်္လာနေ့ 
ကောင်မလေးကို ထပ်တွေ့ တယ်
ရည်းစားစကားပြောလိုက်တယ်
သူမက ဆိုတယ်စဉ်းစားပါဦးမယ်
အင်္ဂါနေ့ 
ကောင်မလေးကပြောတယ်ရှင်နဲ့ ထပ်တူချစ်နိုင်ပါတယ်
ပြောဖို့ မလိုရုပ်ရှင်ထဲကလို
လက်ချင်းချိတ်လို့ သီချင်းဆိုတယ်။
ဗုဒ္ဓဟူးနေ့ 
တိတ်တခိုးပေးတဲ့အနမ်းလေးအတွက်
သူမ စိတ်ကောက်ထပြန်တယ်
ကြာသပတေးနေ့
ရှင်ကလူဆိုး မျက်နှာမွဲမို့
ကျွန်မရှင့်ကိုလမ်းခွဲတယ်။
သူ့ စကားအဆုံးစိတ်မကောင်းမိ
အစကတည်းက မသိလေလား။
သောကြာနေ့ 
ကျွန်တော် မောင်ကီးစိတ်ညစ်ပြီး
အရက်ကိုသာ ဖိသောက်၏။
စနေနေ့ 
မနက်မိုးလင်းအရက်မူးပြေ
သူငယ်ချင်းမေး၊မင်းရည်းစားလေးဘူလဲဆိုတော့
အဲဗျာဟုတ်ပ နာမည်မသိ၊မစုံစမ်းမိ
ရည်းစားဖြစ်ပြီးကွဲသွား၏။
***************************
နွေရာသီ တေးဖွဲ့ 

နွေအခါ ရေမလာ
လျှော်စရာတွေ ပုံလို့ ပါ။
ဒိုဘီကုလား မလာနိုင်တာ
အပူရှပ်ပြီး ဖျားလို့ပါ။
(မှတ်ချက်။ ။ ယခုနွေရာသီတေးဖွဲ့ ကဗျာလေးသည် ကျွန်မ၇တန်းနှစ်က သောကြာစာစောင်တွင်
ဖော်ပြထားခြင်းခံရသော ကျွန်မ၏ ပထမဆုံးကဗျာလေးတစ်ပုဒ်ဖြစ်ပါသည်။)

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)