** အလင်းတွေ အကြောင်း..ရေးထားတဲ့ …

စာတစ်ရွက်…ကျ ပျောက်သွား…..

** တစ်ချိန်တုန်းကတော့…

အိပ်မက်ကို သေအောင် သတ်ပြခဲ့ သူမို့ 

လမင်း ကို ပန်ဆင်ခဲ့ ဖူးတယ်။

** အမှန်တရား အကြောင်း…နည်းနည်းသိချင်လာလို့ 

လှေကါး ယောင်ဆောင်ပြီး…

အနင်း…ခံခဲ့ ပါရဲ့ ။

** ကွယ်…….အခုတော့… … … …

စာမျက်နှာတွေ များလာတာက လွဲရင်…

ကျပျောက်တဲ့  အလင်းတွေ များလာတာက လွဲရင်…

အိပ်မက်တွေ သေဆုံးမှု များလာတာက လွဲရင်…

လမင်းကို မပန်ဆင်ရတော့တာက လွဲရင်… ..

အနင်းခံရတာတွေ များလာတာက လွဲရင်…..

ပြီးတော့..လွဲရင်….လွဲရင်…..

** မနေ့ က အပြာရောင် သစ်ပင် တစ်ပင်…

စိုက်ပျိုးခဲ့ ရတယ်။

အဲဒီ သစ်ပင်က..

သွေး နဲ့  မျက်ရည်ကိုပဲ..လောင်းသွန်ပေးပါ…တဲ့ 

အိပ်မက်လာပေးတယ် ။ ။

******************************

အလင်းဆက်

25 . 9. 2011 တနင်္ဂနွေနေ့  ည 21း53

alinsett.art@gmail.com

alinsett

About alinsett

alinsett has written 615 post in this Website..

. . .