စာလုံးတွေ မရှိတော့တဲ ့ ကဗျာ..

alinsettOctober 5, 20111min842

** အလင်းတွေ အကြောင်း..ရေးထားတဲ ့…

စာတစ်ရွက်…ကျ ပျောက်သွား…..

** တစ်ချိန်တုန်းကတော့…

အိပ်မက်ကို သေအောင် သတ်ပြခဲ ့သူမို ့

လမင်း ကို ပန်ဆင်ခဲ ့ဖူးတယ်။

** အမှန်တရား အကြောင်း…နည်းနည်းသိချင်လာလို ့

လှေကါး ယောင်ဆောင်ပြီး…

အနင်း…ခံခဲ ့ပါရဲ ့။

** ကွယ်…….အခုတော့… … … …

စာမျက်နှာတွေ များလာတာက လွဲရင်…

ကျပျောက်တဲ ့ အလင်းတွေ များလာတာက လွဲရင်…

အ်ိပ်မက်တွေ သေဆုံးမှု များလာတာက လွဲရင်…

လမင်းကို မပန်ဆင်ရတော့တာက လွဲရင်… ..

အနင်းခံရတာတွေ များလာတာက လွဲရင်…..

ပြီးတော့..လွဲရင်….လွဲရင်…..

** မနေ ့က အပြာရောင် သစ်ပင် တစ်ပင်…

စိုက်ပျိုးခဲ့ ရတယ်။

အဲဒီ သစ်ပင်က..

သွေး နဲ ့ မျက်ရည်ကိုပဲ..လောင်းသွန်ပေးပါ…တဲ ့

အိပ်မက်လာပေးတယ် ။ ။

******************************

အလင်းဆက်

25 . 9. 2011 တနင်္ဂနွေနေ ့ ည 21 း53

alinsett.art@gmail.com

2 comments

  • kai

    October 5, 2011 at 2:48 pm

    အလင်းကမနက်ရောက် အိပ်မက်ကျပျောက်တဲ့အခါ…
    သွေးနောက်နောက်နဲ့ သစ်တပင် လောင်းရှင်စေခဲ့ပါတယ်
    အဲဒီသစ်ပင်က..
    မျက်ရည်မလောက်လို့တဲ့..
    အဝါရောင်အပွင့်တွေ လှစ်ပြနေခဲ့တာပေါ့..။

    လှေကားဟန်ဆောင်ထားတဲ့ငါ့ကို
    အမှန်မျက်နှာဖုံးတပ်နင်က
    ဒေါက်ဖိနပ်ထက်ထက်နဲ့ ရက်စက်နင်းတက်ခဲ့တယ်…။

    နှင်းသက်ဆယ်ပြန်ကြွေပါစေ
    အပြာပင်ထက်ကအဝါပွင့်ခူးရက်သူ
    မစိမ်းပင်ကြီးရယ်လို့…
    အလင်းမှင်တံနဲ့ အိပ်မက်မှာ
    စာတရွက်ဖြစ်အောင် ကဗျည်းတင်ထားလိုက်မယ်…။

  • windtalker

    October 5, 2011 at 6:52 pm

    အိုသစ်ပင်
    သင်မရှိမှ
    တို ့ကမ္ဘာ
    ပြောင်းလဲယိုယွင်းလာသည်
    အိုသစ်ပင်
    သင့် သားမြေးများ
    တို ့ကမ္ဘာ
    အသည်းအသန်လိုအပ်နေသည်

Leave a Reply