ကျွန်မတို ့တတွေကျန်းမာရေး မဂ္ဂဇင်း ဖတ်သောအခါတွင်လည်းကောင်း၊
ဖက်ရှင်မဂ္ဂဇင်း ဖတ်လျှင်သော်လည်းကောင်းတွေ ့ရသည်က ကျန်းမာရေးကောင်းစေရန် လုပ်ရမည့် လေ့ကျင့်ခန်းများ၊ အလှအပဆိုင်ရာ မေးခွန်းတွေ
ဆောင်ရန် ရှောင်ရန်တွေသာဖြစ်သည်။ ဗဟုသုတရသည့်အတွက် ဒီစာတွေ ဖတ်ရတာ
အကျိုးများပါသည်။ သို ့သော် သူတို ့တွေ မသိတာ တစ်ခုရှိသေးသည်။ ကျွန်မတို ့သည် ရုံးခွင့်ယူချင်သောအခါများတွင် ချောင်းလေးလောက်တော့ ဆိုးပြတတ်ရမည်။ နှာစီး နေတတ်ရမည်လေ။ ထို ့အတွက်ကြောင့် ခဏတစ်ဖြုတ် ကျန်းမာရေးမကောင်းရန်အတွက် ပြုလုပ်ပုံ ပြုလုပ်နည်းများ ဂျာနယ်များတွင် မပါဝင်သေး။ အဲပြီးတော့ ရှိသေးသည်။ ဒါကတော့ အစိုးရရုံးတွေမှာ အဖြစ်များသည်။ ကောင်မလေး နည်းနည်းပါးပါး ကြည့်ကောင်းပြီဆိုလျှင် ချောပြီဆိုလျှင် ဘာဖွင့်ပွဲ ညာဖွင့်ပွဲအတွက် ဖဲကြိုးကိုင်ရန် ဗန်းကိုင်ရန် အစုံကိုင်ရန်ရုံးပိတ်ရက်တွင် ပိုက်ဆံမရသောဖွင့်ပွဲ ပိတ်ပွဲ တစ်ဝက်တစ်ပျက်ပွဲ ကိစ္စများ လုပ်ရတာတွေကြားဖူးသည်။ ဒီလိုကိစ္စတွေ ဖြေရှင်းဖို ့
ရက်သတ္တပတ်လောက်ရုပ်ဆိုးနည်းတွေ လိုအပ်သော်လည်း ဒါတွေလည်း ဂျာနယ်များတွင် မပါဝင်သေးပေ။
ဒီတော့ ထုံးစံအတိုင်းကျွန်မက တစ်တပ်တစ်အားကူညီသောအားဖြင့်ဖျားနာဖို့အတွက် ၊ ရုပ်ဆိုးသွားရန်အတွက်
အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်သည်ဟု အကြံပေးပါရစေ။
ခဏတစ်ဖြုတ်ဖျားနေစေရန်
၁။ အာလူးကြော်၊ ဖက်ထုပ်ကြော် ဆီနှင့်ကြော်တာ မှန်သမျှ အကုန်စားပါ။ ချိုချဉ်များများ စားပါ။ အအေးသောက်ပါ။မကြာခင်ချောင်းဆိုးမည်ဖြစ်သည်။ သင့်အတွက် ခွင့်၂ရက်သေချာသည်။
၂။မနက်ပိုင်း ရေချိုးရင်း ခေါင်းလျှော်ပါ။ ပြီးရင် ပျော့ဆေးသုံးပါ။ ရေကိုနာရီဝက် တစ်နာရီချိုးပါ။
လျှော်ပြီး မခြောက်သေးသော ဆံပင်အတွက် hair dryerနှင့် မမှုတ်ပါနှင့်။ ပန်ကာဖွင့်ကာ အခြောက်ခံပါ။
ရေခဲရေ သောက်၊မိုးရေထဲ လမ်းလျှောက်ထွက်ပြီးမှ အဝတ်အစားမလဲဘဲ ရုံးကို သွားလိုက်ပါ။
ခွင့်တစ်ပတ် ရပြီ ဖြစ်သည် ့အတွက် သင်ပျော်ရွှင်နိုင်ပြီ ဖြစ်ပါသည်။
၃။ အသားဖြူသူဖြစ်ပါက အောက်ခံမိတ်ကပ် အညိုရောင်၊ ဝါသူဖြစ်ပါက ပန်းရောင်၊ ညိုသူဖြစ်ပါက အပြာရောင်
ကို ရွေးချယ်ပြီး လိမ်းပါ။ ပြီးလျှင် ပေါင်ဒါကို ဟိုမနှံ ့ဒီမနှ ံ့ပွတ်ပါ။ မျက်ခုံးမွှေးဆွဲသော ခဲတံအနက်ဖြင့် နှုတ်ခမ်းနီဆိုးပါ။
အပေါ်က အပြာဝတ်လျှင် အောက်က အနီဝတ်ပါ။ လုံးဝ ကွဲပြားအောင် ဝတ်ပါ။ ပြီးလျှင် ဘွတ်ဖိနပ်စီးပါ။
ခေါင်းကို ဆံပင်တခြမ်းချည်ပြီး တခြမ်းချသွားပါ။ သင့်အတွက် ဗန်းကိုင်ခိုင်းခံရမည့် အန္တရာယ်များအပြင်၊
ရည်းစားစကားလိုက်ပြောခံရခြင်းများမှ ကင်းဝေးသွားမည်ဖြစ်သည်။
ကဲ ကျွန်မရဲ့ ပထမပိုင်းသင်ယူပို ့ချခြင်းကတော့ ဒီလောက်ပါပဲ။
မှတ်ချက်၊ ၊( ကျန်းမာရေး မကောင်းရန် လုပ်ဆောင်ရင်း
တကယ် အသက်ထွက်သွားခြင်း၊ သင်၏ အရူးစတိုင်အားတခြားတကယ့် အရူးကး တွေ ့ပြီးအိမ်လိုက်လာခြင်းများကိုတော့ တာဝန်ယူမည် မဟုတ်ပါ။)
ဒုတိယပိုင်းကိုတော့ သတင်းများအပြီး ည၉နာရီတွင် ဆက်လက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)