ပါရို မြို့က ဘူတန်ရဲ့ ဒုတိယမြို့တော်ဆိုပေမဲ့ ကျွန်တော်တို့ဆီက မြို့ငယ်လေးတစ်ခုသာသာပါ နေထိုင်တဲ့လူတွေရဲ့ အမူအကျင့်တွေကလဲ မြန်မာပြည်က နယ်မြို့လေးတစ်ခုကို ရောက်တဲ့အချိန် မြင်ရတဲ့ မြင်ကွင်းမျိုးလေးတွေပဲ  မပဒုမ္မာပြောသလို “နိုင်ငံလေးက အေးအေးချမ်းချမ်းရှိပြီး ရောင့်ရဲတတ်တဲ့သူတွေ နေနေကြသလိုဘဲ။ပုံလေးတွေကြည့်ရတာ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာဆိုတဲ့ ၀တ္ထုကို သတိရတယ်။တိဗက်တောင်ကြားမှာ အသက်ရာကျော်ရှည်အောင် လုပ်ပြီးနေကြတဲ့သူတွေအကြောင်းလေ” ဆိုတာ ကွက်တိဘဲလို့ ပြောရမယ် ကျွန်တော် ရောက်ခဲ့တဲ့ ၃၊၄ ရက်အတွင်း ရောက်ခဲ့တဲ့ နေရာ တွေ့ခဲ့ရတဲ့ သူတွေကတော့ အဲဒီပုံမျိုးလေးတွေပဲ  ၊ အဲဒါကြောင့်ပဲ Business Week မဂ္ဂဇင်း က ၂၀၀၆ မှာ တစ်ကမ္ဘာလုံးကို ကောက်ထားတဲ့ စာရင်းအရ ဘူတန်ဟာ အာရှမှာ ပျော်စရာ အကောင်းဆုံးတိုင်းပြည်  ကမ္ဘာမှာ ၈ နိုင်ငံမြောက် ပျော်စရာအကောင်းဆုံးတိုင်းပြည်လို့ ပြောထားတာ ၊နောက် မပဒုမ္မာပြောသလို မြန်မာဆရာဝန်တွေလဲ ဘူတန်မှာရှိတယ် မနှစ်ကလောက်ထင်တယ် ဂျီတူဂျီ လွှတ်ဘို့ သတင်းစာထဲမှာ ခေါ်တာတွေ့တယ် အရေအတွက်တော်တော်များတယ် ကျွန်တော်ရောက်တဲ့အချိန်မှာ မြန်မာဆရာဝန်နဲ့ မတွေ့ခဲ့ရပေမဲ့ ဘူတန်မှာ အလုပ်လုပ်ပြီး မြန်မာပြည် ပြန်သွားတဲ့ ဆရာဝန်တစ်ယောက်အကြောင်းကိုတော့ မေးခံရတယ် သူကတော်တယ် သဘောကောင်းတယ် သူ့ကို အရမ်းခင်တယ် အရမ်းသတိရတယ်ဆိုတဲ့အကြောင်းလဲ ပြောကြတယ် အဲဒီဆရာဝန်က ဘယ်သူဆိုတာ မသိပေမဲ့ မြန်မာတစ်ယောက်အနေနဲ့ ၀မ်းသာ ဂုဏ်ယူကျေနပ်မိတာပေါ့..

သူတို့နိုင်ငံရဲ့ အဓိက ၀င်ငွေက စိုက်ပျိုးရေး သစ်တောနဲ့ ရေအားလျှပ်စစ်ကနေ ရတယ် အဲဒါကြာင့်ဖြစ်မယ် မြို့သေးသေးမှာ ၂၄ နာရီ မီးလင်းနေတာ ဒီနေ့ ငါတို့ မီးလာရက် ဟေ့ ဆိုတဲ့ အသံလဲ မကြားခဲ့ရဘူး သစ်တောကတော့ ထင်းရှုးပင်တွေပဲ တွေခဲ့တယ် အဆောက်အဦတွေကလဲ ထင်းရှုးသားကိုပဲ အဓိကသုံးတယ် စိုက်ကြပျိုးကြ လုပ်နိုင်ပေမဲ့ အသားကတော့ နိုင်ငံခြားကနေ ပြန်သွင်းရတယ်လို့ မှတ်မိနေတယ် သူတို့နိုင်ငံအတွက် သွင်းတာ အားလုံးနီနီးက အိန္ဒိယ က၀င်တယ် ၊ အဲဒီနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကတော်တော်ကောင်းတယ် ကျောင်းတွေမှာ သင်္ချာလို ဆရာမျိုးတွေက အိန္ဒိယဆရာတွေ သင်ကြတယ်တဲ့ အိမ်တအိမ်ကို လေ့လာရေး သဘောရောက်လို့ ကလေးမလေး တွေ့ တာနဲ့ မေးကြည့်တော့ ၆ တန်းတဲ့ သူစကားပြောတာက မြန်မာပြည်က ကလေးတွေထက်သာတယ် သူတို့ဆီက ဘွဲ့ရပညာတတ်တွေ အားလုံး အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြတယ် ကျွန်တော်တို့ဆီမှာက တရုတ် ထိုင်းတို့ထက် သာတယ်ဆိုပေမဲ့  ဘရုတ်ကန်းတွေက ခပ်များများရယ် သေသေချာချာ လည်လည်ပတ်ပတ် ပြောနိုင်ဘို့ အများကြီး ကြိုးစားရဦးမယ်..

ဒေသခံတွေ လိုက်ပို့တာနဲ့  အရင်ဆုံး ရောက်ဖြစ်တာက ခံတပ် တစ်ခုပဲ မွန်ဂိုတွေ လာတိုက်တာကို ကာကွယ်ဘို့ ဆောက်ထားတယ် ဆိုတာလောက် မှတ်မိတော့တယ် ၊ ရွာသားဖြစ်ပြီးမှသာ သွားရရင် တော်တော်လေးမှတ်မိမှာ ၊ နောက် တစ်နေရာက ဘူတန်ရဲ့ နာမည်ကြီးနေရာ တစ်ခုဖြစ်တဲ့ Taktsang Palphug Monastery  ဆိုတဲ့ နေရာပါ  The Tiger’s Nest လို့လဲ လူသိများပါတယ် တောင်စောင်းကြီးပေါ်မှာ တည်ရှိနေတာပါ မှတ်တမ်းအရ ၁၆၉၂ ကတည်ဆောက်တယ်လို့ ဆိုပါတယ် အဲ ရောက်တယ်ဆိုပေမဲ့ တောင်ပေါ် ဘုန်းကြီးကျောင်းနေရာထိ မဟုတ်ပဲ တောင်ခြေ လှမ်းမြင်ရတဲ့ နေရာကိုပဲ ရောက်ခဲ့ရတာပါ တောင်ပေါ်ထိ တက်ဘို့ကတော့ သိပ်မလွယ်ဘူး ကျွန်တော်တို့ရောက်သွားတဲ့ အချိန် ဂျပန်လူမျိုး ၁၀ ယောက်လောက်ပါတဲ့  တောင်တက်အဖွဲ့ နဲ့ ဆုံခဲ့တယ် မေးကြည့်တော့ ဘူတန်က ကမ္ဘာလှည့်ခရီးသွားတွေ ကို အခွန်များများကောက်တယ် ဗီဇာမှာ ကန့်သတ်တယ် လို့ပြောတယ် ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ လူများများလာတော့  မကောင်းဘူးလား    ဆိုတော့  သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေချင်လို့ဖြစ်မယ်  လို့ သူ့အမြင်ကို ပြောတယ် သူပြောတာ ဘယ်လောက်မှန် မမှန် မသိပေမဲ့ နိုင်ငံခြားသား ခရီးသွားကတော့ ဂျပန်အဖွဲ့ တွေ့လိုက်တာကလွဲလို့ တခြားလူတွေ မတွေ့မိဘူး ..

 

ခံတပ်ကို သွားတဲ့ လမ်းမှာ တွေ့ရတဲ့ လယ်ကွင်းတွေ

ခံတပ်ကို ကာထားတဲ့ ခြံစည်းရိုး အ၀င်

ခံတပ်

ဒါက ခံတပ် ထိပ်ဘက်

Taktsang ဘုန်းကြီးကျောင်း (wiki ကယူထားပါတယ်)

ဘုန်းကြီးကျောင်းကို တောင်ခြေက လှမ်းမြင်ရတာ

ဘုန်းကြီးကျောင်းရှိတဲ့ တောင်ပေါ်ကို တက်တဲ့လမ်း

တောင်ခြေမှာ အမှတ်တရ ပစ္စည်းရောင်းနေတာ

ဘူတန်နိုင်ငံရဲ့ အမျိုးသား အားကစားက မျှားပစ်ပါ  မြို့ထဲသွားရင်း လူအုပ်စုတစ်ခုတွေ့လို့ မေးကြည့်တော့ မျှားပစ်နေကြတာလို့ပြောတယ် ပစ်တဲ့သူ၊ ကြည့်နေတဲ့သူ အများကြီးပဲ တကယ့်ကို အားရပါးရပဲ အဲဒါ ပြိုင်ပွဲရှိလို့ လုပ်နေတာ မဟုတ်ပဲ နေ့စဉ်ပုံမှန်ပဲတဲ့ ရပ်ကွက်ထဲ ဘောလုံးချိန်းကန်သလိုပဲ ဖြစ်မယ် ကျွန်တော် တို့ကိုတော့ နောက်တစ်နေရာမှာ ရှိတဲ့ မျှားပစ်ကွင်းကို ခေါ်သွားတယ်  သူတို့ အတွက်ကတော့ အလွယ်ပဲ ချိန်တယ် ပစ်တယ် ပစ်မှတ်မထိတောင် ပစ်မှတ်ဘေးပဲ (ပစ်မှတ်က ပေ ၂၀၀ ကျော်မှာ ရှိတာ )တခြားနိုင်ငံက လူတွေအတွက်ကတော့ ခပ်ဝေးဝေးရောက်ဘို့တောင် မလွယ်ဘူး ဂျူမုံတို့ပြည်က တစ်ယောက်ကတော့ သိပ်မဆိုးဘူး…

မျှားပစ်ဘို့ ပြင်ဆင်နေတာ

ဒီ ပစ်မှတ်ကို ပစ်ရတာ

နောက်ဆက်သွားဖြစ်တာက အမျိုးသားပြတိုက်နဲ့ ဘုန်းကြီးကျောင်းကြီးတစ်ခုပဲ ပြတိုက်က (၆)ထပ်ရှိတယ် ပြတိုက်ထဲမှာ သူတို့ ရဲ့ သမိုင်းဝင် ပစ္စည်းတွေ၊ရုပ်ထုတွေ၊တံဆိပ်ခေါင်းတွေ တော်တော်စုံစုံ ပြထားပါတယ် ပြတိုက်ထဲကတော့ ဓါတ်ပုံ ရိုက်ခွင့်မရှိလို့ မရိုက်ခဲ့ရဘူး

အပေါ်က ၀ိုင်းထားတာအမျိုးသားပြတိုက် အောက်က ဘုန်းကြီးကျောင်း(ဒီကယူပါတယ် http://www.nationalmuseum.gov.bt/)

ပြတိုက်အ၀င် က သတိပေး ဆိုင်းဘုတ်

အမျိုးသားပြတိုက်

ပြတိုက်ထဲမှာ ( ဒီကယူပါတယ် http://www.nationalmuseum.gov.bt/ )

ပြတိုက်ပေါ်က မြင်ရတဲ့ ပါရို

ပြတိုက်က အပြန် မြင်ခဲ့ရတဲ့ ကျောင်းသူလေးတွေ

ကျောင်းအပြန်

ဘုန်းကြီးကျောင်း

အမျိုးသားပြတိုက် အပေါ်က မြင်ရတဲ့ ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်းအ၀င် က နံရံပန်းချီကား

ဘုန်းကြီးကျောင်းထဲမှာ

ကိုရင်လေးတွေ

အဆောင်လဲ ရောင်းတယ်

ကျောင်းထဲက အကွေ့လေး

ခေါင်းလောင်း လေးတွေ ၊ ထိုးလို့တော့ မရဘူး လှည့်ရတာ

နံရံက သစ်ထွင်း ပန်ချီ

ဘုန်းကြီးကျောင်းကို လာကြတယ်

အထွက်လမ်း ဘေးက နံရံဆေးရေး ပန်းချီ

 

 

 

ဒါက ပါရိုမှာ မြင်ခဲ့ရတာတွေပါ နောက်ပို့စ်ကျမှ သင်ဖူးကိုသွားတုံးက မြင်ခဲ့တာလေးတွေ ပြောပြမယ် ၊ အကြောင်းအရာ အရ က ဘာမှ မရှိပါဘူး ဓါတ်ပုံတွေ များနေလို့ သာ ပို့စ်တွေကို ခွဲလိုက်ရတာပါ ဒါတောင် ဓါတ်ပုံ ၄၀၀ ကျော်ထဲက ၄၀ လောက် ပဲ ကျန်အောင် ဖြုတ်ရတဲ့ အလုပ်က တော်တော်မလွယ်တာပါ နောက်ပို့ဆိုရင်တော့ ပြီးပါပြီ

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ