ဒါ…. ဂီတတဲ့

manawphyulayOctober 21, 20111min1168

တစ်ခါဆီက

ပြာရီဝေဝါး နှင်းညများမှာ

ချစ်ခြင်းသီကုံး

မျက်လုံးများနှင့် ပြုံးခဲ့ကြတယ်

လရိပ်စိုစို ကြယ်ငိုတဲ့ည

ဒါ… ဂီတတဲ့။

ရယ်သံတိုးတိုး အိပ်မက်လှုပ်နှိုးရင်း

အိပ်မက်ထဲမှာ ရောက်ရောက်လာသူ

ရင်ခုန်သံများနှင့်ရင်းနှီး

ပန်းစုံပွင့်တဲ့ ညတစ်ည။

ကြာခဲ့ပေမဲ့ ပြာလဲ့နေဆဲ

နေ့ရက်ဟောင်းတွေ

ဘယ်လောက်ဝေးပစေ မေ့မနေခဲ့

ဘယ်လောက် မုန်းပစေ

ကိုယ်ပြုံးနေခဲ့။

ရက်တွေ လစား နှစ်တွေခြားလည်း

အိပ်မရတဲ့ ညများစွာဝယ်

တလည်လည်နှင့်

အတွေးနယ်ထဲ ဝေခွဲခက်စွာ

ပုံရိပ်ဟောင်းများ

ကယောက်ကယက် မဖျောက်ဖျက်နိုင်

သူမသိအောင်

အပူငွေ့လောင်ကျွမ်း

မျက်ရည်ခန်းလည်း

တစ်ခြမ်းတည်းသော အသည်းလွှာနှင့်

မြဲစွာချစ်မည့် သစ္စာရယ်ပေါ့

တစ်ကိုယ်တည်းသာ တိုးတိတ်ရွတ်ဆို

လမင်းပျိုနှင့် ကြယ်စင်များကို

သက်သေတည်။

မနောဖြူလေး ခံစားသည်

8 comments

  • koyinmaung

    October 21, 2011 at 5:34 pm

    မနောလေးရေ ….
    မနောကဗျာလေးကြောင့်
    ၂၅နှစ်လောက်ပြန်ငယ်သွားသလားအောင်းမေ့ရတယ်…..

  • GreeNSheeP

    October 21, 2011 at 6:50 pm

    မနောဖြူလေး ခံစားသည် ဆိုတော့
    မူရင်း ကဗျာ ရှိဦးမယ်ပေါ့နော်

    • manawphyulay

      October 22, 2011 at 10:37 am

      ဘယ်သူလဲတော့မသိဘူးနော်။ အဖျက်တွေပဲ ကော့မန့်လိုက်ပေးနေတာတွေ့ရတယ်။ ကြိုဆိုပါတယ်ရှင်။

  • ကြောင်ကြီး

    October 22, 2011 at 10:47 am

    လမင်းနဲ့ကြယ်စင်
    ဖယ်ခွင်လို့
    အမှောင်လွှမ်း
    မောင်နမ်းခိုက်
    ရှက်အားပို
    သက်ထားပျို
    ညိုပြာညက်
    ဆိုဒါမက်တော့
    ပိုလာဝက်….။ 😀

    • manawphyulay

      October 22, 2011 at 10:53 am

      တော်သေးတယ် ဆိုဒါရောတော့ အမူးရော့ မဖြစ်သွားလို့။

  • ပေါက်ဖော်

    October 22, 2011 at 11:02 am

    လမင်းတောင် အပျို ဆိုပါရား..
    ဟာရေ့..ဟာရေး.. 😯
    လမင်းနဲ ့ ပင်လယ်ဆိုရင်တော့ ဝိုင်ဝိုင်း ဖစ်တွားမယ်
    လမင်းနဲ ့ ကြယ်စင်ဆိုရင်တော့ မောင်ပေသွားနေကြ ကေတီဗွီမှာ ရှိဒယ်.. 😳
    ခံစားသွားတယ်နော့်..
    ကန်တော့ဆွမ်းတော့ မလုပ်ကြေး..
    😆

  • blackchaw

    October 22, 2011 at 3:44 pm

    ကဗျာဆရာမ မနောဖြူလေး ဖြစ်သွားခြင်း။

  • snow white

    March 13, 2012 at 2:42 pm

    မမမနော ရေးသားချက်ကဗျာလေးတွေကောင်းပါတယ်

Leave a Reply