ကျောင်းသားဘဝ၏ ..ပထမနေ့။။။။
““ကျောင်းသွားခြင်း””
ဒီစာလေးကတော့ မန်းဂေးဇက်က ဆရာမကြီး TTNU ရဲ့ Best Teacher ကိုဖတ်မိပြီး ပြန်လည်အမှတ်ရ ရေးသားမိခြင်းပဲ ဖြစ်ပါသည်။ အောက်ပါအဖြစ်အပျက်များဖြင့် ဆရာဆရာမများအားသတိတရ ဂါရဝ ဖြင့် ရေးသားအပ်ပါကြောင်း။
ကျုပ်က ဒီကျောင်းကြီးမှာ သူငယ်တန်းဟေ့ ဆိုထဲက တက်လာခဲ့ရတာပါပဲ ကျောင်းကတော့ လှိုင်တက္ကသိုလ် နယ်မြေထဲက
အ.လ.က.(၃) ကျောင်းပါပဲ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ အလွန်စည်းကမ်းကြီးသော ကျောင်အုပ်ကြီးဦးသိန်းလွင်ဟု
ထင်ပါသည်။ ယခုတော့ ထိုကျောင်းကြီးကား အ.ထ.က အဆင့်သို့ပင် လွန်ခဲ့သော ဆယ်နှစ်ခန့် က အဆင့်တိုးမြှင့် ပြီးဖြစ်
နေလေပြီ ..။။။။
ကျုပ်သူငယ်တန်းစတက်တဲ့နှစ ်ကျောင်းစသွားရတဲ့ရက်ပေါ့ မနက်ထဲကအမေလုပ်သူကနိူးသည် မထချင်ကျောင်းသွားရမည်
ကိုသိနေသည် ကျောင်းဆိုတာ ဘယ်လိုကြီးလဲ ဆရာမဆိုတာတွေကရော ဘာလုပ်မှာလဲ အရင်က မနက်ဆို မျက်နှာသစ်
အမေကြွေးတဲ့ ထမင်းကြော်စားပြီး ရပ်ကွက်ထဲ စည်ပိုင်းအပြတ်နှုတ်ခမ်းသံဂွေကြီးလှိမ့် ပြီး ရွာရိုးကိုးပေါက် လိုက်ဆော့
တော့တာပဲဗျ နေ့လယ်ဆို ဂွတစ်လက်နဲ့ငှက်လျှောက်ပစ် ဒါမှမဟုတ် အရုပ်ကလေးတွေ ထောင်ပြီးပစ်တာကလား ဒါမှမ
ဟုတ် ဂျင်ပေါက်တမ်းဆော့နေတော့တာပဲ ဂျင်ပေါက်တာကို ဘယ်ထိဝါသနာပါလဲဆိုရင် ညနေမိုးချုပ်တာတောင် မပြန်ပဲ
အမှောင်ကြီးထဲ ပေါက်နေကြတာကလား …အခုတော့ မဟုတ်
““ဟဲ့ သားသနပ်ခါးလူးမယ်””
““မလူးဘူးဗျာ အမေ တားတားမတွားချင်ဘူးဂျ””
အမေလုပ်သူက ချော့မော့ ဖျောင်းဖျ ရှာပါတယ် သားကို ကျောင်းရောက်ရေး သူငယ်တန်း စတက်တဲ့ ရက်မှာ ဒုက္ခများရတဲ့
အမေတွေရဲ့အဖြစ်ပါ။။
““လာပါသားရယ် သားလေးပညာတွေတတ်မှ ပန်ကာကြီးအောက် မှာ ပညာတတ်ကြီးလိုအလုပ်လုပ်ရမှာ သားရဲ့””
““အီး ..သားအလုပ်မလုပ်ဘူး သံဂွေ ပဲလှိမ့်မယ်ဂျာ အီးတွားဘူးဂျာ”””
““အေးအေး ..ဂွေပဲလှိမ့် အခုတော့ ကျောင်းသွားမယ် ကျောင်းပြန်လာရင်ဆော့နော် မေမေသားဂွေလေးသိမ်းထားပေးမယ်””
““အီး..မတွားဘူးဗျ””
““အေး..သားနော် ကျောင်းမသွားရင်မင်းဖေဖေပြန်လာရင် ရိုက်လိမ့်မယ်””
အဖေ့ကိုတော့ ကြောက်သည် တော်ကြာရိုက်နေမှ ပြသနာ ဤသိုဖြင့် အမေလူးပေးသော သနပ်ခါးပျက်သည်အထိ မျက်ရည် အသွယ်သွယ် ကျကာ ကျောင်းသို့ သွားရာလမ်းတစ်လျှောက် တအီအီ ငိုရင်းကျောင်းသွားလေသည် အမေလုပ်သူက လက်ကိုဆွဲ၏ လွယ်အိတ်ကိုပါ ကူလွယ်၏ ကျုပ်က ငိုရင်းလိုက်၏ လမ်းတလျှောက် လွမ်းချင်းချ၏…။။
““အမေ့ သားအရုပ်ကားလေးတွေ ညီလေးကိုယူမဆော့ စေနဲ့နော်””
““အေးပါသားရယ် အမေ သိမ်းထားပေးပါမယ် သားညီလေးယူမဆော့စေရဘူး စိတ်ချ””
သို့ကလို အဖြေကြောင့် အတန်ငယ်စိတ်အေးရ၏ ကျုပ်က အိမ်မှာကျန်ခဲ့တဲ့ အရုပ်ကလေးတွေကိုမခွဲနိုင် အမြဲလိုက်လှိမ့်
နေသောသံဂွေလေးကိုသတိရသည် ဂျပန်ဖိနပ်နဲ့လုပ်ထားသောဘီးတပ် ဝါးရိုးနှီးကားလေး ကိုသတိရသည် အမြဲပေါက်
နေကြ ဂျင်လေးကိုတော့ သေသေချာချာ ညထဲက သိမ်းထားခဲ့သည် သားရေကွင်း အတွဲကြီးတွေတော့ ညီလေးမမှီနိုင်
သည့် အမြင့်က သံချိတ်မှာ ချိတ်ထားခဲ့သည် သိပ်တော့စိတ်မချရ ဒီကောင်က အကုန်ယူဖျက်ဆီးတတ်သည်။။
ကျောင်းသို့ရောက်လေ၏ ကျုပ်လိုပဲ အမေတွေလိုက်ပို့ ကြသော သူငယ်တန်းကျောင်းသားတွေ အမျာလားဗျ ကျောင်းဝင်း
ကြီးကအကျယ်ကြီး ကျောင်းမတက်သေးသဖြင့် ကျောင်းဝင်းထဲက ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှာ သားအမိနှစ်ယောက်
ထိုင်ကာစောင့်၏ ကျန်သူငယ်တန်းတက်မည့် ကျောင်းသားများလဲငိုသည် တစ်ချို့နှပ်ခြေးထွက်၏ တစ်ချို့ကားမြေပေါ်တွင် လူးလှိမ့်ငို၏ တစ်ချို့ကား ကြိတ်ခါငို၏ လူးလာသော သနပ်ခါးအကုန်ပျက်လေ၏ တစ်ချို့ အမေများကား ရိုက်လေ၏ တစ်ချို့အမေများက ကျောင်းကဆရာမကြိမ်လုံးနှင့်ရိုက်မည်ဟု ပြောကာခြိမ်းခြောက်ကြ၏ ကျုပ်လဲ အဖော်တွေ့လေပြီ အခြားမဟုတ် ငိုဖော်ငိုဖက်များတွေ့လေသော် ကျုပ်လဲ စောစောကရပ်ထားသော လွမ်းခြင်းအား ဆက်၏..
““အမေ အိမ်ပဲပြန်မယ် ဗျာ…အိမ်ပြန်မယ် ..အီးအီး””
အဖော်တွေ့တုန်း ငိုလေတော့သည် အိမ်က သနပ်ခါး အကုန်ပျက်လေ၏ တစ်ချို့အတန်းကြီးများက ကြည့်သွားကာ ပြုံး၏
တစ်ချို့ ကျွန်ုပ်အားပါးဆွဲလိမ်သွားကြ၏ တစ်ချို့က စ ၏ ထိုအခါကျွန်ုပ် လဲရှက်သဖြင့် ဆဲ လေ၏ ထိုအခါ မွေးသမိခင်၏
မာန်မဲခြင်းခံရလေ၏
““သားခဏ နေအုန်း ဒီနားမှာပဲထိုင်နေနော် ဘယ်မှမသွားနဲ့ အမေ မုန့်ဝယ်ကြွေးမယ် ””
မုန့်ကြွေးမယ်ဆိုသဖြင့် အားတက်မိ၏ အမေလုပ်သူကား ထိုစဉ်က ကျောင်းဈေးတွင်ရောင်းသော အသုပ်စုံဆိုလျှင် (၁၅)
ပြားဘိုးဆိုပါက အတော်ကောင်းကောင်းရနိုင်သော်လဲ ကျွန်ုပ်အား (၁)ကျပ်ဘိုးတိတိ ဝယ်ကြွေး၏ အစား စားနေရသဖြင့်
ငိုချင်အား ခဏရပ်၏(ထိုစဉ်က အသုတ်စုံ (၁)ကျပ်ဘိုးဝယ်ကြွေးခဲ့သော မွေးသမိခင်၏ ပုံရိပ်အားမြင်ယောင်ရင်း ကွယ်လွန်ပြီးသောမိခင်အားကန်တော့ မိပါသည် )။။။
မုန့်စားနေစဉ် ကလိုင်ခေါက်သံကြားသော် ငရဲပွက်လေတော့သည် မိခင်များက သူ့သားသမီးကိုယ့်သားသမီး အသီးသီး
လက်ဆွဲကာအတန်းတွင်းသို့ဝင်လေသော် တစ်ချို့ကလေးကနောက်ကြောင်းပြန်ပြေး၏ တစ်ချို့ကားမြေတွင် ဒရွတ်တိုက် လိုက်ခါငို၏ တစ်ချို့ကားဆွဲမနိုင်လွဲမနိုင် မြေတွင်လူးကာ ငိုကြသည် မိန်းခလေးများကား ရှုံမဲ့ ရှုံမဲဖြင့် ဂါဝန်အနားစမှာ
မျက်ရည် နှပ်တို့အားသုတ်လေတော့၏ ဤသည်ကား ခလေး ကမ္ဘာပျက်သည်နှင့်တူလေတော့သည် ထိုအချိန်တွင် ကျောင်း
ဆရာမ ဖြစ်ဟန်တူသူ အဒေါ်ကြီးမှ ကြိမ်လုံး တရမ်းရမ်းဖြင့် ခလေးကမ္ဘာပျက်ရာသို့ လာရောက်ခါ အသံကျယ်ကျယ်ဖြင့်
““ကဲ…..ကျောင်းသားမိဘတွေအကုန်ပြန်ပါ..ကျောင်သားတွေ အကုန်အတန်းထဲ ဝင်မယ်..မျက်ရည် ထွက်တဲ့သူ ကြိမ်လုံး
ကိုကြည်ထား””
ပြောလဲပြော ကျောင် နံရံအား ကြိမ်ဖြင့် တဖျန်းဖျန်းရိုက်လေသော် ခလေးအားလုံးအသံတိတ်လေသည် အရိုက်ခံရမည်
မကြောက်သော အာဂ မိန်းခလေးတစ်ဦးနှစ်ဦးသာ မလျှော့ သောဇွဲဖြင့်အော်၏ ကျွန်နုပ်လဲ မိခင်အားလှည့်ကြည့်လှည်
ကြည့်ဖြင့်လွယ်အိတ် ဒရွတ်တိုက်ဆွဲကာ မိခင်၏လက်အားမြဲမြဲဆုတ်ကိုင်ထား၏ အမေမှ..
““သား သွားသွားဆရာမရိုက်တော့မယ် ကျောင်းခန်းထဲဝင်တော့ ””
““အီး..အမေ မပြန်နဲ့နော် သားကိုစောင့်နေ..နော်””
““အေးအေး အမေအပြင်ကစောင့်နေမယ် နော် သား သွားတော့ စိတ်ချအမေ အပြင်မှာရှိတယ်””
ကျုပ်လဲ သို့ကြောင့် အတန်ငယ်စိတ်ချလေသော် လက်လွှတ်ကာအတန်းသို့ ဝင်လေသည် အတန်းသို့ရောက်သော် ဆရာမမှ
ကြိမ်လုံး တဖျန်းဖျန်းရိုက်ခါ မျက်ရည်တွေ သုတ် ငိုနေတာမမြင်ချင်ဘူး အခုနေရာချမယ် ဆရာမပြောတဲ့နေရာမှာထိုင်ကြ ဟု
ဆိုလေသဖြင့် ကြိမ်လုံးကိုင်ထားသော အဒေါ်ကြီး နေရာပေးရာတွင် ဝင်ထိုင်ရလေသည် ကျုပ်က အရိုက်ခံရမှာတော့ကြောက်
သည် သို့သော်ငြား တစ်ချက်တစ်ချက် မိခင်ရှိရာကျောင်းပြင်သို့ကြည့် ၏ ထိုအချိန်ထိအမေမပြန်သေး..စိတ်တော့မချပါ ဒီ
အဒေါ်ကြီးရိုက်လျှင် အမေထံပြေးရန် ကြံစီထား၏…
အတန်းနေရာကျသော် နာမည်ခေါ်လျှင် “ရှိပါတယ်” ဟု ပြန်ထူးရန် ပြောသဖြင့် ကြောက်ကြောက်နှင် ကျွန်တော့ အမည်
အား အလှည်ကျခေါ်လေသော် “ရှိပါတယ်ခင်ဗျ” ဟု ငိုသံပါဖြင့် ထူးရလေသည် ..။။
““ကဲ..ကဲ…ကျောက်သင်ပုန်းနဲ့ကျောက်တံထုတ် ဝ လုံးလေးတွေရေးရအောင် ဆရာမ အရင်ရေးပြမယ် ””
ဟုဆိုသဖြင် ဝလုံးရေးလေး၏ သည်ဟာတော့ဖြင့် ကျုပ်က ရပြီးသားပါ အမေက အိမ်တွင် ညပိုင်းကျောက်သင်ပုန်းတွင်ရေး
ခိုင်းနေကျ ဒီလိုရေးလို့ ကျောက်သင်ပုန်းအပြည့် ဝ လုံးရေးပြီးသော် အညာမှအမျိုးများပေးထားသော ဇီးယိုနှင့် ထန်းလျှက်
ကြွေးလေသည်..ဒီဟာစားခြင်လို့ ရေးခြင်းသာဖြစ်၏ ရေးခြင်၍က မဟုတ်ခြေ..ဝလုံးရေးရင် အနောက်လှည့်ကာ ကျောင်းပြင်
ရှိ မိခင်အားရှာ၏ ရှိသေး၏ ကျောက်သင်ပုန်းတစ်ဝက်ခန့် ဝလုံး ပြီးလေသော်လှည်ကြည့်လေသော် ကျုပ်အမေ မရှိတော့ ထိုင်ရာမှ ထကာရှာ၏ မတွေ့ ခုံပေါ်သို့ မတ်တပ်တက်ရပ်ကာရှာ၏မတွေ့ အတန်ငယ်ဝမ်းနည်းလေသော် မျက်ရည်ထွက်၏
ကြိမ်လုံးကိုင် အဒေါ်ကြီးမှ ““ဟိုကျောင်းသား ပြန်ထိုင်စမ်း””ဟုဆိုလေသော် ဝမ်းနည်းခြင်းသည် အထွဋ် အထိပ်သို့ ရောက်
လေ၏ အီးခနဲငိုချလိုက်လေတော့ သည် ကျွန်ုပ် ငိုသည်ကိုမြင်သော် အခန်းတွင်းကလေးများလဲ ကျောင်းပြင်သို့ ကြည့်
ကြရာ မိခင်မရှိတော့သော ခလေးအားလုံးပြိုင်တူငိုကြလေတော့သည်..။။။။။
ကြိမ်လုံးကိုင် အဒေါ်ကြီးလဲ ခုံပေါ်သို့ တဖျန်းဖျန်းမည်အောင် ကြိမ်ဖြင့်ရိုက်လေသော် အငိုတိတ်ခြင်းသို့ ရောက်၍ ဝ လုံး
ရေးခြင်းအမှုအားဆက်လက် အားထုတ်ကြရ၏ ဝ လုံးရေးနေသော်လည်းကြိတ်၍ရှိုက်၏ အတန်ဝမ်းနည်း၏ သေသေချာချာ
မှာထားရက်ဖြင့် စောင့်မနေသောမိခင်အား စိတ်ဆိုး၏ ဤသို့ဖြင့် မုန့်စားဆင်ရန်ဟူ သော ခေါင်းလောင်းသံကြားလေသော်
ကျွန်ုပ်လဲ လွယ်အိတ်ကိုလွယ်၏ ကျောင်း၏ မုန်းရောင်းတန်း ဖက်သို့ လူအများသွားကြသည်ကိုမြင်သော် ယောင်လည်လည်ဖြင့်လိုက်၏ မုန့်တန်းအနောက်ဖက် လူရှင်းရာသို့ ရောက်လေသော် ကျောင်းဝန်း သံဆူးကြိုးအပေါက်
ကြားမှ ခွေးတကောင်ကဲ့သို တိုးထွက် ကာ ကျောင်းဝန်းအပြင်သို့ထွက်လေ၏ အပြင်သို့ရောက်သော် ဖိနပ်နှစ်ဖက်အား
ချွတ်ခါ အိမ်ရှိရာသို ခြေကုန်သုတ်လေတော့သည်..။။။။။
ဤကားကျွန်ုပ်မောင်ဘီလူး၏ ကျောင်းသားဘဝ ပတမနေ့ ၏ အစပင်ဖြစ်လေတော့သည်။။။။
နောင် နှစ်ရက်ခန့်ကြာမှ ကြိမ်လုံးကိုင်အဒေါ်ကြီးသည်ကား အတန်းပညာ၏ လက်ဦးဆရာဖြစ်မည် ့အနန္တဂိုဏ်းဝင်ကျေးဇူး
ရှင် အတန်းပိုင်ဆရာမဟုသိရလေသည်တစ်ကား…..။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
11 comments
ပေါက်ဖော်
October 21, 2011 at 6:11 pm
ကိုဘဲလူး တော်တော်ရေးနိုင်တာပဲ
ကျနော်တို ့ငယ်ငယ်တုန်းက ကစားခဲ့ရတဲ့..ကစားစရာတွေ….အကုန်ပါတယ်..
ဂေါ်လီရိုက်တယ်..ဂွေလှိမ့်တယ်..ကျောက်ဒိုးရိုက်တယ်..သားရေကွင်း ပစ်တယ်
ရမ်ဘို ရုပ်လေးတွေထောင်ပစ်တယ်…ဟီး.ဟီး..
ကျောင်းစတက်တော့..ငိုတော့မငိုဘူး. နဲနဲကြောက်တယ်..
ကုလားမကြီးတွေသူတို ့ခလေး လာပို ့တာ..
စာလီကြီးတွေနဲ ့.သူတို ့ကြည့်ပြီး အထူးအဆန်းဖြစ်ပြီး လန် ့နေတာ 😯
windtalker
October 21, 2011 at 6:22 pm
ကိုဘီလူး ကြီး ပူတူတူး တုန်းက ကျောင်းသွားခဲ့တာကိုတော့ သိရပြီ ။
ကိုဘီလူး ရဲ ့ကလေး ကို ပထမဆုံးကျောင်းလိုက်ပို ့တဲ့ အတွေ ့အကြုံလေးပါ ရေးပြပါဦးဗျို ့
naywoonni
October 21, 2011 at 7:49 pm
ကိုဘဲလူး တော်တော်ရေးနိုင်တာပဲ
ကျနော်တို ့ငယ်ငယ်တုန်းက ကစားခဲ့ရတဲ့..ကစားစရာတွေ….အကုန်ပါတယ်..
ဂေါ်လီရိုက်တယ်..ဂွေလှိမ့်တယ်..ကျောက်ဒိုးရိုက်တယ်..သားရေကွင်း ပစ်တယ်
ရမ်ဘို ရုပ်လေးတွေထောင်ပစ်တယ်…ဟီး.ဟီး..)))
ဟုတ်တယ် ကိုပေါက်ဖော်ရေ….။ ခု ကလေးတွေနဲ့တော့ ကစားစရာချင်းမတူတော့ဘူးနော်…။ ကိုဘီလူးတို့ဆီ ကော်နတ်ရှင် သဘောကောင်းနေပုံပဲ…။ ကျွန်တော် ပို့စ်တင်နေတာ 3နာရီခွဲလောက်ရှိပြီ ခုထိ တက်မလာသေးဘူးဗျ…။
blackchaw
October 21, 2011 at 10:56 pm
ဘီလူးကြီးရေ။
ကိုပေပြောသလို ဘီလူးကြီးသားကို
ကျောင်းလိုက်ပို့တဲ့ အတွေ့အကြုံလေး လုပ်ပါဦးဗျ။
မိန်းမရလို့ သားသမီးရှိခဲ့ရင်ပေါ့ဗျာ။ နော။
TTNU
October 22, 2011 at 12:50 am
ထိုစဉ်က အသုတ်စုံ (၁)ကျပ်ဘိုးဝယ်ကြွေးခဲ့သော မွေးသမိခင်၏ ပုံရိပ်အားမြင်ယောင်ရင်း ကွယ်လွန်ပြီးသောမိခင်အားကန်တော့ မိပါသည်။
ဒီပုံရိပ် အခုထိ ကိုရင့် စိတ်ထဲရှိနေသေးတာ တော်လိုက်တာ။
ကြိမ်လုံးကိုင်အဒေါ်ကြီး လို့ ကိုရင့် အတန်းပိုင်ဆရာမ ကို တင်စားထားပုံလေးက
နှစ်လိုဖွယ်ကောင်းလှတယ်။
ဒီစာလေးကတော့ မန်းဂေးဇက်က ဆရာမကြီး TTNU ရဲ့ Best Teacher ကိုဖတ်မိပြီး ပြန်လည်အမှတ်ရ ရေးသားမိခြင်းပဲ ။ လို့ ဖော်ပြထားခြင်းကလည်း ကျုပ် ရေးရတာ အားတွေ
တက်စေပါတယ်။
ကိုရင်ရေးတာ ဆွဲဆောင်မှုရှိတယ်။ သူငယ်တန်းကလေးတစ်ယောက်ရဲ ့ ခံစားမှုကို
သိသိသာသာမြင်ရတယ်။
(ငိုဖော်ငိုဖက်များတွေ့လေသော် ကျုပ်လဲ စောစောကရပ်ထားသော လွမ်းခြင်းအား ဆက်၏..
““အမေ အိမ်ပဲပြန်မယ် ဗျာ…အိမ်ပြန်မယ် ..အီးအီး”) ဒီနေရာရေးထားတာ ထိမိတယ်။
ဆက်ရေးပါဦး။ ဖတ်ပေးရန် တာဝန်ယူပါတယ်။
ကြောင်ကြီး
October 22, 2011 at 10:38 am
ဘီလူးကမှ ငိုဖော်ငိုဖက် ရှိပါသေးတယ်ဗျာ။ ကျုပ်တုန်းက ကျောင်းအပ်နောက်ကျလို့ တယောက်ထဲ မျက်နှာငယ်လေးနဲ့ အသားကျနေသူ အတန်းဖော်တွေကြားထဲမှာ.. 🙁 ။ အမေပေးခဲ့တဲ့ မုန့်ဖိုး ကျပ်စေ့ကို စိတ်ဆိုးဆိုးနဲ့ လွှတ်ပစ်လိုက်မိလို့ ပထမဆုံးနေမှာ နေ့လည်စာ ငတ်ခဲ့ရတယ်။ 😥
etone
October 22, 2011 at 10:53 am
အဟီး … ကိုဘီလူးရဲ့ ပို့စ်ကို ဖတ်ပြီး ..ကျွန်မငယ်ငယ်က ဘဝကို သတိရတယ် … ။
ကျွန်မလည်း ကျောင်းပျင်းတယ် … ဗိုလ်ကျမျောက်ရှုံးအောင် ဆော့လို့ ရတဲ့ အိမ်မှာနေတဲ့ဘဝကိုပဲ တောင့်တယ် …။ ကျွန်မဆို နေ့စဉ်နေ့တိုင်း … ကျောင်းသွားခါနီး ဗျောတီးခံခဲ့ရတာ … ဖားသားကြီးက တခြားဟာသာ အလိုလိုက်တာ … ကျောင်းသွားတာနဲ့ ပတ်သတ်လျှင် လုံးဝအလိုမလိုက်ဘူး … ဂုတ်ကဆွဲပြီး စာသင်ခန်းထဲထိလိုက်ထည့်ခဲ့တာ … နေ့တိုင်း ငိုလွန်းလို့ … အခန်းသားတွေနဲ့ ဆရာမတွေတောင် မှတ်မိနေခဲ့တယ်လေ … ဖားသားကြီးပြန်ပြီဆို .. ပုဆိုးကြီးကိုဆွဲထားလိုဆွဲထား ၊ ခြေသလုံးဖတ်ပြီး ကပ်လျှင်ကပ်နေသလို ..တခါတလေ .. ဒရွတ်တိုက်ကြီးပြန်လိုက်ချင်လို့ လုပ်နေခဲ့ရတာနဲ့ ..ကျောင်းတက်ခဲ့စဉ်တုန်းက လှလှပပ သပ်သပ်ရပ်ရပ်တခါမှ မရှိခဲ့ဖူးဘူး … ။လိမ်းပေးထားတဲ့ သနပ်ခါးပျက်အောင်ကို နှပ်တွေထွက်ပြီး ငိုပစ်တာ … အမေဆို ကျောင်းလိုက်မပို့ဘူး …ဆရာမသမီးကျောင်းပျင်းတာ ရှက်လို့တဲ့ …. ။ ကျောင်းသွားရမယ့် မနက်တိုင်းဟာ ..ငရဲသွားရသလို ခံစားဖူးတယ် … ။ အသက်ကြီးတဲ့အထိပဲ
နွယ်ပင်
October 22, 2011 at 11:05 am
ကိုဘီလူးကြီး ရေးထားတာ ပီပြင်လွန်းလို့ ရုပ်ရှင်တစ်ကားထိုင်ကြည့်နေသလိုတောင်ထင်မိတယ် 🙂
နွယ်ပင်ငယ်ငယ် ကျောင်းတက်တုန်းကတော့ မငိုဘူး ဘာလို့လဲ ဆိုတော့ ကျောင်းတစ်ကျောင်းထဲမှာ
အစ်မနဲ့တူတူတက်ရလို့လေ ဒါပေမယ့် အိမ်သာသွားမယ်ဆိုပြီးတော့ အစ်မအခန်းရှိရာကိုတော့ တစ်နေ့ကို
အနည်းဆုံး (3) ခေါက်လောက် သွားကြည့်ခဲ့တယ် အတန်းထဲမှာ အစ်မထိုင်နေတာမြင်ရင် ဒီအတိုင်းပြန်လာတက်ပြီး အစ်မများမရှိလို့ကတော့ ပြာသလူးခတ်အောင်ကို ရှာတော့တာပဲ
အစ်မအတန်းထဲကသူတွေကတော့ နွယ်ပင်က အစ်မကို အရမ်းချစ်တဲ့ ညီမလို့ ထင်နေတာပေါ့
အမှန်ကတော့ အိမ်မှာဆိုရင် အစ်မကိုရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး ဒါပေမယ့် ကျောင်းရောက်ရင်တော့ အားကိုးရာအဖြစ်အစ်မကို သဘောထားပြီး အပျောက်ကိုမခံတော့ဘူး
ဘီလူးလေး
October 22, 2011 at 1:23 pm
အစ်ကိုဘီလူးရဲ ကျောင်းသွားခြင်းကို ဖတ်ရတာ အိမ်က မေမေကို သတိယတယ်ဗျာ
ကျွန်တော်စတက်ရတာ ဘုန်ကြီးကျောင်းဆိုတော့ ရွာဦးကျောင်းဆရာတော်ကြီးကို သတိယတယ်
ကျွန်တော်တို့ရွာဦးကျောင်းဆရာတော်ကြီးကို ကျွန်တော်တင်မဟုတ်ဘူး အဘိုးတွေအဖွားတွေပါကြောက်ကြတယ်ဗျ
နောက်မှ အစ်ကိုကြီးလိုရေးပြီးpost တင်ရအုံးမယ်
“ဘီလူးကြီး”ogre
October 22, 2011 at 1:54 pm
ကြိုဆိုပါတယ် ရေးပါဗျာ
စာကောင်းပေကောင်းလေးတွေဆိုရင်ဖြင့်
ဖတ်ချင်လှချည်ရဲ့ဗျာ…
ကျုပ်တို့မျိုးနွယ်တူ တစ်ယောက်တိုးလို့ အားတက်မိပါကြောင်း..။။။
ပေါက်ဖော်
October 22, 2011 at 5:24 pm
မကြာခင် “ဘီလူးလတ်” ပေါ်လာတော့မယ်ထင်တယ်..အာဟိ..
🙄