အဲ တတိယ ဇာတ်ကောင်က နှစ်ယောက် …..။ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်…။ တစ်ယောက်က မိန်းကလေး…။ သုံးတန်း..။ တစ်ယောက်ယောက်ျားလေး….။ သူက ငါးတန်း…။ မနက်ဆို .. …..အမဖြစ်တဲ့သူ စီစဉ်ပေးတာစား………။ ပြီးရင် မိဘတွေ ထားခဲ့ မုန့်ဘိုးကိုယူ………..။ ကျောင်းသွား…။ ထမင်းစားချိန်ပြန်လာ….။ နေ့လည်ကျောင်းဆက်တက်……..။ ညနေပြန်လာ…….။ အမှန်တစ်ကယ် ကျောင်းသွားသလားမသွားဘူးလား …ဘယ်သူကမှ ဂရုတစ်စိုက် စစ်ဆေးမနေဘူး…။ အရေးတစ်ယူလည်း အမေးမခံရဘူး…။ ဒီနေ့ဘာသင်လိုက်သလဲ… ။ဘယ်နေ့စာမေးပွဲ ၇ှိတယ်…။မေးလိမ့်မယ် မထင်နဲ့…။ ဘယ်သူကမှ မမေးဘူး…။ ယုတ်စွ အဆုံး ကျောင်းပိတ်ရက်လားကျောင်းဖွင့်ရက်လား ဆိုတာတောင် ဂရုတစ်စိုက်မရှိဘူး…။ သူတို့ အိမ်မှာမရှိတဲ့ရက် ဟာကျောင်းဖွင့်ရက်ပဲ…။ အိမ်မှာ ဆော့နေပြီ ဆိုရင် ကျောင်းပိတ်လို့ပဲ…။ စာကျက်ဖို့လည်း ဘယ်သူကမှ သတိပေးမနေဘူး…..။ ကိုယ့်အလုပ်ကိုယ်သိတဲ့…။ စာကျက်ချင်ရင် ကျက် မကျက်ချင်ရင် အိပ်…။ မဆူနဲ့ ဆိုတဲ့ အထဲကပဲ…။ အဲ…. အမိန့်ကတော့ တစ်ခွန်းထဲပဲ…။ စာမေးပွဲ ကျတဲ့ သူကျောင်းဆက်မထားဘူး…။ ဒါပဲ….။
နိုင်ငံခြားရောက်နေတဲ့ ကောင်တွေက တော့ ပြောစရာသိပ်မရှိပါဘူး…..။ ဘိုးဘွားတွေက ပို့ပေးတယ်…။ သူတို့ဆီကို ပိုက်ဆံပြန်ပို့ပေးတယ်……။ ဒါပဲ….။ အရက်သမားက 28-29 လောက်ရှိပြီ…။ နိုင်ငံခြားရောက်နေတဲ့နှစ်ယောက်က သူ့အောက်က….။ အဲဒိထက်အငယ်က မြို့ထဲမှာ နှစ်လုံး သုံးလုံး ကော်မရှင်ရောင်းတယ်…။ ရသမျှ အိမ်ပြန်ပေးတယ်….။ မိန်းကလေးပဲ…။ အသက်က 20 လောက်….။ အဲဒိကောင်မလေးရဲ့ အောက်က ကောင်မလေးတစ်ယောက်ရှိသေးတယ်….။ ဈေးထဲက ဆိုင်မှာ နေ့စားလုပ်တယ်…။ သူကလည်း ရသမျှ ပြန်ပေးတာပဲ…။ အိမ်ရှင်လင်မယားအကြောင်းပဲ ပြောစရာကျန်တော့တယ်…။ သူတို့မိဘတွေ ကောပေါ့………..။ အဲဒိလင်မယားက ဈေးနားလေးမှာနေရာလေးတစ်ခုယူပြီး မိုးကာတွေ ဘာတွေ ချုပ်တယ်….။ မိးခြစ်ဂစ်စ်ထည့်တာတို့ဘာတို့…….။ နေရာလေးရသလောက်နဲ့ အကုန်လုပ်တယ်…။ ဓါတ်မီးပြင်မလား ထီးချုပ်မလား ရသေးတယ်…။ အဲဒိက၀င်ငွေနဲ့ တစ်ခါတစ်လေကျ မလောက်ငှချင်ဘူး…။ အဲဒိတော့ မြေကွက်လပ်ကို အလွတ်မထားချင်ဘူး……။ မြို့ထဲက ကျူရှင်တစ်ခုကို ငှားလိုက်တယ်…။ အဆောက်အဦးကို ကိုယ့်ဖာသာကိုဆောက်ပြီးသင်ပေါ့…။ နှစ်နှစ်ဆယ်ပြည့်ရင် ထားခဲ့ရမယ်…။ အဲဒိကျူရှင် ကလည်း သင်တဲ့ ဆရာက သူ့အိမ်မှာ လူရှုပ် အမှိုက်ရှုပ်လို့ စိတ်ညစ်နေတာ…။ ငွေကြေးလည်း နဲနဲတတ်နိုင်တော့ သူ့ဖာသာသူလာဆောက်တယ်…။ မီတာတပ်တယ်…။ မီးကို သူတို့ အိမ်ဖက် အစက သွယ်ခွင့်မပေးဘူး…။ အရက်သမားနဲ့ ပြဿနာ ဖြစ်ပြီးတော့မှ ကိုယ့်ကြိုးနဲ့ကိုယ် ဆွဲသုံး ည ကိုးနာရီအထိပဲ သုံးခွင့်ပေးမယ်..။ မီတာက သူတပ်ထားတာကိုး…။ မီတာခကိုလည်း ကျူရှင်သင်တဲ့ ကျောင်းဆရာကပဲ ပေးရတယ်…။ အဲဒိတော့ စောစောက ပြောသလိုပဲ…။ မီးအချိန်နဲ့ ထွန်းရတာ ဘာကြောင့်ဆိုတာ ရှင်းသွားပြီနော်…။ အဲဒါကို အရက်သမားက မကျေနပ်ဖူး…။ ညဘယ်အချိန် ထိပဲ ၀င်ရမယ် ဘာညာပေါ့…….။ အဲဒါနဲ့ အရက်သမားအခန်းကို မီးတစ်ည လုံး ထွန်းခွင့်ပေးပြီး လျော့ထားရတာ…။ နောက် အငှား ကိစ္စ တစ်ခုက လမ်းပေးထားတာပါ…..။ သူတို့ အိမ်ရဲ့ ဘေးအိမ်က ဂိုဒေါင်တစ်ခုရှိတယ်…။ ကားလမ်းပေါ်ကနေ အဲဒိဂို ဒေါင်ကို သွားတဲ့ လမ်းက လမ်းကူး တံတားကျိုးသွားလို့….။ ဒါရိုက်မရောက်တော့ဘူး…။ အဲဒိတော့ အိမ်ထဲကနေ ဖြတ်သွား ဖို့ လမ်းတောင်းတော့ တစ်လကို ဘယ်လောက်ဘယ်ရွေ့ နဲ့ လမ်းအသုံးပြုခွင့် ပေးထားပြန်ရော…….။ အဲဒိလိုနဲ့ ညနေဘက် ခူးပြီး ချိုးပြီးရောင်းနေရတဲ့ ပန်းပင်လေးတွေ ပါသွားပြန်ရော…….။ စားပင် တွေလည်း ခုတ်ပေးလိုက်ရတယ်… ။ခုတစ်လော နှစ်လုံး သုံးလုံးရောင်းတဲ့ ကောင်မလေးက ၀င်ငွေ မရှိပြန်ဘူး…။ အဲဒိတော့ သူတို့ ခြံထဲမှာ ဂိုဒေါင် တစ်လုံး ဆောက်ဖို့ မြေငှားလိုက်ဖို့ သဘောတူလိုက်ရပြန်တယ်….။ အစက မြေကို ပိုင်းရောင်ဖို့ပါ…။ လူကြီးတွေက သဘောမတူဘူး..။ အရက်သမားက ကန့်ကွက်တယ်…။ ဒါနဲ့ ငှားလိုက်ရတာ…။ အဲဒါကို တောင် အရက်သမားက မကြည်ချင်ဘူး…။
“ ကိုယ့်ခြံထဲမှာကို လွတ်လွတ်လပ်လပ် မနေရတော့ဘူးလား ? ညရှစ်နာရီကျော်ရင်တော့ ဘယ်သူ့မှပေး မ၀င်ဘူး”
ဆိုပြီးတင်းခံနေတယ်…။ တစ်ကယ်တော့ သူပြောတဲ့ အချိန်ကျော်ပြီးလာရင် သူ့ဖို့ အရက်ပါရင် အဆင်ပြေမှာပါ…။ အဓိက ပြောချင်တာက အဲဒိအကြောင်းမဟုတ်ဘူး…။ အိမ်အကြောင်း…။
အိမ်က ဆောက်ထားတာ ခြောက်နှစ်လောက်ပဲ ရှိဦးမှာပါ…..။ တိုင်တွေ သေချာ မတူးလို့ လေပြင်းပြင်းတိုက်ရင် အိမ်ပေါ်မှာ ပုခက်လွဲ သလိုဖြစ်နေတယ်…။ တစ်ည လေ ကြီး မိုးကြီး ကျတဲ့ ညပေါ့…။ အရက်သမားက သူ့အပေါင်းအသင်းတွေနဲ့ သူ့အခန်းထဲမှာ ၀ိုင်းဖွဲ့ ပြီးသောက်နေတယ်…။ အိမ်ပေါ်က အော်သံကြားလို့ အခန်းပြင်ထွက်ကြည့်လိုက်တော့ အိမ်က အရှေ့ဘက်ကို တော်တော်စောင်းနေပြီ…။ အဲဒါနဲ့ အိမ်အပြင်ပြေးထွက်ပြီး အိမ်အပေါ်ထပ်က ပြူတင်းပေါက် ကို နီးရာ ၀ါးလုံးနဲ့ လှမ်းထောက်ထားလိုက်ရတယ်…။ မရသေးဘူး…။ ဂိုဒေါင်ဆောက် ဖို့ ပုံထားတဲ့ အထဲက သစ်သားချောင်းရှည်တာပြေးရှာ ၀ါးလုံးနေရာမှာထောက်…။ အရက်သမားအပေါင်းအသင်းတွေက ညာသံပေး ၀ိုင်းပြီး အိမ်ကို တည့်မတ်ပေးလိုက်တာ…..။ အားလွန်သွားတယ်နဲ့ တူရဲ့ အနောက်ဘက်ကို နဲနဲ ပြန်ပါသွားတယ်…။ အဲဒိတော့ အနောက်ဘက်ကနေ သစ်သားချောင်းတစ်ချောင်း ထပ် ကျားကန် သိပ်ကို လှနေတာပေါ့……။ လူနေလို့ရနေသေးတော့ အရက်သမား လုပ်ပေး ထားတဲ့ အတိုင်းပဲ ထားလိုက်တော့တယ်…။ ပြင် ဖို့ ဘယ်သူမှ စကားထဲ ထည့် မပြောကြတော့ဘူး…။
နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010