ခပ်ငယ်ငယ်  ကလေးတွေ  တခုခု  အလိုမကျရင်    နှပ်တွဲလွဲကျတဲ.အထိ

ခြေစုံဆောင်.ပြီး  ငိုပွဲဆင်တတ် တာတွေ.ဘူးတယ် မဟုတ်လား  အဲဒီအခါ

မိဘတွေက ရီစရာတွေနဲ.ချော.မြူရင်  ခလေးကငိုရင်းမတ်တတ်က ရီပြန်ရော

အဲ.လိုခလေးတွေကို  ငိုရီငိုရီ  လို.စတတ်ကြတယ်လေ  ကိုငြိမ်းလူကျတော.တမျိုး

ကြီးမှဖြစ်တာ……..

တနေ.ပေါ.  အချိန်အတိကျပြောရရင်  ၈၈   အရေးခင်း  ကာလကြီးထဲ မှာ

ကိုငြိမ်းလူတို. သူငယ်ချင်း၃ယောက် မြေနီကုန်း  ဗားဂရာလမ်း  ရွှေမန်းရုပ်ရှင်ရုံ

ဘေးကပ်ရက် ခြံကဖွင်.တဲ. ဇွန် ကဖေး ထဲမှာ အတွေ.အကြုံတွေ ရှင်းလင်းရေး

လုပ်နေတုံး ပြုန်းဆို ပြည်လမ်းမီးပွိုင်.ကနေ ဗာဂရာလမ်းဘက်ကို စစ်တပ်တပ်စိတ်တခု

သေနတ်တွေအသင်.အနေအထားနဲ. ချီတက်လာပါရော အဲဒီမှာ ဆိုင်ရှင်က တခါးကို

အသာပိတ်တော. ကိုငြိမ်းလူ တို.လဲအထဲမှာ ပိတ်မိနေပါရော ဒါနဲ.ကြောက်ကြောက်နဲ.ဘဲ

တခါးကြားကချောင်းကြည်.နေမိတယ်

တဖေါက်ဖေါက် သေနတ်သံ တွေကြားထဲမှာ ပြေးသူကပြေး လဲသူကလဲ နဲ. မြင်ကွင်းက

မကောင်းပါဘူး   ဖြစ်ချင်တော. အဲဒီတပ်စိတ်က တခါးပိတ်ထားတဲ.ဆိုင်ရှေ.တဲ.တဲ.

ကတ္တရာလမ်းမှာရပ်သွားတယ် ဆိုင်ထဲကလူတွေ လဲ ငြိမ်ပြီး စားပွဲ တွေအောက်မှာ ပုန်းလို.

အသံတချက်မထွက်ကြဘူး တိတ်ဆိတ် လို. အဲဒီမှာ တပ်စိတ်ရှေ.ကရှေ.ပြေး စစ်သားက

နောက်ကဗိုလ်ဆီကိုပြေးလာပြီး သတင်းပို.သံကို အတိုင်းသားကြားလိုက်ရတယ်

ဗိုလ်ကြီးခင်ဗျား ရှေ.မှာ လမ်းပိတ်ထားတယ် အင်အား၄၀လောက်ရှိ မယ်

ဘာလက်နက်တွေပါလာလဲလို.မေးသံလဲကြားရတယ်  အဲဒီမှာ ရှေ.ကင်းသမားက

အမြောက်ကြီးတလက်ပါလာတယ် လို.ပြောသံလဲကြားရော ကိုငြိမ်းလူလဲ မနေနိင်တော.ဘူး

ခေါင်းထောင်ပြီးချောင်းလိုက်မိတယ် စိတ်ထဲမှာလဲ စမ်းချောင်းကလူတွေ ဘယ်ကနေ

အမြောက်ကြီး မ  လာလဲပေါ. ဟုတ်တယ်ဗျာ ကျွန်းတောလမ်းဘက်ကနေ လူအုပ်ကြီး

ကတဖြေးဖြေးနဲ.တက်လာတာ အဲဒါနဲ.ရှေ.ပြေးစစ်သားလေးပြောတဲ.အမြောက်ဆိုတာကို

လဲကြည်.မိလိုက်ရော ကြောက်နေတာရောပုန်းနေတာရောမေ.ပြီး  ခွီး ကနဲရီလိုက်မိတော.

တယ် မရီဘဲခံနိင်မလား ကျွန်းတောလမ်းကလူတွေက ကားတာယာတပ်ထားတဲ.တွန်းလှည်း

ကြီးပေါ်မှာ ဘီဒိုအဟောင်းတလုံးကိုတင်ပြီးကျည်ကာလုပ်လာတာကိုရှေ.ပြေးစစ်သားက

မူးမူးနဲ.အမြောက်ထင်သွားတာကိုး….

အဲဒီနေ.ကဆိုင်ရှင်နဲ.တကွဆိုင်ထဲမှာပုန်းနေတဲ.လူတွေရဲ. ဒေါသနဲ.ကြိမ်းမောင်းတာ

ငြိမ်းလူတော်တော်ခံလိုက်ရတယ်ဗျာ……..

 

 

နောက်တခါပေါ.အတိကျပြောရရင် ၈၉ နှစ်ကုန်ပိုင်းလောက်မှာ ငြိမ်းလူနဲ.သူငယ်ချင်းတယောက်

စလုံးက DBS ဘဏ်ထဲမှာ အကောင်.အသစ်ဖွင်.ဘို.တန်းစီနေကြရော ငြိမ်းလူကရှေ.က

သူငယ်ချင်းကနောက်က တန်းစီ နေတုန်း ကိုအလှည်.မေ၇ာက်သေးတော.ဟိုကြည်.ဒီကြည်.နဲ.ပေါ.

အဲဒီမှာဘာသတိထားမိလဲဆိုတော. ကိုငြိမ်းလူရှေ.ကတန်းစီနေတဲ. စလုံးတရုပ်လေးက ဂဏာမငြိမ်နဲ.

ဆေးကြောင်နေသလိုမျိုး ဆိုတော.သတိထားပြီးကြည်.နေမိတယ် ကြည်.နေတုန်းဘဲ အဲဒီတရုပ်က

ရုတ်တရက်ထခုန်လိုက်တော. ငြိမ်းလူလဲ  ဒီတရုပ်ဘာတွေ.လို.လန်.ခုန်တာလဲလို.နောက်ကို

လှည်.ကြည်.မိလိုက်တယ်  အဲဒီမှာ ငြိမ်းလူရဲ.ပါးဘေးနားကနေ ၀ှီးကနဲအသံနဲ. တရုပ်ရဲ.လက်သီးဟာ

ဖြတ်သွားပြီး ငြိမ်းလူရဲ.နောက်မှာရပ်နေတဲ. သူငယ်ချင်းရဲ.မျက်နှာနဲ.မိတ်ဆက်သွားပါလေရော

ရုတ်တရက်ဆိုတော.သူငယ်ချင်းလဲဘာမှမတတ်နိင်ဘဲ ဖင်ထိုင်ရက်လဲကျသွားရော ဖြစ်ချင်တော.

တန်းစီတဲ.ဘေးမှာကာထားတဲ.ကြိုးတန်းအရှင်နဲ.ခြေထောက်နဲငြိပြီးပြန်ထလိုက်လဲကျလိုက်နဲ.

သူဖြစ်နေတာကိုကြည်.ပြီးဘယ်လိုမှ မနေနိင်တော.ဘဲ ခွီး ကနဲ ရီလိုက်မိတော.တယ်

အမှန်ကအဲဒီစလုံးတရုပ်က ခုန်ပြီးနောက်ပြန်လှည်.ပြီးငြိမ်းလူကိုထိုးလိုက်တာ ဖြစ်ချင်တော.

ကိုကလဲဘာဖြစ်တာလဲဆိုပြီးနောက်ကိုလှည်.ကြည်.မိ.တော အရှောင်ကောင်းဖြစ်ပြီး

နောက် က သူငယ်ချင်း ခမျာ ခံလိုက်ရတာ ..

နောက်ဆုံးတော.   စလုံးတရုပ်ကိုလဲ လုံခြုံရေးကဆွဲသွားပါလေရော ………

ငြိမ်းလူရဲ.သူငယ်ချင်းကလဲ  သူအထိုးခံရတာတောင် ၀ိုင်းပြန်မလုပ်ဘဲ ရီမိတဲ.ငြိမ်းလူကို

သေခန်းဖြတ်သွားပါလေရောဗျာ………

About ထာဝရ

ထာဝရ has written 27 post in this Website..

It's your choice how you live your life. It's all about altitude

   Send article as PDF