အဟမ်း……အဟမ်း……အခုအလှည့်ကျလို့တင်ဆက်….အမြင်ကပ်ရမှာကတော့ဖြင့်…ကျနော် တို့ ရန်ကုန်ဆိုတရွာစွန်ရွာဖျားကို

ရောက်နေလေတဲ့…တောသားကြီး ကျူးငယ်  ဖြစ်သဗျ….(တေသံတော့ပါရသပေါ့လေ)…အဲ…တောသားကြီးဆိုပေမယ့်….သဘောထားကြီးမယ်

မထင်နဲ့နော်….သူများက ၁ လုံးပြောရ င် သူက ၂လုံးကျောချင်တဲ့ဆန္ဒသကိုး….(စကား ကိုပြောပါတယ်…)..ဒါနဲ့ ရန်ကုန်ဆိုတဲ့

ရွာရောက်သပေါ့……အဲ မြင် မြင်သမျှ တေကအဆန်းတွေဗျ……တဲတွေများမိုးထိလို့…(အဟိ)…အော်

ရွာသူတွေများ..အဝတ်ရှားသပေါ့နော်…..ငါတို့ပုသိမ်မြို့မှာလိုမြို့ကြီးမှာဖြင့်..ပေါပုံများ..(ဘေဘေစတိုးဆိုလား)…လမ်းမထက်တောင်

ချရောင်းတယ်နော့….ကဲစကားကဆက်ရပြန်ပေါ့..အဝတ်များရှားတယ်ထင့်…ပင်နီငယ်ဖျင်တစ်ပိုင်းရယ်…စလွယ်သိုင်းသလားမှတ်ရတယ်…တောသူမအ

ကိတ်ကြီးအကိတ်လေးတို့ရယ်….အော်…တိုတိုအဲ လေ ကိုကို တို့ ကလည်း…ဂေါသပနော်…စကားပြောရင်  ဂျွတ်(စ်)တယ် ဂျွတ်(စ်)တယ်

ကပါးစပ်က မချဘူး…..ငါးကျော်ကိုက်သလားမှတ်ရတယ်…….အဲ ခပ်မြင့်မြင့်တဲ

တစ်လုံးရှေ့ရောက်ခဲ့သဗျ…….နာမကတော့..ယုဇနဆိုလားဘာလား..လဘက်နာမည်

နဲ့တူသဗျ…အဟဲ..မရှိတဲ့ဆံပင်လည်းသပ်…..ကော်လံလေးလဲမတ်လို့ပေါ့ခပ်တည်တည်နဲ့ဝင်ချသွားတာ..ကြီးတော်ကြီးပြောတဲ့ ဒရယ်ကူလာလား

သမင်ကူလာလားတော့မသိ ဒရတ်ကူလာပါ ) သွေးစုပ်ဖုတ်ကောင်လားအဲ…. သွေးစုပ်ဖုတ်ကောင်ဆိုလို့ပြောရဦးမယ် …ကျွပ်တို့ခပ်ငယ်ငယ် ၁ရ /

၁၈ နှစ်တုန်းကပေါ့ ….ကောင်လေးတွေကောင်မလေးတွေကို သွေးစုပ်ကောင်တွေလို့ နောက်ရင် သွေးဖုတ်စုပ်ကောင် လို့ပြောင်းခေါ်တယ် …

ဟသတစ်ခုပေါ့….ခုနကစကားဆက်ရပါ့…အဲ အဲလိုကောင်မျိုးတွေထင်ပါ့ မျက်နှာချေတွေလိမ်းထားတာများ

ထုံးပက်ထားသလားများမှတ်ရတယ်နော့်..နောက် ထူးသလားဆိုတော့… ထူးသဗျဓါတ်ရင်ထဲကနိုင်ငံခြားသူလေးတွေကျနေတာပဲ…

မိန်းမမျက်မှန်ဆိုင် ( ဘော်ဘော်ဆိုင်) မှာလေ….အပေါက်ဝမှာရပ်နေတာ အကြာကြီးပဲ ကျုပ်လည်းမသင်္ကာလို့ ကိုင်ကြည့်တော့ ( လက်ကိုနော်

) အားပါးပါး ..ကော်ပတ်ရုပ်တွေဗျ… ဒါနဲ့ဆိုင်ရှင်မိန်းမကြီးက စောင်ပေပေနဲ့ သူ့အရုပ်ခိုးမှာကျနေတာပဲ ဟွန်း.ကျုပ်လည်းကျုပ်တူမလေးဆီမှာ

အဲ့လိုမျိုးအရုပ်အသေး နှစ်ခုများတောင်ရှိတယ်ဆိုတဲ့ အကြည့်နဲ့ မေးငေါ့ပြီးထွက်ခဲ့သတဲ့..>ဒါနဲ့ဗျာ အခန်းတစ်ခန်းရှေ့ရောက်တော့ လူတွေဗျ

စုစုပြုံပြုံနဲ့ ဓါတ်ရှင်မျက်နှာပြင်တစ်ယောက်တစ်လုံးရယ်နဲ့ ပြုံးစိပြုံးစိ ရယ်နေလိုက်တာများ…. အဲလေပြောလိုက်သေးတယ်

အင်တာနက်ဆိုလားအင်တာမဲဆိုလားပဲ …ရော်…ခက်လှပါချည့် ဓါတ်ရှင်ပေါ်မှာပေါ်တဲ့ရုပ်ကို စကားပြောနေတဲ့ သူကပြော( စိတ်မနှံ့ဘူးထင်ပါ့လေ

)အဲ ကျုပ်လဲဘယ်ရမလဲ အဲဒီအခန်းထဲဝင်စပ်စုတာပေါ့လေ… ကျုပ်ကလဲ ..တောစတိုင် အပေါ်ကရှပ်အကျင်္ ီ အောက်ကပင်နီပုဆိုးရယ်နဲ့

အော်စတားဆိုတော့ လူတွေကကွက်ကြည့်ကွက်ကြည့်ပေါ့နော် …ဒါနဲ့ “ ကဲမင်းတို့ဟာ ငါလဲလုပ်ချင်တယ် ” ပေါ့ပြောလိုက်တယ်(

အင်တာနက်သုံးမယ်ပေါ့လေသဘောက ) ကောင်လေးတစ်ယောက်က လာဖွင့်ပေးသဗျ အဟဲ ကျုပ်လည်းဒီတစ်ခေါက်ရန်ကုန်လာတုန်း

ဓါတ်ရှင်စက်နဲ့စကားပြောမပေါ့ စိတ်ထဲက မာန်ခဲလို့ ဟန်ပါပါထိုင်စောင့်ခဲ့တယ် ….ကဲ အဲဒီမှာစတာပဲ တစ်နာရီကြာလဲပေါ်မလာ (

ဓါတ်ရှင်ပေါ်ကလူပြောပါတယ် ) ။နှစ်နာရီကျော်လဲပေါ်မလာ ကျုပ်လဲဘယ်ရမလဲ သူများတွေတောင်ရတာငါလည်းရအောင်လုပ်မယ်ပေါ့ ဒါပေမယ့်

ဓါတ်ရှင်ပေါ်မှာပေါ်နေတဲ့ဟာကလဲ ဘာလုပ်လို့ရပါ့… နောက် အောက်ကဘုသီးကလဲ ဘယ်လိုထိရမလဲမသိ… တစ်ခါတစ်ခါ

အောက်ကဘုံးရှည်ရှည်တောင်ကန်မိသေးတယ်( ဟေးသွားမပြောနဲ့နော်..လူစုံတုန်းရှင်းပြတာ ) နောက်ကြွက်လိုလို

အမြီးရှည်ရှည်လေးနဲ့ဟာကလည်း ဘေးနားမှာဘယ်ဟာကိုဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်လေးကလာပြောသဗျ “ အကို

ငါးနာရီလောက်ရှိနေပြီ ဆက်သုံးအုံးမှာလား ဘာထိုင်လုပ်နေတာလဲ ” တဲ့ … “ အော်ကောင်လေးရေ ငါလဲဘာမှမလုပ်တတ်ပါဘူးကွာ

ဓါတ်ရှင်ပေါ်က ကောင်နဲ့ စကားပြောဖူးတယ်ရှိအောင်ပြောချင်လို့ပါကွာ ”… ကျုပ်ပြောတဲ့စကားကရှင်းရှင်းလေးပါနော်… ဒါပေမယ့်

ကောင်လေးကလည်း နားမလည် အဲဒီမှာရွာပတ်တာပဲ…..အဲဘာလိုလိုနဲ့ပဲကျုပ်လဲညရောက်မှအဲ့ဒီကနေပြန်ရတယ်….ပိုက်ဆံလဲရှင်းလိုက်ရတာ

စားစရိ်တ်လဲကုန် ပြန်စရိတ်လဲကုန်ဘယ်လိုမှလဲ ရှင်းပြမရ….ဪ ညပြန်တော့မာကြူရီမီးရောင်အောက်က ပိုင်စိုးသူ ူကို ရွှေပိုးပုရစ်

တွေနဲ့တိုးဝှေ့ကာလုအိပ်ရပါတော့သတဲ့………………….ဪ အင်တာနက်………အင်တာနက် …။ ။

About မောင်ရေချမ်း

မောင် ရေချမ်း has written 28 post in this Website..

စဉ်းစားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ (စ.ဆ.ဆ )