တောသားကြီးအင်တာနက် (၁ )
အဟမ်း……အဟမ်း……အခုအလှည့်ကျလို့တင်ဆက်….အမြင်ကပ်ရမှာကတော့ဖြင့်…ကျနော် တို့ ရန်ကုန်ဆိုတရွာစွန်ရွာဖျားကို
ရောက်နေလေတဲ့…တောသားကြီး ကျူးငယ် ဖြစ်သဗျ….(တေသံတော့ပါရသပေါ့လေ)…အဲ…တောသားကြီးဆိုပေမယ့်….သဘောထားကြီးမယ်
မထင်နဲ့နော်….သူများက ၁ လုံးပြောရ င် သူက ၂လုံးကျောချင်တဲ့ဆန္ဒသကိုး….(စကား ကိုပြောပါတယ်…)..ဒါနဲ့ ရန်ကုန်ဆိုတဲ့
ရွာရောက်သပေါ့……အဲ မြင် မြင်သမျှ တေကအဆန်းတွေဗျ……တဲတွေများမိုးထိလို့…(အဟိ)…အော်
ရွာသူတွေများ..အ၀တ်ရှားသပေါ့နော်…..ငါတို့ပုသိမ်မြို့မှာလိုမြို့ကြီးမှာဖြင့်..ပေါပုံများ..(ဘေဘေစတိုးဆိုလား)…လမ်းမထက်တောင်
ချရောင်းတယ်နော့….ကဲစကားကဆက်ရပြန်ပေါ့..အ၀တ်များရှားတယ်ထင့်…ပင်နီငယ်ဖျင်တစ်ပိုင်းရယ်…စလွယ်သိုင်းသလားမှတ်ရတယ်…တောသူမအ
ကိတ်ကြီးအကိတ်လေးတို့ရယ်….အော်…တိုတိုအဲ လေ ကိုကို တို့ ကလည်း…ဂေါသပနော်…စကားပြောရင် ဂျွတ်(စ်)တယ် ဂျွတ်(စ်)တယ်
ကပါးစပ်က မချဘူး…..ငါးကျော်ကိုက်သလားမှတ်ရတယ်…….အဲ ခပ်မြင့်မြင့်တဲ
တစ်လုံးရှေ့ရောက်ခဲ့သဗျ…….နာမကတော့..ယုဇနဆိုလားဘာလား..လဘက်နာမည်
နဲ့တူသဗျ…အဟဲ..မရှိတဲ့ဆံပင်လည်းသပ်…..ကော်လံလေးလဲမတ်လို့ပေါ့ခပ်တည်တည်နဲ့ဝင်ချသွားတာ..ကြီးတော်ကြီးပြောတဲ့ ဒရယ်ကူလာလား
သမင်ကူလာလားတော့မသိ ဒရတ်ကူလာပါ ) သွေးစုပ်ဖုတ်ကောင်လားအဲ…. သွေးစုပ်ဖုတ်ကောင်ဆိုလို့ပြောရဦးမယ် …ကျွပ်တို့ခပ်ငယ်ငယ် ၁၇ /
၁၈ နှစ်တုန်းကပေါ့ ….ကောင်လေးတွေကောင်မလေးတွေကို သွေးစုပ်ကောင်တွေလို့ နောက်ရင် သွေးဖုတ်စုပ်ကောင် လို့ပြောင်းခေါ်တယ် …
ဟသတစ်ခုပေါ့….ခုနကစကားဆက်ရပါ့…အဲ အဲလိုကောင်မျိုးတွေထင်ပါ့ မျက်နှာချေတွေလိမ်းထားတာများ
ထုံးပက်ထားသလားများမှတ်ရတယ်နော့်..နောက် ထူးသလားဆိုတော့… ထူးသဗျဓါတ်ရင်ထဲကနိုင်ငံခြားသူလေးတွေကျနေတာပဲ…
မိန်းမမျက်မှန်ဆိုင် ( ဘော်ဘော်ဆိုင်) မှာလေ….အပေါက်ဝမှာရပ်နေတာ အကြာကြီးပဲ ကျုပ်လည်းမသင်္ကာလို့ ကိုင်ကြည့်တော့ ( လက်ကိုနော်
) အားပါးပါး ..ကော်ပတ်ရုပ်တွေဗျ… ဒါနဲ့ဆိုင်ရှင်မိန်းမကြီးက စောင်ပေပေနဲ့ သူ့အရုပ်ခိုးမှာကျနေတာပဲ ဟွန်း.ကျုပ်လည်းကျုပ်တူမလေးဆီမှာ
အဲ့လိုမျိုးအရုပ်အသေး နှစ်ခုများတောင်ရှိတယ်ဆိုတဲ့ အကြည့်နဲ့ မေးငေါ့ပြီးထွက်ခဲ့သတဲ့..>ဒါနဲ့ဗျာ အခန်းတစ်ခန်းရှေ့ရောက်တော့ လူတွေဗျ
စုစုပြုံပြုံနဲ့ ဓါတ်ရှင်မျက်နှာပြင်တစ်ယောက်တစ်လုံးရယ်နဲ့ ပြုံးစိပြုံးစိ ရယ်နေလိုက်တာများ…. အဲလေပြောလိုက်သေးတယ်
အင်တာနက်ဆိုလားအင်တာမဲဆိုလားပဲ …ေ၇ာ်…ခက်လှပါချည့် ဓါတ်ရှင်ပေါ်မှာပေါ်တဲ့ရုပ်ကို စကားပြောနေတဲ့ သူကပြော( စိတ်မနှံ့ဘူးထင်ပါ့လေ
)အဲ ကျုပ်လဲဘယ်ရမလဲ အဲဒီအခန်းထဲဝင်စပ်စုတာပေါ့လေ… ကျုပ်ကလဲ ..တောစတိုင် အပေါ်ကရှပ်အင်္ကျီ အောက်ကပင်နီပုဆိုးရယ်နဲ့
အော်စတားဆိုတော့ လူတွေကကွက်ကြည့်ကွက်ကြည့်ပေါ့နော် …ဒါနဲ့ “ ကဲမင်းတို့ဟာ ငါလဲလုပ်ချင်တယ် ” ပေါ့ပြောလိုက်တယ်(
အင်တာနက်သုံးမယ်ပေါ့လေသဘောက ) ကောင်လေးတစ်ယောက်က လာဖွင့်ပေးသဗျ အဟဲ ကျုပ်လည်းဒီတစ်ခေါက်ရန်ကုန်လာတုန်း
ဓါတ်ရှင်စက်နဲ့စကားပြောမပေါ့ စိတ်ထဲက မာန်ခဲလို့ ဟန်ပါပါထိုင်စောင့်ခဲ့တယ် ….ကဲ အဲဒီမှာစတာပဲ တစ်နာရီကြာလဲပေါ်မလာ (
ဓါတ်ရှင်ပေါ်ကလူပြောပါတယ် ) ။နှစ်နာရီကျော်လဲပေါ်မလာ ကျုပ်လဲဘယ်ရမလဲ သူများတွေတောင်ရတာငါလည်းရအောင်လုပ်မယ်ပေါ့ ဒါပေမယ့်
ဓါတ်ရှင်ပေါ်မှာပေါ်နေတဲ့ဟာကလဲ ဘာလုပ်လို့ရပါ့… နောက် အောက်ကဘုသီးကလဲ ဘယ်လိုထိ၇မလဲမသိ… တစ်ခါတစ်ခါ
အောက်ကဘုံးရှည်ရှည်တောင်ကန်မိသေးတယ်( ဟေးသွားမပြောနဲ့နော်..လူစုံတုန်းရှင်းပြတာ ) နောက်ကြွက်လိုလို
အမြီးရှည်ရှည်လေးနဲ့ဟာကလည်း ဘေးနားမှာဘယ်ဟာကိုဘယ်လိုလုပ်၇မယ်ဆိုတာ ကောင်လေးကလာပြောသဗျ “ အကို
ငါးနာရီလောက်ရှိနေပြီ ဆက်သုံးအုံးမှာလား ဘာထိုင်လုပ်နေတာလဲ ” တဲ့ … “ အော်ကောင်လေးရေ ငါလဲဘာမှမလုပ်တတ်ပါဘူးကွာ
ဓါတ်ရှင်ပေါ်က ကောင်နဲ့ စကားပြောဖူးတယ်ရှိအောင်ပြောချင်လို့ပါကွာ ”… ကျုပ်ပြောတဲ့စကားကရှင်းရှင်းလေးပါနော်… ဒါပေမယ့်
ကောင်လေးကလည်း နားမလည် အဲဒီမှာရွာပတ်တာပဲ…..အဲဘာလိုလိုနဲ့ပဲကျုပ်လဲညရောက်မှအဲ့ဒီကနေပြန်ရတယ်….ပိုက်ဆံလဲရှင်းလိုက်ရတာ
စားစရိတ်လဲကုန် ပြန်စရိတ်လဲကုန်ဘယ်လိုမှလဲ ရှင်းပြမရ….သြော် ညပြန်တော့မာကြူရီမီးရောင်အောက်က ပိုင်စိုးသူကို ရွှေပိုးပုရစ်
တွေနဲ့တိုးဝှေ့ကာလုအိပ်ရပါတော့သတဲ့………………….သြော် အင်တာနက်………အင်တာနက် …။ ။
စာကောင်းရဲ့သားနဲ့ ဘာဖြစ်လို့များ ဖတ်လို့ အဆင်မပြေအောင် စာလုံးအရောင်ကို မှိန်တဲ့ အရောင်လုပ်ထားရတာတုန်း
နောက် အကြံပေးချင်တာကတော့ , မြန်မာစာကို လေးစားလို့ စာရေးနေတဲ့သူတစ်ယောက် က “အဲ့ ကပြန်လာ” မလုပ်ပါနဲဗျာ။
“အဲဒီက ပြန်လာ” လုပ်ပါ။
Was this answer helpful?
LikeDislikeဟုတ်ပ။စာကဖတ်ကောင်းရက် နဲ့  ကာလာကအဆင်မပြေဘူး။
Was this answer helpful?
LikeDislikeတကယ်ပါပဲဗျို့ စာဖတ်ရတာအဆင်မပြေလိုက်တာ…. မျက်မှန်သမားတွေကို ပါဝါတိုးအောင်လုပ်နေတာလား မသိဘူးနော်…..
Was this answer helpful?
LikeDislikeဟုတ်ပါတယ် ကိုလင်းဝေကျော်ပြောသလိုပါပဲ မြန်မာစာကို လေးစားလို့ စာရေးနေတဲ့သူတစ်ယောက် က “အဲ့ ကပြန်လာ” မလုပ်ပါနဲ။“အဲဒီက ပြန်လာ” လုပ်ပါ။ စာကတော့ဖတ်လို့ကောင်းပါတယ်။ အပြစ်တင်တာမဟုတ်ဘူးနော်။ညီမလေးကအကြံပေးတာပါ။စိတ်မဆိုးနဲ့နော်။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ အခုလို အကြံပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…ကျတော့ကိုလည်း ဝေဖန်သွန်သင်ပြသပေးကြပါ။
Was this answer helpful?
LikeDislikeအရောင်ကြောင့်တော့ မျက်စိပျက်ပါပီဗျာ…..။
Was this answer helpful?
LikeDislikeကျတော် တောင်းပန်ပါတယ်ခင်ဗျာ…
Was this answer helpful?
LikeDislikeမျက်စေ့မွဲအောင်လုပ်ပြီးကာမှ တောင်းပန်နေလို့ရမလား လာခဲ့….။ မောင်မင်းကို ကောင်းကောင်း အပေးပြစ်ရမယ်………..

Was this answer helpful?
LikeDislikeဆရာနေဝန်းနီ တော့ဒေါပွနေပီ။ရရာ နဲ့ ပေါက်မှာစိုးရတယ်။စာလုံးအရောင်လေးပြင်ပေးရင်တော့ ဖတ်ရတာမကြိမ်းတော့ဘူးပေါ့။ရေးတတ်ကြလိုက်တာ။
Was this answer helpful?
LikeDislikeဝိုး….သရဲပို့စ်လို့ခေါ်ရမယ်။ ၂နှစ်နီးပါးရှိမှ စင်ပေါ်ပြန်တက်လာလို့။ ပေါ့သေးသေးတော့ မဟုတ်ဘူးဗျို့၊ ဆရာကြီးအဆင့်မှာရှိတယ်။ ဘာကြောင့်များ ဆက်မရေးတော့တာပါလိမ့်။ စာလုံးအရောင်ကတော့ ရွာသားတွေပြောတဲ့အတိုင်းပါပဲ။ စဖတ်ဖတ်ခြင်း ဖတ်သူအရေအတွက် ၁၀၄၅ယောက်ဆိုတော့ ရက်စွဲကလည်း စက်တင်ဘာဖြစ်နေလို့ ရွာကောင်တာတော့ မှားပြီမှတ်တာ၊ ဘယ့်နှယ်ဟုတ်မလဲ သေရွာပြန်ပို့ဖြစ်နေတာကိုး…။ ဆက်ရေးပါအုံးဗျာ…တောသားမြို့တက်ပြီး မော်ဒယ်ရှိုးပွဲ သွားကြည့်တဲ့ အကြောင်းလေးဘာလေး။
Was this answer helpful?
LikeDislikeဟုတ်ပါ့…သေရွာပြန်မပေါ့..ကွန်လေး ဘာလေးနဲ့မ၀င်ဖြစ်တာကြာပတော့ ၂ နှစ်တောင်ကြာပကော…အဟဲ…မျက်စိလည် လမ်းမှန်လို့ ပြန်လာတော့ ကြိုဆိုမယ် ထင်ပါ့….
Was this answer helpful?
LikeDislikeတောသားတွေအဲဒီလောက်မ အ တော.ဘူးထင်တယ်နော်။
ဖတ်လို.တော်တော်ကောင်းပါတယ်။
Was this answer helpful?
LikeDislikeကာလာအရောင်က ခုထိပြန်မချိန်းသေးဘူးထင်ပါတယ်။ ပြန်ချိန်းလိုက်ပါဦးနော်။ မနောက မျက်မှန်သမားမို့ ပေ့ကိုဖွင့်လိုက်တာ အရောင်တွေ ပြန်ထွက်လာပြီး မျက်စိကို အမြန်မှိတ်လိုက်ရတယ် သေချာတောင် မဖတ်ရသေးဘူး။
Was this answer helpful?
LikeDislikeကျတော် ကာလာချိန်ပြီး ပါပြီခင်ဗျ…ဝေဖန်ပေးကြပါဦးနော်..
Was this answer helpful?
LikeDislikeအရောင် က ပြန်ချိန်းဆိုတော့ အနော်လည်း မချိန်းတတ်သဗျ…ဘယ်လို လုပ်ရမလဲ မသိ။ ပို့စ်ပဲ ပြန်တင်ရမလား… ဤမှမဟုတ် နည်းလေးများ ပြသပေးမလား မသိဘူး…(အဟဲ….ထားနဲ့ကျွန်တော် မေးသလို ပို့တင်ပေးရမလား နည်း” ပြမလား ပေါ့
jut 4 kidding )
Was this answer helpful?
LikeDislikeနည်းကတော့ တွေ့ပြီဂျ…လုပ်လို့တော့မရသေးဘူး.. :S
Was this answer helpful?
LikeDislikeကြိုးစားပီးဖတ်လိုက်ပါတယ်။ စာလုံးပေါင်းလေး ဂရုစိုက်ပါဗျို့။ အားပေးနေတယ်နော်။
Was this answer helpful?
LikeDislike