စေတနာနဲ့ပါ....


ကေသရာဇာ
ခြင်္သေ့မင်းဆိုပြီး
အထင်ကြီးမိတာ
လက်တွေ့မှာတော့
သနားစရာ
အမှားကြီးမှားခဲ့ပေါ့၊ :cry:
အစောတုန်းကတော့
အပြောမိုးလောက်ကြီး
တတောလုံးကို
ပြောင်းပြန်
လှန်ပစ်မတဲ့
ယုံခဲ့မိပါတယ် 
ထစ်ချုန်းမိုးလို
ဟိန်းလိုက်ဟောက်လိုက်နဲ့
ရွာတော့လည်း
တပေါက်နှစ်ပေါက်
ဒါတောင်
ပူနောင်ချပ်ခြိမ်း
လွန်ဆွဲပွဲကယ်လို့ :cool:
အစဉ်အလာဆိုတာ
တရားသေ
ဖက်တွယ်စရာ
မဟုတ်ပေမဲ့
မူကိုလေးစားမှ
လူရာဝင်မယ် :neutral:
အမြန်ရထားတစင်း
ဘူတာဝင်ခါနီး
အရှိန်လျော့ပေးတာ
နားလည်နိုင်ပေမဲ့
တဘီးချင်းနေလှိမ့်ဖို့
မလိုဘူး :roll:
စကားပုံဆိုရိုးအတိုင်း
လဖက်ကောင်း
စားချင်လို့
ပလောင်တောင်တက်
နှေးခဲ့ရတာ
နားလည်ပါတယ် :eek:
တောတောင်ထူထပ်
အလီလီကျော်ဖြတ်
အရွက်ဆွတ်ခါနီးမှ
အပြန်ခရီးဝေးတယ်
လက်တဆုပ်စာပဲယူမယ်
ဆိုရင်တော့
အပြောင်းအလဲ
မြန်လွန်းပါတယ် ချစ်သူရယ်…။ :wink:

အဆိုအတီးမရ…ခိုညီးသလိုကပါတဲ့….အပျိုဂျီးမမ….အားနာဒယ် သို့….. :lol:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF