တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
အခြေအနေမျိုးကို ငါချည်းပဲ
ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ….
စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
အဆိုးဆုံး အခက်အခဲတွေ့ရင်
လေဆန်တောင် ပြန်သွားသေးတာဘဲ
ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ….

လူဆိုတာ
ဒုက္ခကို ခံနိုင်တဲ့ သတ္တ၀ါတစ်မျိုးပါ
သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး
ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး
ဒါပေမဲ့….
သူများက ဘ၀ကို တွယ်တာပြီး
ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ်
ငါလည်း ကျော်လွှားနိုင်ရမယ်……………..

တစ်ခါတလေ စိတ်ထဲဖြစ်ပေါ်လာတာတွေကို ချရေးမိတာပါပဲ။

manawphyulay

About manawphyulay

manawphyu lay has written 943 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။

   Send article as PDF