မင်္ဂလာပါ သပ္ပူရိသ စာချစ်သူ စာဖတ်သူ အပေါင်းတို့ ။
ဒီကနေ့ ည မှာ ကန်ကြမယ့် အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပွဲစဉ်များအကြောင်း ကို ရေးပြချင်ပါတယ် ။
ဖိုက်တာများအတွက် ၊ ကျွန်တော် လေ့လာ သတိပြုမိတဲ့ အချက်တစ်ခု ကို ပြောပြချင်တာကတော့ ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ဝက်ကျော်ကနေ ၊ ဒီနှစ် အခု ပြီးခဲ့တဲ့ ပွဲစဉ်တွေ အထိ ၊ တနင်္လာနေ့ မှာ ကန်တဲ့ ပွဲများဟာ အထက်အောင်ခဲ့တာ များတယ် ဆိုတာပါဘဲ ။ ဂိုးပေါင်း လည်း အထက်အောင်တာ များခဲ့ပါတယ် ။
သည်နေ့ ည ပွဲများထဲ မှ ၊ အကျိုးမြတ် ရရှိစေနိုင်မည့် ပွဲများကို အကောင်းဆုံး ရွေးခြယ်လိုက်ပါသည် ။
ပွဲစဉ်များနဲ့ အချိန်များကတော့
၇း၃၀ ချဲဆီး – ဖူဟမ်
၉း၃၀ လီဗာပူး – ဘလက်ဘန်း
။ မန်ယူ – ဝီဂန်
။ ဝက်ဘရွန်း – မန်စီးတီး
။ ဘော်တန် – နယူးကာဆယ်
။ ဆန်းဒါးလန်း – အဲဗာတန်
၂း၁၅ စတုတ် – အက်စတွန်ဗီလာ
*********************
ချဲဆီး (၄) – ဖူဟမ် (၁၃)
ချဲဆီး အသင်းဟာ ပရီးမီးယားလိဂ် ၁၇ပွဲကန်အပြီးမှာ ၁၀နိုင် ၊ ၃သရေ ၊ ၄ရှုံး ၊ ရဂိုး၃၅ ပေးဂိုး၂၀ ၊ ၃၃မှတ်
ဖူဟမ် အသင်းဟာ ပရီးမီးယားလိဂ် ၁၇ပွဲကန်အပြီးမှာ ၄နိုင် ၊ ၆သရေ ၊ ၇ရှုံး ၊ ရဂိုး၁၈ ပေးဂိုး၂၃ ၊ ၁၈မှတ်
ချဲဆီး အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ နိုင် ၊ နိုင် ၊ နိုင်
ဖူဟမ် အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ ရှုံး ၊ နိုင် ၊ သရေ ၊ ရှုံး ၊ နိုင်
ချဲဆီး အိမ်ကွင်းတွင် ဖူဟမ် နှင့် တွေ့ ဆုံခဲ့မှုများမှာ
၂၁.၉.၂၀၁၁ ချဲဆီး ၀-၀ ဖူဟမ် (ကာလင်း)
၁၀.၁၁.၂၀၁၀ ချဲဆီး ၁-၀ ဖူဟမ်
၂၈.၁၂.၂၀၀၉ ချဲဆီး ၂-၁ ဖူဟမ်
ဈေးအနေအထား ဖွင့်လှစ်မှုအရ ချဲဆီး ၂ဂိုးသွင်းလျှင် ၃/၄ ခန့် အမြတ်ရမည် ဖြစ်သည် ။
ချဲဆီး နှစ်ပွဲဆက်တိုက် သရေကျထားသဖြင့် နိုင်ပွဲရအောင် ရှာတော့မည် မှာ မလွဲ ။
ဖူဟမ် ပြီးခဲ့သည့် ပွဲတွင် မန်ချက် ကို ဂိုးပြတ် ရှုံးနိမ့်ထားသဖြင့် ယခုပွဲကို ရလဒ်ကောင်းအောင် ကစားမည် မှာလည်း သေချာသည် ။
သို့ သော် လူအင်အားချင်းယှဉ်လျှင် ကွာခြားလွန်းလှသည် ။
ယခုပွဲကို
“““ ချဲဆီး ၂-၀ ဖူဟမ် ””” ဟု ခန့် မှန်းထားပါသည်။
*********************
ချန်ပီယံ ခြေစွမ်းဆက်တိုက်ပြန်ရနေသော မန်ယူ ဂိုးမိုးရွာတာ ကို မြင်ကြရမယ်
မန်ယူ (၂) – ဝီဂန် (၁၈)
မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် ၁၇ပွဲကန်အပြီးမှာ ၁၃နိုင် ၊ ၃သရေ ၊ ၁ရှုံး ၊ ရဂိုး၄၂ ပေးဂိုး၁၄ ၊ ၄၂မှတ်
ဝီဂန် အသင်းဟာ ပရီးမီးယားလိဂ် ၁၇ပွဲကန်အပြီးမှာ ၃နိုင် ၊ ၅သရေ ၊ ၉ရှုံး ၊ ရဂိုး၁၅ ပေးဂိုး၃၀ ၊ ၁၄မှတ်
မန်ယူ အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင်
ဝီဂန် အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ သရေ ၊ သရေ ၊ နိုင် ၊ ရှုံး ၊ နိုင်
မန်ယူ အိမ်ကွင်းတွင် ဝီဂန် နှင့် တွေ့ ဆုံခဲ့မှုများမှာ
၂၀.၁၁.၂၀၁၀ မန်ယူ ၂-၀ ဝီဂန်
၃၀.၁၂.၂၀၀၉ မန်ယူ ၅-၀ ဝီဂန်
ဈေးအနေအထားအရ မန်ယူ ၂ဂိုးသွင်းလျှင် ၁/၄ ဆုံးရှုံးမည် ဖြစ်သည် ။
ချန်ပီယံလိဂ်ကနေ ထွက်ခွါလာရပြီ ဖြစ်တဲ့ မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် မှာ ပွဲတိုင်း အနိုင် ကစားရင်း အဆင့်(၁) နေရာက မန်စီးတီး ခြေအချော် ကို စောင့်နေပါတယ် ။
မန်ယူ ဝီဂန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး၎ပွဲမှာ ၄ပွဲလုံး အနည်းဆုံး ၂ဂိုးအပြတ်နဲ့ နိုင်ခဲ့ပါတယ် ။
ရွန်းနီ ဂိုးပေါက်ပြန်တွေ့ ပြီး ပွဲတိုင်းလို ဂိုးသွင်းနိုင်တာကလဲ မန်ယူ ကို ရွေးခြယ်သင့်တဲ့ အချက်ပါ ။
ဝီဂန်အတွက် ဘယ်လို သက်သာနိုင်မလဲ ဆိုတာ အဖြေရှာလို့ မရ ။
ပြီးခဲ့သော ပွဲတွင် လီဗာပူး နှင့် ၀-၀ သရေကစားပြထားသည် ။ အဲဒီရှေ့ ပွဲမှာ ချဲဆီး ကို ၁-၁ သရေ ကစားခဲ့သည် ။
သည်ပွဲမှာတော့ ဝီဂန် လက်လျှော့ချိန်တန်ပြီ ။
ယခုပွဲကို
“““ မန်ယူ ၃-၀ ဝီဂန် ””” ဟု ခန့် မှန်းထားပါသည်။
*********************
ချန်ပီယံဖြစ်ဖို့ ပွဲတိုင်း အနိုင်ကစားနေတဲ့ မန်စီးတီး ပါ
ဝက်ဘရွန်း (၁၀) – မန်စီးတီး (၁)
ဝက်ဘရွန်း အသင်းဟာ ပရီးမီးယားလိဂ်၁၇ပွဲကန်အပြီးမှာ ၆နိုင် ၊ ၃သရေ ၊ ၈ရှုံး ၊ ရဂိုး၁၉ ပေးဂိုး၂၆ ၊ ၂၁မှတ်
မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်၁၇ပွဲကန်အပြီးမှာ ၁၄နိုင် ၊ ၂သရေ ၊ ၁ရှုံး ၊ ရဂိုး၅၃ ပေးဂိုး၁၅ ၊ ၄၄မှတ်
ဝက်ဘရွန်း အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး
မန်စီးတီး အသင်း ယခုပွဲမတိုင်ခင် ကန်ခဲ့သောငါးပွဲရလဒ်များမှာ နိုင် ၊ နိုင် ၊ ရှုံး ၊ နိုင် ၊ နိုင်
ဝက်ဘရွန်း အိမ်ကွင်းတွင် မန်စီးတီးနှင့် တွေ့ ဆုံခဲ့မှုများမှာ
၇.၉.၂၀၁၀ ဝက်ဘရွန်း ၀-၂ မန်စီးတီး
၂၂.၉.၂၀၁၀ ဝက်ဘရွန်း ၂-၁ မန်စီးတီး ( ကာလင်းဖလား )
၂၁.၁၂.၂၀၀၈ ဝက်ဘရွန်း ၂-၁ မန်စီးတီး
ဈေးအနေအထား အရ မန်စီးတီး တစ်ဂိုးဆိုလျှင် ခပ်ပါးပါး ဆုံးရှုံးမည် ဖြစ်သည် ။
ပြီးခဲ့သော နှစ် ဝက်ဘရွန်း ကို ၂-၀ ဖြင့် နိုင်ခဲ့စဉ် က နှစ်ဂိုးစလုံး ကို ဘလော့တယ်လီ သွင်းခဲ့ခြင်း ဖြစ်သည် ။
ယခုနှစ် ရာသီတွင် ဝက်ဘရွန်းသည် အိမ်ကွင်းထက် အဝေးကွင်းတွင် အနိုင်ရ ခြေစွမ်းပိုပြနိုင် သည် ကို တွေ့ ရသည် ။
ဝက်ဘရွန်း အသင်း ယခုရာသီ ၆ပွဲနိုင်ခဲ့ရာ ၊ ၄ ပွဲမှာ အဝေးကွင်းတွင် အနိုင်ရခဲ့ခြင်းဖြစ်သည် ။
ယခုပွဲစဉ်အတွက် နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ ဒဏ်ရာ ကင်းစင်နေသည် ။
ယခုနှစ် မန်စီးတီး အသင်း ကစားခဲ့သည့် အနိုင်ရလဒ်များကို အသာထားပြီး ၊ လူစာရင်းချင်း ယှဉ်ကြည့်လျှင်ပင် ဝက်ဘရွန်းဘက် ကို ရွေးခြယ်ချင်စိတ်မရှိ ။
ယခုပွဲကို
“““ ဝက်ဘရွန်း ၁-၃ မန်စီးတီး ””” ဟု ခန့် မှန်းထားပါသည်။
*********************
အကောင်းဆုံး ပွဲစဉ်များကို ထပ်မံတွေ့ ရှိပါက ကွန်မင့်ဖြင့် ထပ်မံ ရေးပါမည် ။
——- ဖိုက်တာအားလုံး နှစ်ကူးအချိန်ကာလ မှာ အောင်မြင်ရွှင်လန်းကြပါစေ ——-

About မောင် ပေ

မောင် ပေ has written 396 post in this Website..